From :
..dvb , eleven
.. www.MyanmarExpress.net
မန်ယူဂန္တ၀င်ဘောလုံးသမားတွေဖြစ်တဲ့
နောက်ခံလူ ဒင်းနစ်အာဝင်၊ ရှေ့တန်းတိုက်စစ်မှူး အင်ဒီကိုးလ်၊
ကွင်းလယ်ကစားသမား ကလေတန်ဘလက်မိုးနဲ့ လီရှပ်တို့ ၄ ဦးဟာ ဒီနေ့
မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြပြီး သာကေတရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီး
သင်စာသင်ကျောင်းနဲ့ သုဝဏ္ဏ အားကစားကွင်းကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
မန်ယူဂန္တ၀င်တွေဟာ
မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတွေနဲ့ နှစ်သင်းခွဲပြီး ဇွန်လ ၉ ရက်နေ့
ညနေ ၄ နာရီ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲ ကစားကြမယ်လို့ သိရပါတယ်။
![]() မြန်မာနိုင်ငံတွင် ရန်ပုံငွေပွဲ လာရောက်ကစားမည့် ကမ္ဘာကျော် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်း၏ ကစားသမားဟောင်း ၄ ဦးထဲမှ ဒင်းနစ်အာဝင်နှင့် ကလေလန် ဘလက်မိုးတို့သည် ပြီးခဲ့သည့် ဧပြီ လ ၂၆ ရက်က ရန်ကုန်မြို့သို့ ၁ ရက်ကြာ လာရောက်ခဲ့ကြောင်း သိရသည်။ ![]() ဒင်းနစ်အာဝင်နှင့် ကလေတန် ဘလက်မိုးတို့ နှစ်ဦးသည် ယင်းနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီး နေ့လယ်ပိုင်းတွင် သာကေတမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့သည်။ ![]() ထို့ပြင် မိဘမဲ့ကလေးငယ်များအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးခဲ့ပြီး ဘောလုံးစွမ်းရည်များ ပြသခဲ့သည်။ ယင်းနောက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ သွားရောက်ကာ HIV ဝေဒနာ ခံစားနေရသည့် လူငယ်များအား တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။ ![]() ယင်းမှတစ်ဆင့် သုဝဏ္ဏကွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ညနေပိုင်းတွင် Park Royal Hotel ၌ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာနယ်ဇင်း ရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ခဲ့ပြီး လက်ရှိ မန်ယူကစားသမားများ လက်မှတ်ရေးထိုးထားသည့် အင်္ကျီအား ဒင်းနစ်အာဝင်နှင့် ဘလက်မိုးတို့က အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။ |
.. www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်