Subscribe to our RSS Feed

မဟာပြင်ညာယှင်ကြီး အာဖျံကွီး စိုင်းသိန်းဝင်း ၏ တစ်ကိုယ်တော်အာပီဂျီ (RPG) စက်ရုံ ( ပေးစာ - ၁၇ )

တစ်နေ့သ၌ နုနယ်တက်ကြွလျက်ရှိသော ရှမ်းတိုင်းရင်းသား လူရွယ်တစ်ဦးသည် SSA အနေဖြင့် ရှုံးနိမ့်လျက်ရှိသော တိုက်ပွဲများတွင် အောင်ပွဲများ ရရှိစေရန်အလို့ငှာ အကူအညီတစ်စုံတစ်ရာ ရလိုရငြား အင်တာနက်ပေါ်သို့ တက်ရောက်၍ ဟိုဟိုဒီဒီကြည့်ရှုလေ၏။ ထိုအခိုက် facebook တည်းဟူသော ရပ်ကွက်ကြီး၏ ရေကန်တစ်ခုအတွင်းရှိ ကြာပင်အောက်တွင် တစ်ခုခုအားချောင်းနေသော အသွင်ရှိသည့် မှုန်ကုတ်သောရုပ်ရည်၊ မိန်းမလျာမျက်နှာပေးနှင့် အရက်ဖောဖောနေသော အတ္တဘောပိုင်ရှင် တစ်ဦးအား မတော်တဆတွေ့မိချေ၏။ လူရွယ်လည်း သိချင်စိတ်ကို မအောင့်အည်းနိုင်တော့သည်နှင့် . . . . .

လူရွယ် - ဗျို့ ! ! ! ဟိုလူကြီး ဘာချောင်းနေတုန်း ။

ရေကန်အတွင်းမှလူ - ပလုတ်တုတ် ! ! ! ကြာခိုဖို့။ အာာာ . . . . ဟုတ်ပါဘူး။ ကမ္ဘာကြီးက ပူလာပြီလေဗျာ အိုက်လွန်းလို့ ရေထဲဆင်းစိမ်နေတာပါ။

လူရွယ် - သြော် . . သြော် ။ ဟုတ်ပါပြီလေ။ ဒါနဲ့ ခင်ဗျားကိုကြည့်ရတာ ရှမ်းတိုင်းရင်းသားနဲ့ တူတယ်ဗျ။ နာမည်ဘယ်လိုခေါ်လဲ။ သိခွင့်ရှိမလားဗျာ။

ရေကန်အတွင်းမှလူ - ဘာာာာာာာ ကွ ! ! ! ! ! ငါလို ကမ္ဘာကျော်။ နိုင်ငံကျော် မဟာနျူကလီးယား ဒုံးကျည်ပညာယှိကြီး ဗိုလ်မူးစိုင်းသိန်းဝင်းလိုလူကို မသိရအောင် မင်းညံ့လှချည်လားကွ။

လူရွယ် - ဗိုလ်မှုးမဟုတ်ဘူးလားဗျ။ ဘယ်နှယ့် ဗိုလ်မူးဖြစ်ရတာတုန်း။

ဗိုလ်မူးငစိုင်း - အနေအစားချောင်မလားလို့ တပ်ကထွက်ပြေး။ နိုင်ဂံဂျားရောက်တော့ ဒေါ်လာလေးများ နင့်နင့်နဲနဲရမလားလို့ ရုပ်တည်ကြီးနဲ့ နျူကလီးယားတွေ မာလကီးယားတွေပြော၊ ဗုံးသီးတွေ အုန်းသီးတွေ လျှောက်ပြောတာကွာ။ အခြေအနေသိပ်မကောင်းပါဘူး။ ထောက်ပံ့ကြေးလေးမဖြစ်စလောက်နဲ့ ဟိုနေရာကပ်နေ ဒီနေရာကပ်နေ၊ ဟိုလူ့ဆီကပ်သောက် ဒီလူဆီကပ်သောက်နဲ့ အမြဲတမ်း မူးမူးနေလို့ အားလုံးက မူးနေတဲ့ ဗိုလ်ဟောင်း ဗိုလ်မူးငစိုင်း ဆိုပြီး နာမည်ပေးထားကြတာပဲ။

လူရွယ် - ဖြစ်ရမယ်။ ဘာပဲပြောပြောပေါ့ဗျာ။ ဗိုလ်မူးက ပြင်ညာယှိပဲ အခုကျွန်တော်တို့ ရှမ်းပြည်တပ်မတော်ကြီး အခြေအနေမကောင်းဘူးဖြစ်နေတယ်ဗျ။ ကူညီနိုင်တာရှိရင်ကူညီပါအုံး။

