Subscribe to our RSS Feed

ဓမ္မနဲ့ အဓမ္မကြားမှာ '၀င်း-၀င်း' အဖြေရှိနိုင်သလား

၂၀၀၉ခုနှစ် အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အစည်းအဝေး မှန်သမျမှာ အလေးထားဆုံး ဆွေးနွေးပွဲခေါင်းစဉ် တစ်ခုကတော့ ကမ္ဘာကြီး ပူနွေးလာမှုကို တားဆီးဖို့ ကာဗွန်ဓာတ် ထုတ်လွှင့်မှု လျော့ချရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို နိုင်ငံတိုင်းက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရေး ဖြစ်တယ်။ထိပ်တန်းဦးစားပေးပြဿနာနှစ်စဉ်နှစ်တိုင်း အရေးကြီးဆုံး ပြဿနာများအဖြစ် သဘောထား ဆွေးနွေးခဲ့ကြတဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးပြဿနာ၊ ဆင်းရဲမွဲတေမှုနဲ့ အငတ်ဘေး ပပျောက်ရေးပြဿနာ၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးပြဿနာ စတဲ့ ခေါင်းစဉ်ဟောင်းများကို ကျော်လွန်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ...

ရေးချိန်တန်က ရေးရမှာပဲ

''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။ နောကြေပြီးသားပါ ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့...

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီလူတန်းစားတွေ

“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။ အပေါ်ယံမှာ ဝေ့ကာဝဲကာ...

ဒေါ်လာစား ဒီမိုကရေစီဘလော့တွေ မရှိလျှင် မသိနိုင်တဲ့ အချက်များ

၁။ ထူးထူခြားခြားခေါင်းစဉ်တစ်ခုကို ဒီပုံအတိုင်း ဒီစာအတိုင်း ကူးပြီး အချိန် မိနစ်အနည်းငယ်စီခြားတင်ကြခြင်း။၂။ နားစွန်နားဖျားကြားသော မတိကျမသေချာသော သတင်းတစ်ခုကို ခေါင်းစဉ်တစ်ကြောင်း၊ စာတစ်ကြောင်း တစ်၍ အချိန်မရွေး ပြန်ဖျက်လိုက်နိုင်ခြင်း။၃။ ခိုင်လုံတဲ့ အထောက်အထားမရှိသော်လည်း ရတဲ့သတင်းတိုင်းကို သူထက်ငါ ဦးအောင် အပြိုင်အဆိုင်တင်ကြခြင်း။၃။ သတင်းဌာနတွေ၊ သတင်းဆိုဒ်တွေက သတင်းတွေ၊ ဆောင်းပါးတွေကို မိမိဦးနောက်သုံး ဝေဖန်ချက်တွေ၊ ပြင်ဆင်ချက်တွေမရှိ မူလအတိုင်း နေ့စဉ် ကော်ပီကူးတင်ခြင်း။၎။ ဒေါ်လာစား ဘလော့ဂါအချင်းချင်း၊ အပြင် လက်ဘက်ရည်ဆိုင်မှာ အတူသောက် အတူစကားပြောပြီး၊...