Subscribe to our RSS Feed

မြန်မာအချင်ချင်း ခေါင်းပုံဖြတ်ခြင်းမှ ကင်းဝေးကြပါစေ (ပေးစာ - ၁၆)

ကျွန်မရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန်လေး တစ်ခု တင်ပြချင်ပါတယ်။ ဒီလို ဖြစ်ရပ်မှန်လေးနဲ့ အတူ ကျွန်မနည်းတူ နောက်ထက် တခြားသော သူများ ကျွန်မခံစားရသော အဖြစ်မျိုးမှ ကင်းဝေးစေဖို့ မျှော်လင့်ချက် တစ်ခုထည်းကိုသာ ရည်ရွယ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက် ထည်းကိုမှ ထိခိုက် နာကျင်စေလိုသော ရည်ရွယ်ချက်မျိုး မရှိပါကြောင်း အသိပေး လိုက်ရပါတယ်ရှင့်။ တစ်နည်း အားဖြင့် ဆိုရသော် မြန်မာနိုင်ငံ သားအချင်းချင်း ယခုကဲ့လို့ လှည့်ဖျားခြင်းမှလည်း ကင်းဝေး စေချင်တဲ့ အတွက်လည်း ဖြစ်ပါတယ်။

ကျွန်မက စင်္ကာပူ နိုင်ငံတွင် အလုပ်လုပ်ကိုင် နေသော အမျိုးသမိး တစ်ဦးဖြစ်ပါတယ်။ ကိုယ်တိုင် Passport သက်တမ်းတိုးဖို့ အချိန်မပေး နိုင်တဲ့ အတွက် အေးဂျင့်စီတစ်ခုထံမှာ ကျွန်မရဲ့ Passport သက်တမ်း တိုးဖို့ အတွက် စဉ်းစားမိပြီး ဆက်သွယ်ခဲ့ပါတယ်။ ပထမ အေးဂျင့်စီ ထံသို့ ကျွန်မ သွားရောက် တွေ့ဆုံ ခဲ့ပြီး လိုအပ်သည့် စာရွက်စာတမ်း၊ဓါတ်ပုံ အားလုံး ပေးခဲ့ပြီးအပြင် ကျွန်မရဲ့ Passport သက်တမ်း တိုးခြင်းအတွက် ဝန်ဆောင်ခ ကျသင့်ငွေ ကိုပါ ပြောဆို ခဲ့ပြီး ကျွန်မ အိမ်သို့ ပြန်ခဲ့တယ်။ Passport သက်တမ်းတိုး ပြီးလျှင် အကြောင်းပြန်မည် ဖြစ်သောကြောင့် ကျွန်မလည်း ငွေကြေး အားလုံး ပြောဆိုပြိး ဖြစ်တာကြောင့် စိတ်လက်အေးစွာပဲ နေမိသည်။

အေးဂျင့်စီ ထံမှ Passport သက်တမ်း တိုးခြင်း ကိစ္စ အဆင်ပြေ ပြီးမြောက်ပြီး ဖြစ်၍ လာယူလို့ ရပြီ ဆိုတဲ့ အကြောင်း ကျွန်မဆီသို့ အကြောင်းကြား သောကြောင့် ကျွန်မလည်း စာအုပ်ယူရန် အေးဂျင့်စီ ထံသို့ သွားရောက်တွေ့ဆုံ ခဲ့သည်။ တစ်ကယ်တမ်း သွားရောက် တွေ့ဆုံတဲ့ အခါမှာ ယခင်ပြောထားသော ဈေးနှုန်းထက် ပိုမိုတောင်း ခံသောကြောင့် ကျွန်မအနေနဲ့လည်း မပေးနိုင်ဟု အပြန်လှန် စကားပြော ဖြစ်ခဲ့ပြိး အေးဂျင့်စီဘက်မှလည်း ကျွန်မရဲ့ Passpot ထုတ်မပေး နိုင်ကြောင်း ပြန်လည် ပြောဆိုပြိး ကျွန်မရဲ့ Passport ကိုယနေ့ထိ ထုတ်ပေးခြင်း မရှိပါရှင့်။

