Subscribe to our RSS Feed

အချိုကြိုက်တဲ့ ဒေါ်လာစား


ဒေါ်လာစားတို့ အမြှောက်ကြိုက်ချက်ကတော့ လွန်ပါတယ်။ မဟုတ်မှန်းသိရက်နဲ့ ကိုယ့်ဆီဘောက်စ်မှာ ဟုတ်ပါတယ်၊ မှန်ပါတယ်၊ အရမ်းကောင်းပါတယ် ဆို ပြီး လာပြောသွားလို့ကတော့ သွား ၃၂ ချောင်းပေါ်အောင်ဖြီးပြီး နောက်က လိုက်ပြီး ပြန်ပြောတာပဲ။ မချေမငံတော့ သွားမပြောနဲ့ နောက်တစ်ကြိမ် စီဘောက်စ်မှာ ရေးလို့ရ ကံကောင်း။ သူတို့အချင်းချင်းတော့ ရှေ့က လူက ဟေး ဆို နောက်က လူ က ဟား နဲ့ ညီနေတာပဲ။ စီဘောက်စ်တွေ၊ ကွန်းမန့်တွေကိုကြည့်အုံးမလား။ သူတို့အချင်းချင်းတွေချည်းပဲ။ ဒါကို အဟုတ်ကြီးမှတ်နေကြတာ။ နွားခြေရာခွက်လေးထဲမှာ ကူးခပ်ရင်း ဘဝကြီးကို သာယာလှပြီထင်နေပုံပဲ။

အချိုကြိုက်တာ၊ အမြှောက်ကြိုက်တာတော့ လူတိုင်းပါပဲ။ အထူးသဖြင့် ဒီမိုကရေစီကို မြတ်နိုးတယ်ဆိုတဲ့လူတွေ၊ လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားတယ်ဆိုတဲ့လူတွေက ပိုပြီး ချိုကြိုက်၊ အမြှောက်ကြိုက်နေတာတော့ အင်မတန် စိတ်ပျက်ဖို့ကောင်းပါတယ်။

ထုံးစံအတိုင်း မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင် နေကြတာတွေကို ဒီနေ့ထိ တွေ့နေရတာ ပိုပြီး စိတ်ပျက်ဖို့ကောင်းတယ်။

ဒေါ်လာစား အတိုက်အခံ ဘလော့တွေကို ကျနော် ရောက်ဖြစ်ပါတယ်။ ပျင်းတဲ့အချိန်တွေမှာ တကယ်သွားသင့်တဲ့နေရာတွေပါ။ တစ်ချို့ရေးထားတာတွေက အူတက်အောင် ရယ်ရပါတယ်။ ကာတွန်းဖတ်ရတာ၊ ဟာသကားကြည့်ရတာထက် ပိုပြီးရယ်ရပါတယ်။ ဒါကြောင့်ပါ။ အချိန်ပေးဖတ်ပြီး ဖတ်ရကျိုးနပ်မယ့် စာတော့ တစ်ခုမှမရှိပါဘူး။ ဒေါ်လာစား ဘလော့တွေမှာ ရှိသမျှ စာအားလုံးက တခြားဆီက ကူးထားတာတွေချည်းပါပဲ။ တခြားမှာ ဖတ်ရင် ရပါတယ်။ တခြားမှာမရှိပဲ အဲ့ဒီမှာပဲ ရှိတာဆိုရင်တော့ မှတ်လောက်သားလောက် ဘာတစ်ခုမှ မရှိဘူးဆိုတာ နှစ်ခု သုံးခု လောက်ဖတ်ရုံနဲ့ သိနိုင်ပါတယ်။

ဒီမိုကရေစီမြတ်နိုးတယ်လို့ ပြောပြီး၊ စီဘောက်စ်နဲ့ ကွန်းမန့်တွေကိုတောင် လွတ်လပ်ခွင့် မရှိတာကို မရှက်မကြောက်တမ်း ယနေ့ထိ လုပ်နေကြတုန်းပါပဲ။ ခုလို ဟိုဖက်ဒီဖက် အတိုက်အခံရေးတဲ့ ဘလော့တွေမှာ cbox မှာ ကောင်းချီးတွေ ပေးထားတာတွေပဲ ရှိတယ်ဆိုတာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ ဒေါ်လာစားတို့ အသက်အရွယ်၊ ထမင်းစားတဲ့ ဦးနောက်နဲ့ စဉ်းစားကြည့်ပါ။ နိုင်ငံရေးနဲ့ ပက်သက်တဲ့ blog တိုင်းက ကိုယ့်အမြင်နဲ့ ကိုရေးကြတာချည်းပဲ။ အဲ့လိုပဲ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ကိုယ့် blog မှာ ကိုယ့်အမြင်ကို လွတ်လပ်စွာရေးခွင့်ရှိသလို သူများတွေရဲ့ အမြင်ကိုလည်း လွတ်လပ်စွာ ရေးခွင့်၊ ဝေဖန်ခွင့်ပြုရမယ်။ စီဘောက်စ်တွေ၊ ကွန်းမန့်တွေမှာ ကောင်းကြောင်းတွေချည်းပြောထားတာ။ ဟုတ်လားမဟုတ်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြပါတယ်။ ဘာကြောင့် သာယာနေကြတာလဲ ဒေါ်လာစားတို့။

