Subscribe to our RSS Feed

Captain America ဇာတ်ကားသစ် ပိုစတာများ စတင်ထုတ်ဖော်ပြသ

From : Planet Myanmar Network


ယခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ရုံတင်ရန် စီစဉ်ထားသည့် Captain America ဒုတိယဇာတ်ကား The Winter Soldierတွင် စကားလက်က Black Widowအဖြစ် တတိယအကြိမ်မြောက် သရုပ်ဆောင်မည် ဖြစ်သည်။

Captain America ဇာတ်ကားသစ်အတွက် ပိုစတာ ဓာတ်ပုံများကို စတင်ထုတ်ဖော် ပြသလိုက်ပြီဖြစ်ရာ မင်းသမီး စကားလက် ဂျိုဟန်ဆန်၏ Black Widow ဇာတ်ရုပ်သည် တစ်မျိုးတစ်ဘာသာ ထူးခြားလှပလာသည်ကို တွေ့ရသည်။ ယခုနှစ်၊ ဧပြီလ (၄)ရက်နေ့တွင် ရုံတင်ရန် စီစဉ်ထားသည့် Captain America ဒုတိယဇာတ်ကား The Winter Soldierတွင် စကားလက်က Black Widowအဖြစ် တတိယအကြိမ်မြောက် သရုပ်ဆောင်မည် ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ မင်းသမီး၏ ပုံရိပ်သည် Iron Man 2နှင့် Avengers ဇာတ်ကားများတွင် ပါဝင်ခဲ့သော Black Widow ပုံရိပ်များထက် ပိုမိုတည်ငြိမ် ကျက်သရေ ရှိလာပြီး ကိုယ်လုံးကိုယ်ပေါက်အားဖြင့်လည်း အတန်ငယ် ပိန်သွယ်သွားသည်ကို တွေ့ရသည်။ စကားလက်သည် Avengers 2: Age of Ultronတွင်လည်း ရုရှားသူလျှိုမယ် Black Widowအဖြစ် ဆက်လက် ပါဝင်ထားသေးသည်။ ယခုဇာတ်ကားတွင် ထူးခြားချက် တစ်ခုမှာ Black Widow၏ ပုံရိပ်ဖြစ်သော ဆံပင်နီနီများအစား ရွှေရောင်ဆံနွယ်များ ပြောင်းလဲနေခြင်း ဖြစ်သည်။ 

သူမဝတ်ဆင်သည့် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံသည်လည်း ဒီဇိုင်းပိုင်း အပြောင်းအလဲများ ပြုလုပ်ထားသည်ကို တွေ့ရသည်။ The Winter Soldierတွင် အဓိကဇာတ်ကောင် Captain America နေရာ၌ ပထမဇာတ်ကားမှ မင်းသား ခရစ်အီဗန်စ်ပင် ပါဝင်လာခဲ့သည်။ ထို့အပြင် Marvel ဇာတ်လမ်းတွဲများတွင် အထူးအရေးပါသည့် S.H.I.E.L.Dအဖွဲ့ ဒါရိုက်တာ နစ်ခ်ဖျူရီအဖြစ် ဆမ်မြူရယ်လ်ဂျက်ဆင်က နောက်ထပ်ဇာတ်ကားတစ်ခု ပူးပေါင်းပါဝင်ဖြစ်ခဲ့သည်။ ယခုပိုစတာနှင့် ပတ်သက်ပြီး အချို့ကလည်း Photoshop အလွန်အကျွံ သုံးစွဲကာ ဖန်တီးပြုပြင်ထားသဖြင့် စကားလက်၏ ရုပ်သွင်အမှန်ကိုပင် မမှတ်မိချင်လောက်အောင် ဖြစ်နေကြောင်း ဝေဖန်နေကြသည်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်