ကျွန်မ သွားတောင်းတိုင်း ဈေးနှုန်း ကိစ္စသာ အကြိမ်ကြိမ် ပြောင်းလဲ တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ အမှန်တစ်ကယ်ဆို တိကျသော ဈေးနှုန်း၊ မှန်ကန်သော ဈေးနှုန်း ဖြင့်သာ တစ်သက်မှတ်တည်း တောင်းခံသင့်ပါတယ်။ အလုပ်မပြိးမြောက်ခင် ဈေးနှုန်းတစ်မျိုး အလုပ်ပြီးမြှောက် သောအခါ ဈေးနှုန်း တစ်မျိုး မပြောဆို သင့်ပါဘူးရှင်။ ကျွန်မတို့ မြန်မာ အချင်းချင်း မကူညီ မရိုင်းပင်ရင်တောင် အခုလို ခေါင်းပုံဖြတ်တာမျိုး မလုပ်သင့်ပါဘူး။

အခက်ခဲ အမျိုးမျိုးနဲ့ ကျွန်မတို့တွေ နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်နေကြရတဲ့ အထဲ ထိုသို့သော ပြသနာများနှင့် ရင်ဆိုင်နေရသော ကျွန်မလို သူမျိုး ဘယ်နှစ်ဦး ရှိမှန်း မသေချာ သလို ကျွန်မနဲ့ ထပ်တူ ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ကိုယ်ချင်းစားတရား ထား၍ ကျွန်မတို့ မြန်မာ လူမျိုး အချင်းချင်း ခေါင်းပုံဖြတ်ခြင်းမှ ကင်းဝေးကြပါစေလို့ ဆန္ဒပြုရင်း အေးဂျင့်စီရဲ့ လိပ်စာလေးမှ ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင့်။

ependent pass

12.5.2010 to 3.6.2011

111 North Bridge Road

Peninsular Plaza #05 -59

Singapore

(179098)

Kaung htet (ma nwe)

5 comments:

May be embassy changing the tax rate..

Why post those photo only? You should post others photo also..

နိုင်ငံတကာမှာ လူမိုက် ဖြစ်နေရတာကို မြန်မာ ဗိုလ်ချုပ်များ ရှက်ရွံ့

http://www.mizzimaburmese.com/special/burma-related-leaked-us-cables/6639-2010-12-23-13-37-10.html


အစိုးရသစ်နဲ့လူ.အခွင့်အရေး- နေပြည်တော်အစိုးရသစ် လူ.အခွင့်အရေးအတွက် ဘာတွေ လုပ်နေပြီလဲ ဂျနီဗာ ယူအန်အစည်းအဝေးတွင် ဆန်းစစ် ...

http://www.bbc.co.uk/burmese/includes/1024/screen/audio_console.shtml?programme=eve

