Subscribe to our RSS Feed

အာဆီယံ ပဋိညာဉ်စာတမ်းအား ပြန်လည်သုံးသပ်မှုများပြုလုပ်သွားရန် မြန်မာနိုင်ငံအနေဖြင့် ထောက်ခံသွားဖို့ အဆင်သင့်ရှိဟုဆို

From : .. popular

အာဆီယံနိုင်ငံများ ပူးပေါင်းရေးဆွဲလက်မှတ်ထိုးထားသော အာဆီယံ ပဋိညာဉ်စာတမ်းအား ပြန်လည်သုံးသပ်မှုများပြုလုပ်သွားဖို့ မြန်မာနိုင်ငံအနေဖြင့် ထောက်ခံသွားရန် အဆင်သင့်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၂ ကြိမ်မြောက် အာဆီယံထိတ်သီးအစည်းအဝေး၌ ပြောကြားသည်။

သို့သာမက လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံ၏ ခေါင်းဆောင်မှုအောက်၌ ချမှတ်သွားမည့် အာဆီယံ ဆုံးဖြတ်ချက်များအောင်မြင်စွာအကောင်အထည်ဖော်ရေးကိုလည်း အာဆီယံနိုင်ငံများနည်းတူ ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားခဲ့ကြောင်းသိရသည်။

““ လူ့အခွင့်အရေးကြေညာစာတမ်း အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုတွေ မြင်တွေ့လိုပါတယ်”” ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။


 .. www.MyanmarExpress.net
 

1 comments:

1-WE SUPPORT OUR PRESIDENT U THEIN SEIN WORKING FOR OUR COUNTRY WITH ASEAN COMMUNITY.
2-WE ONLY LIKE TO REQUEST TO GET PERMISSION TO TRAVEL ALL ASEAN COUNTRIES WITHOUT VISA REQUIREMENT.

WITH MYITTA...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်