ဆဲရေးတိုင်းထွာမှုတွေ၊ မိုက်ရိုင်းမှုတွေနဲ့ သူများနာမည်နဲ့ လိုက်ရေးတာတွေကို ဘယ်သူတွေ အများဆုံးလုပ်နေလဲဆိုတာကို သိချင်ရင် တခြား မကြည့်ပါနဲ့ http://kyeesaytaman.blogspot.com/ နဲ့ http://padaukmyay.blogspot.com/ blog နှစ်ခုကိုပဲ ကြည့်ပါ။

ကျနော် တစ်ကြိမ်တစ်ခါမှမဆဲဖူးဘူး။ ရိုင်းစိုင်းတဲ့ အသုံးအနှုံးလဲ မသုံးဖူးပါဘူး။ ဒါပေမယ့် blog ပိုင်ရှင်တွေ မကြိုက်တဲ့ အမှန်တရားကိုတော့ ပြောတယ်။ အဲ့တော့ ဘန်းခံရတယ်။ ကျနော့်ကို ဘန်းတဲ့ blog တွ၊ block တဲ့ နေရာအားလုံးက ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေကို သေအောင်မြတ်နိုးပါတဲ့ဆိုတဲ့လူတွေးချည်းဗျ။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ ကျနော် စိတ်ဝင်စားလို့ မှတ်ထားပါတယ်။

Your comment has been saved and will be visible after blog owner approval ဆိုတဲ့ ဒေါ်လာစားများကတော့

http://www.demowaiyan.co.cc/

http://peacock-land.blogspot.com/

http://photayokeking.net/

http://justfreeman.blogspot.com/

http://flyingpeacock.blogspot.com/

http://www.yeyintnge.com/

http://komoethee.blogspot.com/

http://www.datacarrier.info/

http://canadamyanmar.blogspot.com/

http://www.zarnimyomayt.co.cc/

http://thadar.blogspot.com/

http://whoiswhoinburma.blogspot.com/ .. တို့ပါပဲ။ ဘာအတွက် ခံထားလဲတော့ စဉ်းစားလို့ကို မရပါဘူး။ လိုအပ်လို့လား ??


Comments on this blog are restricted to team members ဆိုတဲ့ ဒေါ်လာစားတို့ကတော့

http://myatlayngon.blogspot.com/

http://malaria88.blogspot.com/ .. တို့ပါ။ ကိုယ့်လူတွေပဲ ရေးဆိုပါတော့။


comment ပေးလို့မရတဲ့ ဒေါ်လာစားတွေက

http://deyea.blogspot.com/

http://www.revolution8888.co.cc/

http://www.myochitmyanmar.org/home

http://www.niknayman-niknayman.co.cc/

http://www.wanna23.com/

http://khinmamamyo.blogspot.com/

http://moemyintaung.blogspot.com/

http://zinaye.blogspot.com/ .. တို့ပါပဲ။ အကြောင်းအရာတစ်ခုကို ရေးပြီးရင် အောက်မှာ comment ဆိုတာ ရှိသင့်ပါတယ်။ ငါပြောတာ မှားမှားမှန်မှန် ဘာမှပြန်မပြောနဲ့ဆိုတာကို ဒီမိုကရေစီ ဆိုတဲ့လူတွေက သဘောကျနေပုံပဲ။


