Subscribe to our RSS Feed

ဂျပန်နိုင်ငံတွင် ပြည်ပရောက် မြန်မာ အချင်းချင်း စည်းလုံး ရန် ဒေါ်စု ပြောနေ ချိန်၌ ထိုင်းနိုင်ငံ တွင် ပြည်ပရောက် မြန်မာ အချင်းချင်း သတ်ဖြတ်မှုဖြစ်


မြန်မာ့ရိုးရာသင်္ကြအား ပြည်တွင်းတွင် မဆင်နွှဲပဲ ဂျပန်နိုင်ငံသို့ ကြိုတင်သွားရောက်ကာ နှစ်ဆန်းတစ်ရက် ကျော်မှ ပြန်လာသည့် အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပရောက်မြန်မာအချင်းချင်း စည်းလုံးရန် ပြောဆိုပြီး မကြာခင်မှာပင်  ထိုင်းနိုင်ငံတွင်  ပြည်ပရောက်မြန်မာအချင်းချင်း သတ်ဖြတ်မှုဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။



 Facebook သုံးကာ မိခင်ရင်းဖြစ်သူကို ရှာဖွေလျှက်ရှိသော မမြင့်မြင့်အေး (ခ) သဲသဲသော် အမည်ရှိ မြန်မာအမျိုးသမီးတစ်ဦးအား Facebook ပေါ်မှ ရင်းနီးခဲ့သည့် မြန်မာအမျိုးသား တစ်ဦးမှ သင်္ကြန်အကြိုနေ့တွင် ချိန်းတွေ့ခဲ့ချိန်၌ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့၍ သတ်ဖြတ်ကာ ပိုက်ဆံအိတ်နှင့် ဖုန်းကို ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။ 

တရားခံ မှာ မြန်မာအမျိုးသားတစ်ဦးဖြစ်ပြီး ဆမူပါကန်မြို့တွင် ဖမ်းထားပြီးဖြစ်ကြောင်းသိရသည်။ အင်တာနက် facebook များမှ ရင်းနီးကာ ချစ်ကြိုက်ကြပြီး ပြင်ပတွင် တွေ့ဆုံကာ Living Together နေထိုင်ကြသည့် အလေ့အထ မှာ စင်္ကာပူ၊ မလေးရှား၊ ဂျပန်၊ ထိုင်း၊ အမေရိကန်၊ ဗြိတိန် နှင့် နော်ဝေ နိုင်ငံရှိ မြန်မာလူငယ်များကြားတွင် အစဉ်အလာ ဓလေ့ထုံးစံ တစ်ခုသဖွယ် ဖြစ်နေပြီး ပြည်တွင်းရှိ မြန်မာများ နှင့် ရုရှားနိုင်ငံရှိ မြန်မာများ ကြားထိ ကူးစပ်နေပြီဖြစ်ကြောင်း သိရသည်။ 

