Subscribe to our RSS Feed

ဆီးရီးယားသူပုန်တွေကို ဥရောပနိုင်ငံအချို့စစ်ကူပေးနေ

From : ..hot news



၂၀၁၁ မတ်လမှာ စတင်ခဲ့ တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ စစ်ရှိန်မလျော့သေးဘဲ အစိုးရနဲ့ လက်နက်ကိုင်သူပုန်များအကြား တိုက်ပွဲများ ပြင်းထန်နေဆဲပါ။ ဧပြီလ ၂၆ ရက် ကမ္ဘာ့သတင်း တစ်ရပ်မှာတော့ ဆိးရီးယားအစိုး ရတပ်တွေဟာ လက်နက်ကိုင်သူ ပုန်များကို ဓာတုဗေဒလက်နက် များ (Chemical Weapons)နဲ့ တိုက်ခိုက်လျက်ရှိကြောင်း အနောက် နိုင်ငံသတင်းများမှာ ဖတ်ရမှတ်ရ ပါတယ်။
ကနေ့ ဆီးရီးယားရဲ့ အခြေ အနေကိုတင်ပြရန် ဆီးရီးယား သမ္မတဘာရှာအာဆက်ပြုတ်ကျ ရေးအတွက် အစဉ်တစိုက် တိုက် ပွဲဝင်ခဲ့ကြတဲ့ အတိုက်အခံသူပုန် အုပ်စုကို အနောက်ဥရောပနိုင်ငံ အချို့(ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်)ရဲ့ တပ်ဖွဲ့ဝင်အချို့ စစ် ကူပေးတိုက်ခိုက်နေကြောင်း ဧပြီလ ၂၄ ရက်က အီးယူအကြမ်း ဖက်တိုက်ဖျက်ရေးအကြီးအကဲ ဂေးလ်လာဒီဂါချော့က ပြောပါ တယ်။ စုစုပေါင်း အင်အား ၅၀၀ နီးပါးရှိမယ်လို့လည်း သူက ထောက်ပြသွားပါတယ်။ ဒါ့အပြင် အိမ်နီးချင်းအာရပ်နိုင်ငံအချို့က တပ်ဖွဲ့ဝင်တွေလည်း သူပုန်တွေ ကို ကူညီနေတယ်လို့ဆိုပါတယ်။
အမေရိကန်ကတော့ လူ/ လက်နက်အကူအညီမပေးပေမဲ့ ဆီးရီးယားသူပုန်တွေကို အထောက် အကူဖြစ်စေမဲ့ ငွေကြေးအမေရိ ကန်ဒေါ်လာ သန်း ၁၃၀ ခန့် ထပ်ပေးမယ်လို့ ဆုံးဖြတ်ထား ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက ကတိ ပေးသွားပါတယ်။ ယခင်ကပေး ခဲ့တာတွေလည်း ဒေါ်လာသန်း ၂၅၀ ရှိပြီလို့ သိရပါတယ်။
ဘာရှာအာဆက်ကတော့ အနောက်နိုင်ငံတွေက အခုလို သူပုန်တွေကို အားပေးအားမြောက် လုပ်နေတာဟာဖြင့် ကိုယ့်သေ တွင်းကိုယ်တူးသလို ဖြစ်မယ်ဆို တာ စဉ်းစားသင့်တယ်လို့ ပြောပါ တယ်။
အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုကတော့ ဆီးရီးယားသူပုန် တွေထဲမှာ အယ်လ်ကိုင်ဒါတွေ အများကြီးပါတယ်။ ဒီသူပုန်တွေ ကို လူ၊ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေတာဟာ ““မြွေ ပွေးခါးပိုက်ပိုက်””သလိုဖြစ်လာနိုင် ကြောင်း စိုးရိမ်တကြီး ပြောကြား လျက်ရှိပါတယ်။ ၃ နှစ်ကျော်လာ ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ် မှာ မြေစာပင်ဖြစ်ကြရသူတွေက တော့ ပြည်သူတွေပါ။ သေဆုံး သူ ၇၀၀၀၀ ကျော်ပြီလို့ သိရပါ တယ်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်