ကျနော် cbox ရေးလို့မရ တဲ့ နေရာတွေက

http://www.myochitmyanmar.org/home

http://myatlayngon.blogspot.com/

http://www.niknayman-niknayman.co.cc/

http://drlunswe.blogspot.com/

http://malaria88.blogspot.com/

http://arzarni.blogspot.com/

http://justfreeman.blogspot.com/

http://www.yeyintnge.com/

http://8888newgenerations.blogspot.com/

http://nge-naing.blogspot.com/

http://ko-htike.blogspot.com/

http://thadar.blogspot.com/

http://masumon.blogspot.com/

http://moemyintaung.blogspot.com/

http://cozan.blogspot.com/

http://chaylanthit.blogspot.com/

http://chittemanawmyae.blogspot.com/

http://gingyi.blogspot.com/

http://udpmyanmar.blogspot.com/ .. တကယ့်ကို အံ့အားသင့်စရာပါပဲဗျာ။ သူတို့ စီဘောက်စ်တွေကိုကြည့်လိုက်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အရမ်းကောင်းပါတဲ့နဲ့ အဓိပ္ပါယ်တူတဲ့ စကားတွေပြည့်နေတာပဲ။ အော်.. ဒါလား.. ဒီမိုကရေစီ။

http://www.irrawaddy.org/bur/ (IP ကို block ထားပါတယ်တဲ့)... ဆိုးပါတယ်ဗျာ။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဘလော့တွေမှာ စီဘောက်စ် ဆိုတာ ထားသင့်တယ်။ စီဘောက်စ်ထဲမှာ ကိုယ့်ကို အကောင်းပြောတာတွေရော၊ အဆိုးပြောတာတွေရော ရှိသင့်တယ်။ ရှိကိုရှိရမယ်။ ကျနော့်ကို အားလုံးက လက်မခံဘူး။ ဒေါ်လာစားတို့ကိုလည်း အားလုံးက လက်မခံဘူး။ ဘယ်လောက် အဓိပ္ပါယ်ရှိလဲ။ ဒီတော့ အချိုတွေပဲ ကြိုက်မနေပါနဲ့ဗျာ။ အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားပါ။ ရှက်တတ်ကြပါ။ စာရင်းထဲမှာ မပါတဲ့လူတွေကလည်း အချင်းချင်း ဝိုင်းပြောကြပါအုံး။ ဝိုင်းထိမ်းကြပါအုံး။



Myanmar Express

5 comments:

ပြောတော့ ပြောခဲ့အုံးမယ် အပြောနဲ့အလုပ်နဲ့ ညီအောင် လုပ်ရတဲ့ကွ မင်းတို့လို စစ်တပ်က အထောက်အပံ့ယူပြီး အလကားနေအလကား ထိုင်နေရတဲ့ ကောင်တွေ မဟုတ်တော့ ဒေါ်လာရဖို့ အလုပ်တော့ လုပ်ရမှာပဲ .. ထားပါ ပြောချင်တာက တခြားပါ ...
စီဘောက်စ်ဆိုတာ မင်းဘလော့မှာ မမြင်မိပါလား ဟေ့ကောင်ရ ... မင်းကျတော့ ဘာလို့ စီဘောက်စ်မထားသလဲ ... ဟားဟားဟား ထင်ပါတယ် .. မင်းလဲ သန်းရွှေ လီးစုပ်နေတဲ့ ကောင်ပဲ နေမှာပါ

း)
ဘာလို့အဲ့လောက် ဒေါသကြီးနေရတာလဲ ဒေါ်လာစား အတိုက်အခံ သူရဲကောင်းကြီးရယ်။

ကျွန်တော် ဘယ်သူလဲ၊ ဘယ်မှာနေလဲ ဆိုတာ အရင်စုံစမ်းပါအုံး။ ဘယ်က စစ်တပ်က အထောက်အပံ့ယူရမှာတုန်း။

ဒီမိုတွေကို နာလပြိန်းတုံးတွေ လို့ ပြောလည်း ပြောစရာပဲ။ စီဘောက်စ် လို့ စာရေးထားမှ cbox သိတယ်ထင်တယ်။ သေချာကြည့်ပါအုံး။ ပညာအရည်အချင်းနဲ့ ချိန်ထိုးလိုက်ရင်တော့ ဒါကို အပြစ်ပြောလို့တော့မရပါဘူး။ နားလည်ပါတယ်။

ဒါပေမယ့် နားမလည်တာတစ်ခုက စာကားပြောရင် ဘာကြောင့် ယုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံး မပါပဲ မပြောတတ်တာလဲ ဆိုတာပဲ။

နိုင်ငံကို ကယ်တင်မယ့် ဒီမိုကရေစီ အတိုက်အခံ သူရဲကောင်းကြီးများရဲက ပါးစပ်ကအများဆူံထွက်တဲ့ မှတ်သားစရာကတော့ ခါးအောက်ပိုင်း က မတက်တဲ့ စကားလုံးတွေပဲ။