ကဲပါ ဒေါ်လာစားကြီးတွေ ကို တခုလောက်အကြံပေးချင်ပါတယ်..ကိုယ့်ထမင်းကိုစားပီး ကျန်းမာအောင်နေကြပါ သူများတွေမကောင်းကြောင်းတွေလည်းပြောနိင်အောင် ကျန်းမာရေးလည်းဂရုစိုက်ကြပါ..ဘာဖြစ်လို့လဲဆိုတော့ နောက် ၇ှရှားကို နောက်အပတ်စဉ် တွေ တသုတ်ပီးတသုတ်ရောက်လာမှာဖြစ်ပါတယ် ..ကျောင်းတွေပီးလို့ ပြန်သွားတဲ့ သူတွေရဲ့အမှားတွေ မကျေနပ်ချက်တွေ စော်ကားမိတာတွေကို ခွင့်လွတ်နားလည်ပေးကြပါ..ဘာဖြစ်လို့လဲဆိုတော့ ပြန်သွားတဲ့သူတွေ က ခင်ဗျားတို့ကို လုံးဝသတိရမှာ မဟုတ်ကြပါဘူး သေချာပေါက်ပြောရရင် မြန်မာနိင်ငံကိုသူတို့ရောက်သွားရင်ခင်ဗျားတို့ကိုအိမ်မက်ထဲတောင်ထည့်မက်မှာမဟုတ်လောက်ပါဘူး..ခင်ဗျားတို့အတွက်ကောင်းတာတခုတော့ရှိပါတယ် ရှရှားကိုနောက်အပတ်စဉ်တွေများများရောက်လေ စီးပွားရေးအဆင်ပြေတာပေါ့ဗျာ ခင်ဗျားတို့အတွက်ကတော့ ဟုတ်ဘူးလားဗျား) ခင်ဗျားတို့ဒေါ်လာစားတွေတော်တော်မိုက်တယ်ဗျာ .ဒီပါးစပ်တစ်ပေါက်လေးနဲ့ကိုပဲ ကားစီးလိုက် အရက်သောက်လိုက် မူးလာရင် ဟိုဘလော့ဝင်ဆဲလိုက် ဒီဘလော့ဝင်ဆဲလိုက် နဲ့ အဆင်ကိုပြေနေတာပဲနော် ..ထပ်ပြီးတောင်းပန်ချင်တာကတော့ဗျာ ရှရှားကစစ်ဗိုလ်တွေကြောင့် စိတ်ဆင်းရဲရတာတွေ စိတ်ညစ်ရတာတွေ(တကယ့်မှမဟုတ်တာ သူတို့တွေ အဲလိုလေးတွေပြောတော့မှ ခင်ဗျားတို့အတွက် ပိုက်ဆံရတာ ဟုတ်ဘူးလားး) ) မဖြစ်ကြပါနဲ့ သူတို့တွေမြန်မာနိင်ငံပြန်ရောက်ရင် သေချာပေါက်ခင်ဗျားတို့ကို စိတ်ကူးထဲမှာတောင်ရှိမှာမဟုတ်ဘူး မယုံမရှိနဲ့ အဲဒါအမှန်ပဲနော် ယုံလိုက်ဗျာ(နဲနဲအသံကျယ်သွားတယ် အော်သလိုဖြစ်သွားရင်ဆော်ရီး)ထပ်ပြောမယ် သေချာပေါက်ခင်ဗျားတို့ကို လုံးဝ ရှိတယ်လို့ကိုမထင်ကြတော့ဘူး ..နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ခင်ဗျားတို့တွေ သူများမကောင်းကြောင်း သွားပုတ်လေလွင့် စကားတွေ များများပြောပီးတော့ စီးပွားရေးများအဆင်ပြေကြပါစေ ရသမျှဒေါ်လာများကိုလည်း (ခင်ဗျားတို့ကြည့်ရတာ လုမဲ့တန်းမဲ့ပုံလည်းမရှိလောက်ပါဘူး) ဝေစုတည့်စွာ ခွဲယူနိင်ကြပါစေ ...အမျှ..အမျှ...အမျှ....ပါဗျာာာာာာာာာာာာာ(သာဓုတော့မခေါ်တော့ပါဘူး ခင်ဗျာတို့ခေါ်ဖို့ စာချန်ထားခဲ့တာနော် )ကျယ်ကျယ်လေးတော့ဆိုပေးကြပါ..

နိုင်ငံခြားရောက်နေတဲ့မြန်မာအချင်းချင်းတွေအလုပ်ထဲရောက်တဲ့အခါ
မှာအရင်ရောက်နေတဲ့လူတွေကနောက်မှရောက်လာတဲ့လူတွေကိုမတရား
သဖြင့်အနိုင်ကျင့်ဗိုလ်ကျတာတွေခေါင်းပုံဖျက်လူလည်ကျတာတွေကတော့
အမှန်ပဲဗျ•••ကိုယ်တွေ့အများကြီးကြုံဘူးတယ်•••ကြာတော့ကိုယ့်ဗမာလူ
မျိုးတောင်ကိုယ်ရွံလာတယ်•••မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စတွေပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်