ကျွန်တော်ရဲ့ ဂျီတော့ အကောင့်မှာ အကောင့် စပြီးလုပ်ကတည်းက မြန်မာနိုင်ငံ အလံပုံကို တင်ထားခဲ့တာ ဒီနေ့အထိပဲ။ ကျွန်တော့် အကောင့်ထဲကလူတွေသိပါလိမ့်မယ်။ Facebook နဲ့ တခြား social sites တွေ မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။ မြန်မာနိုင်ငံကို ချစ်လို့၊ ကိုယ့်နိုင်ငံရဲ့ အလံကို လေးစားလို့၊ တန်ဖိုးထားလို့ပါ။ အလံရဲ့အရောင်ကို ကြိုက်လို့လဲ မဟုတ်ဘူး၊ အလံက လှလို့လည်း မဟုတ်ဘူး။
ဒါပေမယ့် မမျှော်လင့်ပဲ ရုတ်တရက်ဆိုသလိုပဲ ကျွန်နော့်မှာ အဖော်တွေ ပေါ်လာတယ်။ ဒီလ ၂၁ ရက်နေ့က စ တာပဲ။ တစ်ယောက်ပြီး တစ်ယောက် အလံပုံ (အလံဟောင်းပုံ) တွေကို ဂျီတော့တွေမှာရော၊ Facebook အပါအဝင် တခြား ပရိုဖိုင်တွေမှာရော ပလူကို ပျံလို့ တင်လိုက်ကြတာ။ အားရစရာပဲ။ ဒေါ်လာစား အတိုက်အခံတွေရော၊ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေရောပဲ။ ဒါပေမယ့် ခံယူချက်တွေက အရမ်းကို ယုတ်ညံ့လွန်းတယ်။
ခံယူချက်ကတော့ အစိုးရဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ စိတ်နဲ့ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်နေကြတာ ပါ။ အလွန် စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။ အဲ့ဒီထက် စိတ်ပျက်ဖို့ ပိုကောင်းတာက အလံပေါ်မှာ အရိုးခေါင်းပုံတွေ၊ ဆဲဆိုထားတဲ့ သင်္ကေတတွေနဲ့ တိရစ္ဆာန်ပုံတွေနဲ့ ဖျက်ညှက်ကပ် တွေလုပ်လာကြတယ်။ ဒါကလည်း ခုမှ မဟုတ်ပါဘူး အရင် အလံဟောင်းတုန်းကလည်း လုပ်နေကြတာပါပဲ။ ကိုယ့်နိုင်ငံအလံကို ကိုယ်မှတန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမှာလဲ။ ကန့်လန့်တိုက်ရတိုင်း အဟုတ်ကြီးမှတ်မနေကြတယ်။ အလွန့်အလွန်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အတိုက်အခံတွေပါ။
အလံသစ်မှာလဲ ဒေါင်းပုံတွေ လည်း ထည့်လို့ထည့် လျှောက်လုပ်ကြတယ်။ သူ့ဘာသူ ခွတ်ဒေါင်းပဲဖြစ်ဖြစ် ကဒေါင်း ပဲဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ တိရစ္ဆာန် ကို ခေါင်မိုးအထက်မှာ လွှင့်ထူပြီး ဦးညွတ်အလေးပြုနေရမှတော့ အဲ့ဒီလူတွေက တိရစ္ဆာန်လောက်မှကို အသုံးမကျ၊ အဆင့်တန်းမရှိလို့ပေါ့။
