Subscribe to our RSS Feed

အမျိုးသားသစ္စာဖောက်များနှင့် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု

From : .https://www.facebook.com/photo.php?fbid=625764724164124&set=a.373854472688485.82239.373828456024420&type=1&relevant_count=1

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုဆိုတာသိပ္ပံပညာရှင် အဲလ်ဖရက်နိုဗယ်လ် (Alfred Nobel)က ဒိုင်းနမိုက်ကို တီထွင်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ပြီး ကမ္ဘာကြီးကို အကျိုးဖြစ်ထွန်းအောင် ပြန်လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၀၁ ခုနှစ်မှာ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံအချင်းချင်း အကြား ချစ်ကြည်ရင်းနှီးမှုတွေ ရရှိအောင်လုပ်ဆောင်ဖို့၊ စစ်ရေးတိုက်ခိုက်မှုတွေ လျော့ပါး သွားအောင် လုပ်ဆောင်ဖို့ အကောင်းဆုံးနဲ့ အထူးခြားဆုံးဆောင်ရွက်နိုင်တဲ့လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်း အဖွဲ့တွေကို နှစ်စဉ်နှစ်တိုင်း ပေးအပ် ချီးမြှင့်နေတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရဲ့ မူရင်း ရည်ရွယ်ချက်အမှန်ဟာ အလွန်ပဲ တန်ဖိုးရှိပြီး မွန်မြတ်မှန်ကန်လှပါတယ်။

ဒီလိုမျိုး တန်ဖိုးထားစရာကောင်းလှတဲ့ နိုဗယ်လ်ဆုကို အခုနောက်ပိုင်းမှာ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုပေး အပ်ခံရတဲ့သူတွေကို ပြန်ကြည် လိုက်ရင် သူတို့နိုင်ငံတွေရဲ့ အစိုးရတွေအပေါ် မှာ သစ္စာဖောက်နေတဲ့အမျိုး သားသစ္စာဖောက် တွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်သူ တွေကို အများဆုံးပေးနေတာတွေ့ရပါတယ်။ အခုလဲ အမေရိကန်သား အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden)ကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆုပေးဖို့ ဆွီဒင် အူမီယာတက္ကသိုလ် (UmeaUniversity)က လူမှုဗေဒပါမောက္ခ စတီဖန်စဗလ်ဖော်စ်က နော်ဝေပါလီမန်အဖွဲ့ (Norwegian parliament)ကို ထောက်ခံ တင်သွင်းထားပါတယ်။

တကယ်တော့ စနိုဒင်ဟာ အမေရိကန်နိုင်ငံသားဖြစ်ရက်နဲ့ အမေရိကန်နိုင်ငံရဲ့ အတွင်းရေးတွေကို အခြားနိုင်ငံတွေကသိအောင် ဖွင့်ဟလိုက်တာဟာ သူ့နိုင်ငံအပေါ်မှာ သစ္စာဖောက်လိုက်တာပါပဲ။ နိုဗယ်လ်ဆု ရွေးချယ်ရေးအဖွဲ့ဟာ ဒီလိုမျိုးအမျိုးသားသစ္စာဖောက်တွေကိုလိုက်လံရွေးချယ်ပြီးနိုဗယ်ဆုပေးနေတဲ့အတွက် နိုဗယ်လ်ဆုရဲ့ ဂုဏ်သိက္ခာ၊တန်ဖိုးတွေကျဆင်းနေခဲ့ပါတယ်။ ဆုရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းပေမယ့် ဆုရဲ့ ငွေကြေးတန်ဖိုးကတော့များပြားလွန်းလှတဲ့အတွက် နိုဗယ်ဆုရတဲ့သူတွေဟာသူ့တို့ရဲ့တစ်သက်တာမှာ ဘာမှ မလုပ်ဘဲ စားမကုန်နိုင်တဲ့ ငွေကြေးတွေကို ပိုင်ဆိုင်သွားခဲ့ကြပါတယ်။

