Subscribe to our RSS Feed

မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းအစည်းအရုံးအဖွဲ့ဝင်များသို့ (ပေးစာ - ၁၃)


မြန်မာ့အလင်းသတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများ စည်းအရုံး ၏ ထုတ်ပြန်ချက်ဆိုတဲ့ စာတစ်စောင်ဖတ်ရလို့ (PWVB) ကို စတင်ဖွဲ့စည်းစဉ်က ပါဝင်ဦးဆောင်ခဲ့တဲ့အဖွဲ့ဝင်တစ်ဦး အနေဖြင့် အခြားအဖွဲ့ဝင်များသိရှိစေရန် ထုတ်ပြန်ချက်ထပ်မံဖော်ပြလိုက်ပါတယ်။

အကြောင်းမသိသူတွေကတော့ မြန်မာနိုင်ငံမျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံးဆိုတဲ့နာမယ်ကြား ရပြီး အရမ်းကိုကြီးကျယ်ခိုင်မာတဲ့ အဖွဲ့ကြီးတစ်ခုလို့ထင်မိနေကြပါတယ်။ တကယ်တော့ လူ့အခွင့်အရေး အကြီး အကျယ်ချိုးဖောက်တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ကနေထွက်ပြေးလာတဲ့ တစ်ယောက်စ၊ နှစ်ယောက်စ ကြောင့် PWVB အဖွဲ့ဟာ ပြည်ပနိုင်ငံတွေမှာ နေလို့ကောင်းအောင်၊ ငွေတောင်းလို့ ကောင်းအောင် နာမယ်ကြီးကြီး တပ်ထားတဲ့ အဖွဲ့တစ်ခုဆိုပြီး အထင်သေးခံနေရတာပါ။ အမည်ခံဘဲရှိပြီး ဘာတစ်ခုမှ ဖြစ်မြောက်အောင် လုပ်ဆောင်တာမတွေ့ရသေးပါဘူးဆိုတဲ့ စစ်အစိုးရကနေ ဝါဒဖြန့်ဆောင်းပါးရေးတာတွေ့ရင် ပြန်လည်ချေပမယ်။ ဗမာစကားနဲ့ရိုင်းရိုင်းပြောရရင်တော့ “ဖင်ပိတ်ငြင်းမယ်” ဆိုတဲ့ လူတွေရှိနေလို့ PWVB အဖွဲ့နာမည်ပျက်နေရတာပါ။

PWVB မှာ အဖွဲ့ဝင်အဖြစ်ပါနေသူတွေဟာ တကယ်ပြောရရင် စစ်အစိုးရနဲ့ မကင်းရာမကင်းကြောင်း ဖြစ်ခဲ့ဘူးတဲ့သူတွေပါ။ အချင်းချင်းမညီညွတ်ဘဲ ငွေကြေးကိစ္စများ ပြဿနာဖြစ်ပြီး သတင်းပေးမှုတွေကြောင့် ပြည်တွင်းမှာရှိနေတဲ့ သတင်းထောက်တွေ၊ အဆက်အသွယ်တွေ တော်တော်များများ အဖမ်းခံနေရပါတယ်။ သွေးလှူဒါန်းမှု အကူအညီပေးနေတဲ့ ကိုနေမျိုးဇင် တို့အဖွဲ့ အဖမ်းခံရ တာဟာ အချင်းချင်းသတင်းပေးလို့ အဖမ်းခံ ရတာဖြစ်ကြောင်း ခိုင်လုံတဲ့နေပြည်တော်သတင်းများအရ သိရပါတယ်။ ငွေကြေးရှုပ်ထွေးမှုတွေ ဝိုင်းလည်နေတဲ့ PWVB အဖွဲ့အတွင်းမှာ ငွေကြေးထောက်ပံ့မှုရရှိဖို့ အတွက်ဆိုရင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ကြောင်း အတိအလင်းကြေညာရမယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးတွေ အသံကောင်း ဟစ်နိုင်ရမယ်ဆိုပြီး PWVB အဖွဲ့ခေါင်းဆောင် (ဥက္ကဌ)လို့ အမည်ခံပြီး လုပ်စားနေတဲ့ ဘက်ပြောင်းသူကြီးက ယူဆနေပါတယ်။

မသိသူတွေက အထင်ကြီးကောင်းကြီးနိုင်ပေမဲ့ အတွင်းသိ အစင်းသိတွေကတော့  ဥက္ကဌ၊ ဒုဥက္ကဌဆိုတဲ့ ရာထူးတပ်ထားသူတွေ ဘယ်လိုလှုပ်ရှားနေတယ်ဆိုတာ ထုတ်ဖော်နိုင်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုကို အရေခြုံပြီး ကိုယ့်အတွက်သာလုပ်နေတဲ့သူတွေဖြစ်လို့ ယုံကြည်စရာ မရှိပါဘူး။ ဟိုတလောက နျူးကလီးယားကိစ္စဝါဒဖြန့်ခဲ့တဲ့ စိုင်းသိန်းဝင်း လေတလုံးမိုးတလုံးနဲ့ အခုဘယ်ရောက်နေပြီလဲ။ ဘယ်နိုင်ငံကမှ နိုင်ငံရေးခိုလှုံခွင့်မပေးတော့ နောက်ဆုံး မှာ ဂရင်းကဒ်ရအောင်လုပ်ပြီး တတိယနိုင်ငံကို ကူးပြောင်းဖို့ နည်းလမ်းရှာနေရပါတယ်။

PWVB ကို စတင်ဖွဲ့စည်းခဲ့တဲ့သူတစ်ဦးအနေနဲ့ အကြံပြုခြင်တာက PWVB ဟာ မြေပြင်မှာ တကယ် မလှုပ်ရှားနိုင်သေးဘဲ Online မှာသာရှိတဲ့ အဖွဲ့ဖြစ်လို့ အများသဘောတူညီ လက်ခံနိုင်တဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေ ထုတ်စေချင်ပါတယ်။ တစ်ဦးတစ်ယောက်ထဲကနေ စိတ်ကြိုက် ဖန်တီးရေးသားပြီး မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများအစည်းအရုံး (PWVB) နာမယ်နဲ့ ငွေကြေးထောက်ပံ့မှုရအောင် လုပ်တာမျိုးမဖြစ်စေချင် ပါဘူး။ ဒါကြောင့်မို့ PWVB အဖွဲ့အနေနဲ့ ပီပီပြင်ပြင် ဆက်လှုပ်ရှားမယ်ဆိုရင် အဖွဲ့ဝင်အခြင်းခြင်း ငွေကြေးကိစ္စ အရှုပ်အရှင်းနဲ့ အပြန်အလှန်စွပ်စွဲခြင်း၊ Proposal ပြပြီး ငွေတောင်းခံခြင်းများ မလုပ်ကြပါရန် မေတ္တာရပ်ခံတယ်။

PWVB ရဲ့ ဘလော့မှာ http://pwvb.blogspot.com/ ဖြစ်သည်

မျိုးချစ်စစ်သည်ဟောင်းတစ်ဦး
ခေတ္တဘန်ကောက်
(+၆၆)၈၉၆၇၆၈၂၂၃

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်