တစ်ချို့ကရှိပါသေးတယ် အာဖရိက က အလံနဲ့တူလို့တဲ့ အပြစ်တင်ကြတယ်။ အာဖရိက က တူတဲ့အလံတွေကို သဲကြီးမဲကြီး လိုက်စုပြီးတောင် ယှဉ်ပြလိုက်သေးတယ်။ တော်တော် သနားစရာကောင်းတဲ့ အတွေးနိမ့်နိမ့် ပိုင်ဆိုင်သူတွေပါ။ မသိရင် မှတ်ထားကြစေချင်ပါတယ် အလံသစ်ရဲ့ အခုသုံးနေတဲ့ အရောင်သုံးရောင်က ၁၉၄၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ မြန်မာနိုင်ငံ အလံဟောင်းတွေရဲ့ အရောင် ၃ ရောင်ကို ပြန်သုံးထားတာပါ။ အာဖရိကနဲ့တူတော့ရော ဘာဖြစ်မှာလဲ။ အီသီယိုးပီးယားနဲ့ လစ်သူရေးနီးယားနဲ့ တူလို့ သိက္ခာကျတယ်လို့ ခံယူကြရမှာလား။ ပြောနေကြတာတော့ အစိုးရက ရတြာချေတဲ့ အလံတဲ့။ ကိုယ်တိုင်ကတော့ အာဖရိကတိုက်က ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အလံနဲ့တူလို့ဆိုပြီး အတိတ်နမိတ်တွေ ကောက်နေတကြတယ်။ တစ်ချိန်က အတိုက်အခံဘလော့တွေနဲ့ ဂျီတော့တွေပေါ်မှာ ရေပန်းစားခဲ့တဲ့ သီချင်းလေး မှတ်မိပါသေးတယ်။ ဒေါ်လာစားတို့ အားကျနေတဲ့ အနောက်နိုင်ငံကြီက ရှခီယာ ပြောသွားတာပါ။ ဝါကာဝါကာ ဆိုတဲ့သီချင်းမှာ ကျွန်မတို့အားလုံး အာဖရိက တွေပါ တဲ့။ အဲ့ဒါ သိက္ခာ ကျစရာလား။ သူတို့က အာဖရိက မျိုးဆက်တွေမို့ ဒီလောက် ချမ်းသာပြီး လူနေမှုအဆင့်အတန်းတွေ မြင့်နေချိန်မှာ ပြန်ပြီး ဝန်ခံနိုင်ကြတယ်။ မြန်မာအတိုက်အခံတို့က ဘာမှတောင် မဖြစ်သေးဘူး ၁၉၄၃ က အရောင် သုံးရောင်ကို ပြန်လက်မခံနိုင်ကြတော့ဘူ။
အာဖရိက က အလံတွေနဲ့တူလို့ ဘာဖြစ်သွားမှာလဲ။ အနောက်နိုင်ငံကြီးတွေက အလံတွေနဲ့ တူလို့ ဘာဖြစ်သွားမှာလဲ။ တကယ်လို့များ တရုတ်နိုင်ငံက အလံနဲ့ တူကြည့်ပါလား။ အခု အာဖရိက အလံတွေနဲ့ တူတယ်ဆိုတဲ့ လူတွေကပဲ ပိုးစိုးပက်စက် ပြောကြပါလိမ့်မယ်။ မြောက်ကိုရီးယားတို့ အိန္ဒိယ တို့ ရုရှားတို့နဲ့ တူကြည့်ပါလား။ ဝေဖန်လိုက်ကြမှာ သောက်သောက်လဲ။ အမေရိကန်နဲ့ တူအုံးမလား။ အပြစ်ရှာပြောအုံးမှာပဲ။
အရင်တုန်းက အလံဆိုတာ ဘယ်နေလို့နေမှန်းမသိ၊ စပါးနှံတို့ စက်သွားတို့ ကြယ်ဖြူ ၁၄ လုံးတို့ ဆိုတာ တစ်ခါမှ ကီးဘုတ်ပေါ်က မရိုက်ဖူးကြဘူး။ ခုမှ အစိုးရက အလံပြောင်းလိုက်တယ်ဆိုတာ့ ဂျီတော့တွေ၊ ဖေ့စ်ဘုတ်တွေ၊ ရှိသမျှ ပရိုဖိုင်တွေမှာ အလံတွေ တန်းစီလို့။ အရင်တုန်းက တစ်ယောက်မှ မြန်မာနိုင်ငံအလံပုံ တင်ရမှန်းလည်းမသိဘူး။ ပစ်စလက်ခက်ပဲ။ ခုမှ တင်လိုက်ကြတာ။ အဓိပ္ပါယ်တွေ ဖွင့်လိုက်ကြတာ။ အဲ့ဒီလူတွေ ကို ကျွန်တော် မေးခွန်းလေး နှစ်ခု မေးချင်လွန်းလို့ပါ
၁။ အလံဟောင်း သုံးလာတဲ့ ကာလ ၃၆ နှစ်မှာ ဂျီတော့တွေ ပရိုဖိုင်တွေမှာ တင်ဖူးပါသလား???????????? အခု အလံဟောင်းက နိုင်ငံတော်အလံမဟုတ်တော့ဘူး ဆိုမှ ဘာကြောင့် တင်နေရတာပါလဲ???????
