
မြန်မာ့နိုင်ငံရေးကို အစိုးရရဲ့ ဆန့်ကျင်ဖက်ကနေ နိုင်ငံရေးလုပ်နေသူတွေရဲ့ ၈၀ ရာခိုင်နှုံးက အဓိကပစ်မှတ် မှားနေပါတယ်။ အထူးသဖြင့် ပြည်ပကနေ နိုင်ငံရေးလုပ်နေသူအားလုံးနီးပါးက မယောင်ရာကို ဆီလူးနေကြတုန်းပါပဲ။ အဲ့ဒီ တလွဲဆံပင် ကောင်းမှုတွေကြောင့် နှစ်ပေါင်းများစွာ ကျရှုံးမြဲ ကျရှုံးနေရတာပါ။ ပစ်မှတ် အစစ်အမှန်ကျွန်တော်တို့ နိုင်ငံရေး သမားတွေရဲ့ အဓိက ပစ်မှတ် အမှန်က ပြည်သူတွေပါ။ ပြည်သူတွေကို အကျိုးပြုဖို့နဲ့ ပြည်သူတွေရဲ့ အနာဂါတ်ကို အကောင်းဆုံးဖန်တီးဖို့ပါ။ ဒါပေမယ့် လက်တလော နိုင်ငံရေး လုပ်ဆောင်နေသူတွေအားလုံးနီးပါးက...