ဗိုလ်မူးငစိုင်းမှာ ရောက်ရှိနေသော နိုင်ငံ၏ဆိုးရွားသောရာသီဥတု၊ မဖြစ်စလောက်ရရှိနေသော ထောက်ပံ့ကြေးဖြင့် ဆင်းရဲနေမှု၊ မီဒီယာတွေက ၀ိုင်းဝန်းမြှောက်ပင့်ပြီး ရသမျှသတင်းတွေကို မေးမြန်းခဲ့သော်လည်း ရွှီးစရာဖောစရာများ တဖြည်းဖြည်းရှားပါးလာသဖြင့် အချိုအချောင်နှိုက်ရန် ဂွင်သစ်ရှာနေဆဲကာလတွင် အမေးခံလိုက်ရသဖြင့် . . . .

ဗိုလ်မူးငစိုင်း - ဟာ . . . . . အတော်ပဲ။ ဒီမှာ DVB ရဲ့ မယားငယ်လုပ်နေရတာအဆင်မပြေလို့ Green Card ရဖို့ ကြာခိုမယ်ကြံတုန်းလူမိသွားလို့ ကြံရာမရဖြစ်နေတာ။ ဂွင်သစ်တော့တွေ့ပြီ။

လူရွယ် - ခင်ဗျာ . . . .

ဗိုလ်မူးငစိုင်း - အာာာာ ယောင်ပြန်ပြီ။ ဘာမှ မဟုတ်ပါဘူးညီလေးရ။ အစ်ကိုတို့လူမျိုးအတွက် အစ်ကိုအစွမ်းကုန်ကူညီမယ်လို့ပြောတာပါ။ ဟဲ ဟဲ ဟဲ . . . .

လူရွယ် - လုပ်ပါဦးဗိုလ်မူးရယ်။ ကျွန်တော်တို့တွေ လက်နက်ကောင်းကောင်းနဲ့ပြန်ချမှ ဖြစ်တော့မယ်။

ဗိုလ်မူးငစိုင်း - အိန်းးးးး လက်နက်ကောင်းကောင်းလိုချင်တယ်ဆို ငါ့အနေနဲ့ ငှက်ပျောဖူးကို စဉ်းစားမိတယ်ကွ။

လူရွယ် - ငှက်ပျောဖူး ? ? ? ဖီးကြမ်းလား သီးမွှေးလား။ ဘာလုပ်ဖို့လဲဗျ။

ဗိုလ်မူးငစိုင်း - ရွှေငှက်ပျော။ သူက အလုံးတုတ်ပြီး ရှည်တယ်လေ။ ငါ့အကြိုက်ပဲကွ။

ကတောက် ! ! ! ! မနောက်နဲ့လေ ဒီမှာယောင်တတ်ပါတယ်ဆိုမှ။ အကောင်းပြောမလို့ကွ။

လူရွယ် - ဟုတ်ကဲ့ ။ ဟုတ်ကဲ့။ ပြောပါဗျာ။

ဗိုလ်မူးငစိုင်း - ဒီလိုကွ တို့တစ်တွေ စစ်တပ်ကို တစ်နေရာရာကနေချောင်းပစ်ပီး အမြန်ဆုံးထွက်ပြေးနိုင်ဖို့ အတွက်ဆို ငှက်ပျောဖူးလို့ ခေါ်နေကြတဲ့ RPG ဆိုတဲ့ လက်နက်ကအကောင်းဆုံးပဲကွ။

လူရွယ် - ဟုတ်ကဲ့ဗိုလ်မူး။ ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ။ ဆက်ပြီး အကြံပေးပါဦး။

ဗိုလ်မူးငစိုင်း - RPG တွေများများပစ်လို့ရအောင် စက်ရုံကြီးလုပ်ရမယ်လေကွာ။ ဟဲ ဟဲ ဟဲ ဟဲ ဟဲ . . . .