ရုရှားနိုင်ငံတွင် မြန်မာအမျိုးသမီး မရှိသလောက်နည်းပါးသော်လည်း စင်္ကာပူ၊ နော်ဝေ နှင့် အမေရိကန်.. စသည့် နိုင်ငံများမှ မြန်မာမိန်းကလေး အချို့ ရောက်လာလေ့ရှိကြောင်း သိရပြီး ယခုကဲ့သို့ မြန်မာအချင်းချင်း ယုတ်မာစွာ ပြုမူခြင်း၊ သတ်ဖြတ် နှိပ်စက်ခြင်း၊ ဖုန်း နှင့် ပိုက်ဆံများ လုယူခြင်း မရှိကြောင်း ရုရှားပြန် မြန်မာအမျိုးသမီးတစ်ဦး ထံမှ သိရသည်။ ထိုသို့သော အကျင့်စာရိတ္တ ကောင်းမွန်မှုများကြောင့် အင်တာနက်သုံးသူ မြန်မာမိန်းကလေး အများစုမှာ အခြားနိုင်ငံရှိ မြန်မာ အမျိုးသားငယ်များထက် ရုရှားနိုင်ငံရှိ သိက္ခာရှိ မြန်မာအမျိုးသားငယ်များကို ပိုမိုစိတ်ဝင်စားကြကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ယခုကဲ့သို့သော လူမဆန်သည့် ဖြစ်စဉ်အား ရုရှားရောက် မြန်မာကျောင်းသားတစ်ဦး (သို့) အခြား မြန်မာစစ်သားတစ်ဦးမှ  လုပ်ဆောင်ခဲ့ပါက ဝါးလုံးရှည်ဖြင့်ရမ်းကာ စစ်တပ်တစ်ခုလုံး နှင့် ရုရှားရောက် ကျောင်းသားထု တစ်ခုလုံးအား ရစရာမရှိအောင် ဝေဖန် ရှုံ့ချမှုများ တွေ့ရမှာဖြစ်သော်လည်း ယခုအခါ ဤဖြစ်စဉ်အတွက် ပြည်ပရောက် မြန်မာ အမျိုးသားအားလုံးကို လည်းကောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာ အမျိုးသား အားလုံးကိုလည်းကောင်း ဝါးလုံးရှည်ဖြင့် ရမ်းကာ ဝေဖန် ရှုံ့ချမှုကို လုံးဝ မတွေ့ရပေ။


 


မမြင့်မြင့်အေး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ပြည်ပရောက် မြန်မာအချင်းချင်း ကူညီရမည့်အစား သတ်ဖြတ်မှုအတွက် မြန်မာအများအပြား မကျေမနပ်ဖြစ်လျှက်ရှိကြောင်း သိရပြီး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုပြီး မကြာခင်ဖြစ်ပွားခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို မလေးမစား ပြုလုပ်ခြင်း ဖြစ်ကြောင်း ဒေါ်စုထောက်ခံသူများက ပြောဆိုလျှက်ရှိသည်။






ပြည်ပရောက် မြန်မာများအရေး လေ့လာစောင့်ကြည့်သူများကတော့ ဒေါ်အောင်ဆန်းစုကြည် စကားကို မြန်မာလူငယ်များအနေဖြင့် အပျင်းပြေသာ နားထောင်လေ့ရှိကြပြီး ဒေါ်စု၏ အပြောနဲ့အလုပ်မညီမှုများကြောင့် လက်တွေ့လိုက်နာခြင်း မရှိကြကြောင်း သုံးသပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ်ရောက်တိုင်း မြန်မာအချင်းချင်း စည်းလုံးရန်ပြောလေ့ရှိပြီး၊ ပြည်တွင်းတွင်လည်း ရင်ကြားစေ့ရန် အမြဲပြောလျှက် ရှိသော်လည်း ၎င်း ကိုယ်တိုင်က မောင်နှမချင်း အပြန်အလှန် တရားစွဲလျှက်ရှိသည်။

.. www.MyanmarExpress.net
 

3 comments:

ဒီကောင်ကတော့ထောင်ကထွက်ရင်သေချာနေပြီ.အ၆ဖြစ်တော့မှာပါ
အားနွဲ့သူမိန်းကလေးအားသတ်ဖြတ်ခြင်းကြောင့်ထောင်ထဲတွင်ဖင်ချခံ
ရမယ်ဆိုတာဒီကောင်မသိသေးဘူးထင်တယ်.ညီမလေး မမြင့်မြင့်အေး
ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးပါတယ်

facebook ဆိုတာသုံးတတ်ရင်ဆေး မသုးံတတ်ရင်ဘေး။

ငါ တော့ ဘန်ကောက် မှာနေတာ ကြာ ပြီ တခါမှ မကြား မိပါဘူး
နောက်ပြီး မိန်းကလေး တွေ အင်တာ နက်လဲ သုံးတာ မတွေ့  ဘူးဖူး နည်းတယ်ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်