အရမ်းကို မှန်တဲ့ စကားပဲ အကိုဒေါ်လာရေ အဲကောင်တွေက အဲလိုတွေပဲ တတ်တာထင်တယ် ရိုင်းတဲ့စကားမှ မပါရင် သူတို့မပြောတတ်ဘူး အဲလိုကောင်တွေက နိုင်ငံကြီးကို ကောင်းစေချင်တယ်ဆိုတာတော့ နည်းနည်းစဉ်းစားရခက်တယ် ကိုယ့်နိုင်ငံကြီးသာတကယ်တိုးတက်မယ်ဆိုရင် ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် လက်ခံပေးဖို့အသင့်ပါပဲ သူများကျတော့ မကောင်းကြောင်းပြောပြီး ကိုယ်ကိုယ်တိုင်ကိုက ပိုက်ဆံရလို့ နိုင်ငံရေးလုပ်နေတဲ့သူတွေ အုပ်ချုပ်မယ်ဆိုရင်တော့ မဖြစ်သင့်ဘူးထင်တာပဲ

မှန်ပါ့ကိုဒေါ်လာရေ အဲဒီ့လူတွေဘလော့တွေ သူတို့အချင်းချင်းဘဲကွန်မန့်ပေး သူတို့အချင်းချင်းဟေး ဟား တိုက်လိုက် တော်လိုက်တာ မှန်လိုက်တာ အရမ်းကောင်းတာဘဲချည်းဘဲ

ဟီးဟီး ဟုတ်တယ်ဗျ ကျွန်တော်ဧရာဝတီဆိုဒ်မှာ DKBA ကဖမ်းထားတဲ့ ဗိုလ်ကြီးနဲ့တွေ့ဆုံဆွေးနွေးခန်းကို ကွန့်မန့်ပေးတာ တက်ကိုမလာတော့ဘူး အစကရေးလိုက်တာ အရမ်းရှည်လို့ နှစ်ခုခွဲပြီးကွန့်မန့်တာ တစ်ခုမှတက်မလာဘူး ဒုတိယ အပိုဒ်တော့ cut လုပ်ထားလို့ကျန်သေးတယ် ထည့်ပေးလိုက်ဦးမယ်
((ပြောရမယ်ဆိုရင် အများကြီးပါပဲ အဲဒီတော့ စဉ်းစားပါ ကိုယ့်လုပ်ရပ်က ဘာတွေကောင်းကျိုးဖြစ်ခဲ့လဲဆိုတာ
ငါတို့တွေကို အားပေးနေဖို့လဲမလိုပါဘူး တစ်ခုပါပဲ ပုံကြီးတော့မချဲ့ကြဖို့ပါပဲ
ခုဗီဒီယိုဖိုင်ကိုကြည့်နေရတာ ဘယ်လိုမှစိတ်မသက်သာဘူး အစကပြောခဲ့သလိုပဲ သံတမန်အနေနဲ့လာတဲ့သူကိုသတ်လို့လဲ မရပါဘူး ဖမ်းထားလို့လဲ မရပါဘူး အဲဒါစော်ကားတာပဲ စစ်တပ်မှာ တော်တဲ့သူတွေအများကြီးပါ DKBA ကိုသိမ်းချင်တယ်ဆိုရင် အများကြီးမခက်ခဲပါဘူး ကြားထဲမှာရှိတဲ့ ပြည်သူလူထုကိုသာအားနာလို့ ခုခောတ်ခါမှာ စစ်ကိုအတက်နိုင်ဆုံး မဖြစ်အောင် ရှောင်နေကြတာပါ ဒါကတော့ ကိုယ်တိုင်ကြုံတဲ့သူတွေပဲ ပိုနားလည်ကြလိမ့်မယ် ဗီဒီယိုဖိုင်ထဲမှာ အဖြေတစ်ခုတည်းကို မေးခွန်းအထပ်ထပ်မေးနေတယ် တစ်ကယ်ပဲ စေ့စပ်ညှိုနှိုင်းချင်ရင် လက်နတ်ကိုင်မနေပါနဲ့ လက်နတ်ကိုင်နေသရွေ့ကတော့ စေ့စပ်ညှို့နှိုင်းမှာမဟုတ်ပါဘူး ..)) ပထမ ပိုဒ်ကတော့ ပြန်စဉ်းစားလိုက်ဦးမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်