လူရွယ် - ဟုတ်ပြီဗိုလ်မူး။ ဒါဆို ကျွန်တော်တို့ ကြေးစားပညာရှင်တွေလိုမှာပေါ့။

ဗိုလ်မူးငစိုင်း - ညှင်း ညှင်း ညှင်း . . . ဒီအတွက်တော့မပူပါနဲ့လေ။ ဟောဒီမှာ မဟာပြင်ညာယှိကြီး ဗိုလ်မူးငစိုင်း တစ်ယောက်လုံးရှိနေတာ။ ဘယ်သူမှထပ်မလိုတော့ဘူးလေ။ RPG စက်ရုံဆောက်ဖို့ လိုအပ်တဲ့ သွပ်ပြားကအစ မီးခြစ်ဆံယမ်းအဆုံး ကျုပ်တွက်ချက်ပြီး proposal တင်လိုက်မယ်။ SSA ဘက်ကသာ ကျုပ်တောင်းသမျှ ပိုက်ပိုက်ပေးဖို့သာပြင်ထား။ ဘယ်ပြင်ညာယှင်မှ အပိုမလိုဘူးနော်။ ကျုပ်တစ်ယောက်တည်း မိတ်အင်တစ်ထိုင်တည်း RPG စက်ရုံအပြီးဆောက်ပေးမှာ။ လိုအပ်တဲ့ ဒေါ်လာလေးတွေသာပြင်ထား။ ဟဲ . . . ဟဲ . . .

လူရွယ်မှာ ဗိုလ်မူးငစိုင်း ပေါက်ကြောင်ကြောင်ပြောနေသည်ကိုကြည့်ပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့်

လူရွယ် - ခင်ဗျာ ! ! ! ! RPG စက်ရုံကို တစ်ယောက်တည်းနဲ့ဆောက်မယ် ! ! ! ဖြစ်နိုင်ပါ့မလား ဗိုလ်မူးရယ် . . .

ဗိုလ်မူးငစိုင်း - အိုး ! ! ! ဘာလို့မဖြစ်နိုင်ရမှာလည်း။ IT ခေတ်ကွ။ ဟော . . . . ကြည့် . . . ကွန်ပျူတာနဲ့ အင်တာနက်နဲ့ချိတ် www.google.com ဆိုပြီးဖွင့် How to build RPG factory ? ဆိုပြီးရိုက်။ ပေါ်လာသမျှ website တွေက ရေးထားတာတွေကိုဟုတ်ဟုတ် မဟုတ်ဟုတ်လျှောက်လုပ် အဆင်ပြေတော့လဲပြေ။ မပြေတော့လဲ Technical Error ပေါ့ကွာ ဘာခက်တာမှတ်လို့။ အရေးကြီးတာက ဟဲ ဟဲ . . . ပိုက် ပိုက်ပါကွ။ $ $ ပါ။

လူရွယ်မှာ အင်မတန်အံ့အားသင့်စွာဖြင့် ဗိုလ်မူးငစိုင်းအား ပြူးကြယ်သည့် မျက်လုံးများဖြင့် ကြည့်ကာ

လူရွယ် - ဟုတ် . . . . . ဟုတ် . . . . ဟုတ်ကဲ့ပါဗျာ။ ကျွန်တော်ဒီအကြောင်းတွေကို တပ်ဖွဲ့ကခေါင်းဆောင်တွေကို သွားပြောလိုက်ပါအုန်းမယ် . . . .

ဟုပြောဆိုပြီး ဖနောင့်နှင့်တင်ပါးတစ်သားတည်း မကျရုံတစ်မယ် ဗိုလ်မူးငစိုင်း အပါးမှ ဝေးရာသို့ပြေးလေ၏။


ပေးပို့သူ - ဆောင်းပါးရှင် Ko Iron



Myanmar Express

10 comments:

အခြောက်မ ဆိတ်ဘိုတွေ လျှာစောင်းတော်တော်ထက်တာပဲ။

အားပေးပါတယ် အကိုကြီးရေ.. ဆက်ရေးပါ။ ဒါမျိုး သူများဆောက်တင်းပြောဖို့  အမြဲတမ်း ထိုင်စဉ်းစား
နိုင်တယ်ဆိုတာ တော်ရုံ အကုသိုလ်စိတ်ကြီးယုံ နဲ့ လုပ်မရဘူး။ သေခါနီးမင်းလုပ်ခဲ့တာတွေ ပြန်စဉ်းစားပြီးသေ။ မင်းလိုကောင်မှ အပါယ်မရောက်ရင် ငါ ဗုဒ္ဓဘာသာ က ပြောင်းမယ်။
ဘာလုပ်လုပ် သေခါနီး နောင်တ မရစေနဲ့ 

အားပေးပါတယ် အကိုကြီးရေ.. ဆက်ရေးပါ။ ဒါမျိုး သူများဆောက်တင်းပြောဖို့  အမြဲတမ်း ထိုင်စဉ်းစား
နိုင်တယ်ဆိုတာ တော်ရုံ အကုသိုလ်စိတ်ကြီးယုံ နဲ့ လုပ်မရဘူး။ သေခါနီးမင်းလုပ်ခဲ့တာတွေ ပြန်စဉ်းစားပြီးသေ။ မင်းလိုကောင်မှ အပါယ်မရောက်ရင် ငါ ဗုဒ္ဓဘာသာ က ပြောင်းမယ်။
ဘာလုပ်လုပ် သေခါနီး နောင်တ မရစေနဲ့ 