၂။ အခုလောလောဆယ် အလံဟောင်းကို အရမ်းကို တန်ဖိုးထားပြီး အဓိပ္ပါယ်တွေဖွင့် ကာ ပရိုဖိုင်တွေမှာတင်နေသူ တစ်ယောက်အနေနဲ့ အဲ့ဒီ အလံကို အောက်ဖော်ပြပါ ပုံများအတိုင်း မိုက်ရိုင်းစော်ကားထားသူတွေကို ဘာကြောင့် မရှုံ့ချခဲ့ပါသလဲ??????????? တကယ်လို့ သူတို့ရဲ့ လုပ်ရက်တွေကို မသိလို့ မရှုံ့ချခဲ့ဖူးဆိုလျှင် အခု ကျွန်တော် ဖော်ပြလိုက်ပါပြီ။ စပါးနှံ၊ စက်သွားနဲ့ အရွယ်တူကြယ်ဖြူ ၁၄ လုံးကို တန်ဖိုးထား လေးစားသူများ က အောက်ဖော်ပြပါ အတိုက်အခံများကို ဘယ်လိုရှုံ့ချမလဲ ကျွနော် နားထောင်ချင်ပါသေးတယ်။

ကမ္ဘာ့အလည်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ချစ်တဲ့ အလံကြီးကို ရိုင်းစိုင်းစော်ကားနေကြတဲ့ ဒီမိုအတိုက်အခံ ဒေါ်လာစားတွေပါဗျာ.....

Myanmar Express
12 comments:
ဂွတ်...အမြဲစောင့်မျှော်ဖတ်ရှုဖြစ်တဲ့ ဘလော့တစ်ခုပါ
လေးစားပါတယ်။ ဒေါ်လာစားတွေ၊ ဒီမိုတွေက သူတို့လုပ်သမျှ အကုန်မှန်တယ်ဆိုတာကြီးပဲ။ မြန်မာနိုင်ငံအလံကို သူတို့ချနင်းခဲ့တာ ကြာပါပြီလေ။
ခုမှအဖြစ်သဲပြီး ချစ်ပြနေလိုက်ကြတာ
ခုလိုချရေးလိုက်လို့ ကျွန်တော်ကို ရုရှားကစစ်ဗိုလ်တွေ
နအဖကလူတွေလို့ မထင်ကြနဲ့နော်။ ဘယ်သူဘာလုပ်လုပ် ကြားမှာမြေဇာပင်လို အညှပ်ခံနေရတဲ့ ရိုးရိုးသာမန်ပြည်သူတစ်ယောက်ပါ။
"Facebook မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။"
ကောင်းတဲ့ post လေးပါ။ ဒါပေမဲ့ Facebok က February 2004 မှစတာပါ။ အခုမှခြောက် နှစ်ပဲရှိပါသေးတယ်။ :)
yehtut.. မြန်မာစာဖတ်တက်လား မြန်မာစာအဓိပါယ်တွေေ၇ာနားလည်လား ဖေ့ဘုတ်ကဘယ်ခုနှစ်မှစထောင်ထောင် သူက ဖေ့ဘုတ်တစ်ခုထဲလို့ပြောထားလား သောက်ပေါရဲ့...မြန်မာစာလေးဖတ်တက်အောင်ကျင့်ထားဦးနော်
သွေးထွက်အောင် မှန်တဲ့ ပိုစ့်ပါ။ ကျနော်လည်း တွေ့တွေ့နေရပါတယ်။
သုံးရောင်ခြယ်အလံကို တလွဲ အဓိပ္ပါယ် မဖွင့်ဆိုအပ်ပါဘူး။ မုန်းတီးမှု အာဃာတ အခြေခံ၊ ဗဟုသုတနည်းတဲ့ အခြေခံ၊ ရင့်ကျတ်မှုနည်းတဲ့ သူတွေကတော့ မြန်မာ့ဂုဏ်ရောင် သုံးရောင်ခြယ်အလံကို မှေးမှိန်အောင် ပုတ်ခက်ပြောဆိုကြတာပါ။ ကိုယ့်အမျိုးကိုယ် ပြန်ဖျက်တဲ့ အသားထဲက လောက်ဘဝ ရောက်မှန်းမသိ ရောက်နေကြတာ။ အစဉ်အဆက် အမျိုးသားနေ့တွေမှာ သုံးရောင်ခြယ်အလံကို မမြင်ဖူးကြဘူးလား။ မိုက်မဲကြတယ်။