ဆိုဗီယက်ပြည်ထောင်စုသမ္မတဂေါ်ဘာဂျော့ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုပေးလိုက်လို့ ဆိုဗီယက်ကြီး ပြိုကွဲသွားပြီး ဒီကနေ့အထိ ဆူပူအကြမ်းဖက်မှုတွေ ဆိုးရွားစွာဖြစ်နေပါတယ်။ ဒါဟာအထင်ရှားဆုံး သမိုင်း မှတ်တမ်းတစ်ခုပါပဲ။ နောက်တရုတ်အစိုးရကိုဆန့်ကျင်တိုက်နေတဲ့ဘုန်းတော်ကြီးဒလိုင်းလားမားကို နိုဗယ်ဆု ပေးလိုက်တယ်။ နောက်မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ်မှာ တိုင်းပြည် ဖယိုဖရဲနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တယ်။ အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ခုနှစ်မှာငြိမ်းချမ်းရေး နိုဗယ်လ်ဆုပေးလိုက်တယ်။ လွတ်လပ် ရေးရပြီးကထဲက ပေါ်ပေါက်လာခဲ့တဲ့ပြည်တွင်းသောင်းကျန်းမှုတွေ ခုချိန်ထိမချုပ်ငြိမ်းသေးဘူး။

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတွေဟာကမ္ဘာမှာရှိတဲ့အတိုက်အခံတွေကိုရွေးချယ်ပေးနေတာမို့ငြိမ်းချမ်းရေး အတွက်တကယ်ထိရောက်မှုမရှိသေးပါဘူး။ကမ္ဘာ မှာ လေးစားဖွယ်ကောင်းတာဆိုလို့တောင်အာဖရိက က နယ်လ်ဆင်မန်ဒဲလားတစ်ဦးပဲ ထင်ထင်ရှားရှားရှိပါသေးတယ်။ ပါကစ္စတန်နိုင်ငံသူမာလာလာဆိုရင်လည်း သူတို့ နိုင်ငံမှာသူဟာ သာမန်မိန်းကလေးတစ်ယောက်ပါပဲ။၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ တာလီဘန်တွေက သေနတ်နဲ့ပစ်ခဲ့ရာမှာမသေ ဘဲကျန်ရစ်ခဲ့တဲ့အတွက် နာမည်ကြီးသွားခဲ့ပါတယ်။ သူ့နိုင်ငံ အတွက်သူ့ရဲ့လုပ်ဆောင်မှုဘာမှမရှိပေမယ့်သူ့ကိုနာမည်ကြီးအောင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအတွက် တင်သွင်းခြင်းခံခဲ့ရပါတယ်။ မနှစ်ကနိုဗယ်လ်ဆုအတွက် ပေးခဲ့တဲ့ ဓာတုဖျက်သိမ်းရေးအဖွဲ့ဆိုတာလဲ ခုချိန်ထိသူတို့ဖျက်သိမ်းလိုက်တဲ့ဓာတုလက်နက်ရယ်လို့ထင်ထင်ရှားရှားမပြနိုင်သေးပါဘူး။

အဲလ်ဖရက်နိုဗယ်လ် ဖြစ်စေချင်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး၊စစ်ပွဲတွေကင်းမဲ့တဲ့ကမ္ဘာကြီးဖြစ်စေဖို့ သူက ရည်ရွယ်ပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ထားခဲ့တာဖြစ်ပေမယ့် ဆုရွေးချယ်ရေးအဖွဲ့ဟာ နိုင်ငံတိုင်းမှာရှိကြ တဲ့ ဆူပူလှုပ်ရှားသူတွေ၊ အကြမ်းဖက်သူတွေ၊ အစိုးရကိုအတိုက်အခံလုပ်သူတွေ၊ အမျိုးသား သစ္စာဖောက် လုပ်နေသူတွေကိုသာ ရွေးချယ်ပေးအပ်နေတာမို့ ကမ္ဘာကြီးမှာ အသေခံဗုံးခွဲမှုတွေ၊ စစ်ပွဲတွေ၊ဆူပူမှုတွေနဲ့ ပြည့်နေပါတယ်။တကယ်တော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆိုတာ ကမ္ဘာကြီးကို ဆူဆူပူပူဖြစ်အောင်ပေးနေသလား လို့တောင် မေးခွန်းထုတ်စရာဖြစ်နေကြောင်း တင်ပြလိုက်ပါတယ်။

ဒေါက်တာဥာဏ်အောင်(USA)

4 comments:

Right, absolutely right! This Nobel Prize is being awarded by Nobel Committee in Norway. In Norway, there are many German descendants but most of these people are being discriminated by Norway Government till today,21st century since after the Second World War. Somebody will overestimate this Nobel Prize but I never because I know about this matter. This matter is like this that a dirty gang are raping the innocent women by taking cover behind the Nobel Prize Curtain.

အမေစု နိုဗယ်ဆုပြန်အပ်ပြီး မြန်မာပြည်အကျိုး လုပ်ပါတော့။

မှန်တယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်