အွန်လိုင်းမှာ နိင်ငံရေးလိုလိုဘာလိုလိုနဲ့ တောင်းရမ်းစားသောက်နေတဲ့ ခင်ဗျားတို့လို ဆိုဒ်တွေမဟုတ်ပါဘူး.ဒီဆိုဒ်လေးက ..တကယ့်နိင်ငံရေးလုပ်တဲ့ ပြည်တွင်းကလူတွေကသာ တကယ့်ကို ဒုက္ခရောက်နေရတာ ခင်ဗျားတို့ကတော့အွန်လိုင်းမှာ ပဲ မဟုတ်တာတွေ လျှောက်ပြော ...မြန်မာနိင်ငံအကြောင်းတောင်ကောင်းကောင်းမသိ့တော့တဲ့လူတွေက...နိင်ငံကိုချစ်တာလိုလိုနဲ့ ပြီးတော့လည်းအခြားနိင်ငံတွေမှာ ပညာလာသင်ကြတဲ့သူတွေကို အတွေးမှားတွေ ယူဆချက်မှားတွေဖြစ်အောင် အရှက်မရှိလျှောက်ရေး...အခြားနိင်ငံတွေမှာ ပညာလာသင်နေကြတဲ့ အကိုတွေ ညီတွေ ညီမတွေကလည်း အဲလိုပြည်ပြေးတွေ ရေးတဲ့ ဟာတွေကိုအလွယ်မယုံပါနဲ့ သူတို့တွေရဲ့ဘ၀တွေနဲ့ တခြားဆီပါ(သူတို့တွေ က ဘာတွေသိ့ဘာတွေတက်လို့ ရေးနေကြတာလဲ စောက်၇ုးပြည်ပြေး တွေ)...သူတို့လိုဘ၀မျိုးမဖြစ်အောင် ကိုယ်ပိုင်ညဏ်နဲ့ဆင်ခြင်ကြပါ.............................................

ဘာပြည်ပြေးမှမဟုတ်ဘူး။ မြန်မာပြည်က ပြီးခဲ့တဲ့ မတ်လကမှ ပြန်လာတာ။ ပြောချင်တာပြော။ ဟုတ်မဟုတ် မင်းစိတ်ကို မင်းသိတယ်။ သူများပဲညာလို့ ရမယ်။ ကိုယ်ကိုကိုယ် ညာလို့ မရဘူး။
သေခါနီးမင်းလုပ်ခဲ့တာတွေ ပြန်စဉ်းစားပြီးသေ။ မင်းတို့  လိုကောင်မှ အပါယ်မရောက်ရင် ငါ ဗုဒ္ဓဘာသာ က ပြောင်းမယ်။
ဘာလုပ်လုပ် သေခါနီး နောင်တ မရစေနဲ့ 

ဘာပြည်ပြေးမှမဟုတ်ဘူး။ မြန်မာပြည်က ပြီးခဲ့တဲ့ မတ်လကမှ ပြန်လာတာ။ ပြောချင်တာပြော။ ဟုတ်မဟုတ် မင်းစိတ်ကို မင်းသိတယ်။ သူများပဲညာလို့ ရမယ်။ ကိုယ်ကိုကိုယ် ညာလို့ မရဘူး။
သေခါနီးမင်းလုပ်ခဲ့တာတွေ ပြန်စဉ်းစားပြီးသေ။ မင်းတို့  လိုကောင်မှ အပါယ်မရောက်ရင် ငါ ဗုဒ္ဓဘာသာ က ပြောင်းမယ်။
ဘာလုပ်လုပ် သေခါနီး နောင်တ မရစေနဲ့ 

နောင်တစ်ခောတ်၏ အခြောက်စစ်သည်.. အဲ.. မှားလို့.. အောင်စစ်သည်။

အော်အော် ကောင်းလိုက်တာ အပြောတွေကတော့ ဘာတွေလဲကိုမသိဘူး ဘာကောင်တွေဲကွ
ထမင်းအလကားစား၇တိုင်ေ၇ှာက်ပြောနေတယ်
မင်း ဘကြီးက ထမင်းကျွှေးထားတာမဟုတ်ဘူး
ပြည်သူက ကျွှေးထားတာသိလား

begger..must shame,, what u do for my country?

u rigt.. fucking gay.. dont match with army

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်