Subscribe to our RSS Feed

ထူးဆန်းသော အတိုက်အခံများ

ဓာတ်ပုံရိုက်ပွဲ

အကြောင်းပြချက် တစ်ခုခု ရှိတာနဲ့ ဓာတ်ပုံရိုက်ထွက်တတ်တဲ့ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့အတွက် ၂၀၁၀ ကတော့ တော်တော် အဆင်ပြေပါတယ်။ ဖက်ရှင်စတိုင်မျိုးဆုံနဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ခဲ့ကြပါတယ်။ အကြောင်းပြချက်ကတော့ ကိုယ့်လူမျိုးတူ အနုပညာရှင်တွေ ကိုယ်ရှိတဲ့ နိုင်ငံက ကိုယ့်လူမျိုးသူငယ်ချင်းတွေကို လာရောက်ဖျော်ဖြေချိန်မှာ ပါလာတဲ့ အနုပညာရှင်အချို့ကို ကန့်ကွက်တယ်ဆိုတဲ့ ပေါကြောင်ကြောင် လုပ်ရက်တွေကြောင့်ပါပဲ။

အနုပညာရှင်ဆိုတာလဲ ပြည်သူထဲက ပြည်သူပါပဲ... ဘာအတွက်ကြောင့် မြန်မာလူမျိုးအချင်းချင်း သွေးကွဲအောင် လုပ်နေကြမှာလဲ ??



အမေရိကန်ပြည်သည် ဒို့ပြည်၊ အမေရိကန် အလံသည် ဒို့အလံ




ကိုယ့်မြန်မာလူမျိုးအချင်းချင်းကိုတော့ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ကြပြီး အမေရိကန်အလံကို ထမီကြီးနဲ့ ဂုဏ်ယူဝင့်ကြွားလွှင့်ထူထားတာတော့ ယူအက်စ်ရောက် မျိုးချစ်အတိုက်အခံသူရဲကောင်းတွေပါပဲ။



ပြည်သူ့ဆန် စားပြန်ပြီ


ပြည်သူ့ဆန် စားတယ်ဆိုတာ ဘာကိုပြောတာလဲ? မြန်မာလူမျိုးအားလုံး ပြည်သူ့ဆန် စားခဲ့ကြဖူးတဲ့လူတွေချည်းပဲ။ ဒါပေမယ့် အနုပညာသမားတွေလည်း သူတို့အနုပညာနဲ့ သူတို့အရည်အချင်းနဲ့ သူတို့ဇွဲလုံ့လတွေကို ကံဇာတာနဲ့ ပေါင်းပြီး ရင်းနှီး အောင်မြင်လာရတဲ့ သူတွေပါပဲ.. သူဌေးဖြစ် ခွေးဖြစ် လုပ်ပြီး ခွေးဖြစ်သွားတဲ့ အနုပညာရှင်တွေလည်း တပြုံကြီးရှိပါတယ်။ ဒီလို အောင်မြင်လာတယ်၊ နာမည်တစ်ခု ရလာတယ်ဆိုတာကလည်း ရင်းနှီးမြုပ်နှံမှုတွေ ပေးဆပ်မှုတွေ ပြီးမှ ရလာကြတဲ့ သူတွေချည်းပါ။ ငှက်ပြောသီးစားရင်တောင် အခွံတော့ နွှာရတာပဲ။ ဘာပဲလုပ်လုပ် ထိုက်တန်တဲ့ ပေးဆပ်မှုရှိတယ်။ ကံနဲ့ လုံ့လ အပေါ်မှာ မူတည်ပြီး နာမည် ဆိုတာရလာတာ။ ဒါကို ပြည်သူ့ဆန်စားတယ် ပြည်သူ့ဆန်စားတယ် ဆိုပြီး အော်နေတာ တော့ ဘယ်လို နာလပြိန်းတုံး အတွေးတွေကြောင့်မှန်း စဉ်းစားလို့ကို မရတော့ဘူး။