ဒီဘလော့ကတော့ ဒီမို တွေ ပါးစပ်ကို ပိတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တကယ်လုပ်နိုင်ဆုံး ဘလော့ပါပဲ။
good post ... all truth
ကျွန်တော်တို့နိုင်ငံမှာ တကယ်အလုပ်လုပ်သူတွေရှိသလို မလုပ်တဲ့သူတွေရှိပါတယ်.. တကယ်နိုင်ငံရေးနားလည်ပြီး တကယ် အနစ်နာခံလုပ်တဲ့သူတွေရှိသလို ကိုယ်အကျိုးစီးပွားအတွက်လုပ်တဲ့သူတွေလဲရှိပါတယ်.. အခုဓါတ်ပုံမှာ မြင်နေရပြီး.. MTV ရှေ့တွေမှာ ပြောချင်တာပြော လုပ်ချင်တဲ့သူတွေက ရှေ့တမျိုး နောက်တမျိုးတွေပါ.. တကယ် နိုင်ငံရေးနားလည်ပြီး ကိုယ်ကျိုးစွန့်လုပ်တဲ့သူတွေက သံတိုင်နောက်မှာပါ.. ဒါကြောင့် မြန်မာ့ ဒီမိုကရေစီရေး လုပ်တဲ့နေရာမှာ နှစ်ပေါင်း ၂၀ကျော် လုပ်ပြီး ဘာမှမထိရောက်တာ အဲဒီ ဆွေမစစ် မျိုးမစစ် တရေးနိုးထအော်နေတဲ့ေ-ွးမသား ကြောင်သူတော် ကြွက်သူခိုးတွေကြောင့်ပါ..
ဟုတ်ပါ့ဗျာ မှန်လိုက်လေ ။ အခုမှ ထဖြစ်နေတာပါ အလံဟောင်းတုန်းက လဲ သူတို့ ပဲ နင်းချေနေကြတာ ။ ခုမှ ထဟောင်နေကြတယ် ။ အလကား ဆံကုန်မြေလေး တွေ။ စပြစ်သီးကို ခါးတယ်ပြောတဲ့ မြေခွေးတွေပါ ......
ကျွန်တော် quote လုပ်ထားတာကိုမမြင်ဘူးလား။ အမှားပါလို့ထောက်ပြတာပါ။ အခုမှရေးသားသူက မမှန်ပြင်လိုက်တာပါ။ လူတိုင်း အမှားနဲ့မကင်းပါဘူး။ နောက်ပြီးရေးသားသူကလဲ အမှားပြင်လိုက်တယ်ဆိုတာပြောသင့်ပါတယ်။
Nice blog...keep it up.. :)
ကောင်းတယ် ကိုဒေါ်လာရေ... ဒီပိုစ့်တင်ပြီးနောက်ပိုင်း အလံဟောင်း တင်ထားတဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက် ပြန်ဖြုတ်ကုန်ကြတယ်ဗျာ...။ ဒီဘလော့ကတော့ အတိုက်အခံတွေ အကြောက်ဆုံး ဘလော့ပါပဲဗျာ။
ဒီမိုကရေစီဆိုပြီးလုပ်စားနေတဲ့သူတွေ ဒီဘလော့က ပို့စ်တခုတင်မှာကိုသေမလောက်ကြောက်ကျတယ် ..အားပေးနေတယ်ကိုဒေါ်လာရေ
The Flag and 1942 are same color and same situation. In 1942-45 Burma was under fascist japan rule. Now this flag is coming again, we have to wage a war on Facsit Myanmar Army
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်