အနုပညာရှင်တွေက ထိုက်တန်တဲ့ ဖျော်ဖြေမှုကို ပေးမှ ပြည်သူတွေက တန်ရာတန်ကြေးပေးကြတယ်။ ဒါကို ပြည်သူ့ဆန် စားတယ်ဆိုရင် ဈေးသည်တွေ၊ ကုန်သည်တွေ၊ taxi သမားတွေ၊ ဆိုက်ကားသမားတွေ အားလုံးကရော ပြည်သူ့ဆန်စားတဲ့ သူတွေချည်းပဲလား?? စဉ်းစားကြပါအုံး...။ သူတို့လဲ ပြည်သူတွေက ပိုက်ဆံပေးမှ၊ ဝယ်ကြမှ၊ စီးကြမှ ပိုက်ဆံရတာ မဟုတ်ဘူးလား??။ ဒါဆို ဆိုဒ်ကားသမားတစ်ယောက် အဲ့ဒီနိုင်ငံကို ရောက်လာရင်ရော ပြည်သူ့ဆန်စားတဲ့ ဆိုက်ကားသမား ဆိုပြီး ဓာတ်ပုံထွက်ရိုက်ကြအုံးမှာလား။


အားလုံးက ပိုက်ဆံရဖို့ အလုပ်လုပ်နေကြတယ်။ အနုပညာရှင်တွေက ဖျော်ဖြေတယ်၊ ပြည်သူက တန်ကြေးပေးတယ်။ ဆိုက်ကားသမားလည်း နင်းပေးမယ်၊ ပြည်သူက တန်ရာတန်ကြေးပေးတယ်၊ ဝန်ထမ်းတွေလည်း ကိုယ့်တာဝန်ကို လုပ်ပေးတယ်၊ အစိုးရက ဆန်နဲ့ ပိုက်ဆံပေးတယ်။ ဝန်ထမ်းတွေက အစိုးရရဲ့ ဆန်ကို စားနေတာလို့ရော ထပ်ပြောအုံးမလား။ ဒါဆို တပ်မတော်သားတွေကရော အစိုးရဲ့ပိုက်ဆံစားနေတာလား။ ရှေ့နောက်ညီအောင်တော့ လုပ်ကြအုံးဗျို့ ဘလော့တွေမှာအော်နေတာတော့ တပ်မတော်သားတွေက ပြည်သူ့ဆန်စားတယ် တဲ့။ ကိုယ်ပြောချင်သလို ပြောနေကြတာချည်းပါလား ဒေါ်လာစားတို့ရေ..။ စဉ်းစား စဉ်းစား။ ဦးနောက်တွေ တုံးနေပြီ။ ဘယ်သူမှ ပြည်သူ့ဆန်ကို အလကားမစားဘူး၊ အစိုးရဆန် အလကားမစားဘူး။ ဆန္ဒပြလို့ရရင်ပြီးရော၊ အထက်ပို ပိုက်ဆံပြတောင်းလို့ ကောင်းရင်ပြီးရောဆိုပြီး ခေါင်းစဉ်တွေ လျှောက်မတပ်နေကြနဲ့။ ဒို့အရေး ဒို့အရေးဆိုပြီး ကိုယ့်ဖို့ချည်ပဲ လုပ်မနေကြနဲ့ တစ်ခါတစ်လေ သူများအရေး၊ သူများအရေး ပြောင်းအော်ကြည့်ပါလား။ သူများတွေအတွက် နဲနဲပါးပါး စဉ်းစားကြည့်ပါလား.. ဒို့အနေရသမားချည်းတွေရေ... တွေ့သမျှ လူတွေအကုန်လုံးကို လက်ညိုးထိုး အပြစ်မပြောကြနဲ့အုံး.....။




Myanmar Express

1 comments:

ကဲကဲ.. . ဒီမိုတွေ။ စောက်တင်းပြော စောက်ပြစ်တင်တဲ့ လမ်းစဉ်မဟုတ်ပဲ အမြင်ဆန်း.. အသွင်ဆန်းနဲ့ လုပ်ထားတဲ့ ဖိနပ်ပေါက် မိုးသီး လုပ်ရပ်က စိတ်ဝင်စားဖို့ကောင်းတယ်။ နအဖဖြုတ်ချရေးနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေ မေးထားတယ်။ စဉ်းစားပြီးဖြေပေးလိုက်ပါ။ နအဖ ဗိုလ်ချုပ်တွေ ကလိမ်ကကျစ်လုပ်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဘူးဆိုပြီး ထိုင်မနေနဲ့။ တိုင်းပြည်အရေးကို ဘေးကနေ လက်ပိုက်ကြည့်မနေနဲ့။ မိမိဥာဏ်မှီသလောက် ဖိနပ်ပေါက်မိုးသီး မေးထားတာလေးတွေကို ဖြေပေးလိုက်ပါ။ အကြံကောင်းလေးတွေ စုပေါင်းမိရင် တစ်ခုခုတော့ အကျိုးရှိတတ်ပါတယ်။

http://komoethee.blogspot.com/2010/09/blog-post_27.html

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်