Subscribe to our RSS Feed

International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် ပြောကြားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း (အပြည့်အစုံ)

From : ..သမ္မတရုံး


ရန်ကုန် ဧပြီ ၂၃
International Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းကို ဗီဒီယိုဖိုင်ဖြင့် ပြသခဲ့သည်။

အဆိုပါ မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား-

ပထမဦးစွာ ကျွန်တော့်အနေနဲ့ ICG အဖွဲ့နဲ့အတူ Madam Louise Arbour နဲ့ ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ဝင် များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မစ္စတာလူလာနဲ့ ဂုဏ်ပြုအမှာစကားပြောကြားပေးတဲ့ မစ္စတာ ဂျော့ဆို ရော့စ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီကနေ့ ကျွန်တော်ဒီဆုကို လက်ခံရရှိတဲ့အကြောင်းရင်းဟာ ကျွန်တော်နဲ့ မြန်မာပြည်သူတွေ အတူပူးပေါင်းပြီး ပိုမိုလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို လက်တွဲညီညီ ချီတက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ဒီမိုကရေစီအရေး ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြတဲ့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ကိုယ်စား ကျွန်တော့်အနေနဲ့ ဒီဆုကို လက်ခံရယူတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် အစိုးရအဖွဲ့ဟာ သက်တမ်းနှစ်နှစ် အတွင်း နိုင်ငံရေးအရ ဖြေလျှော့မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုများနဲ့ စီးပွား ရေး ဖွံ့ဖြိုးမှုတို့အတွက် ပြုပြင်ပြောင်းလဲမှုများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုများစွာကို သမ္မတတစ်ယောက်အနေနဲ့ စွမ်းအား ရှိသလောက် ဆောင်ကြဉ်းခွင့်ရတဲ့အတွက်ရော၊ ပြုပြင်ပြောင်းလဲမှုတွေကို ကိုယ်တိုင်တွေ့ကြုံ ပါဝင်ပတ်သက်ရတာတွေရော ကျွန်တော့်အတွက်တော့ ကံကောင်းမှုတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီဆုကို ရရှိနိုင်ဖို့အတွက် ကျွန်တော်ဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲ ပါဝင်တယ်ဆိုတာ နားလည်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်နဲ့အတူ လက်တွဲပါဝင်ခဲ့ကြတဲ့သူတွေ၊ အခုလက်ရှိအတူတကွ မျှဝေခံစားပြီး လက်တွဲချီတက်နေကြတဲ့သူတွေ၊ ဆက်လက် ပြီးတော့လည်း ဒီမိုကရေစီခရီးအတွက် လက်တွဲချီတက်ကြဦးမယ့်သူတွေ အားလုံးဟာ ဒီဆုနဲ့ သက်ဆိုင်ကြသူများ ဖြစ်ပါတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ ကျွန်တော့် ပြည်သူပြည်သားများအပေါ်မှာ  ကျွန်တော့်အနေနဲ့ ထားရှိနိုင်ခဲ့တဲ့ မြန်မာနိုင်ငံတော် သစ်ကို ဆောင်ကြဉ်းနိုင်မယ်ဆိုတဲ့ ဒီယုံကြည်ချက်အတွက် ကျွန်တော့်ရင်ထဲက ပျော်ရွှင်မှု အားလုံးကို စကားလုံးအနေနဲ့ ဘယ်လိုမှ မဖော်ပြနိုင်ပါဘူး။

ကျွန်တော်တို့ အားလုံးဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ရှိနေကြပါပြီ။ ကျွန်တော်တို့ဖြစ်ချင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကျွန်တော်တို့အားလုံး အစွမ်းကုန် ဆက်လက် ကြိုးစားကြရမယ်ဆိုတဲ့ အချက်ကိုလည်း ကျွန်တော့်အနေနဲ့ အစဉ်အမြဲ အမှတ်ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခုရရှိဖို့၊ တိုင်းရင်းသားလူမျိုးအားလုံးစုံလင်ပြီး လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖို့အတွက် အတိတ်ကကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို အတူတကွ ပြန်လည် ကုစားကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့မရနိုင်သလို ဒီမိုကရေစီမရှိဘဲနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီမျှော်လင့်ချက်အသစ်တွေနဲ့ မြန်မာနိုင်ငံကို လာရောက်လေ့လာကြဖို့လည်း အားလုံးကို လှိုက်လှဲဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။ ဒီမိုကရေစီဆိုတာ မျှော်လင့်ချက်သက်သက်၊ အတွေးအခေါ်သက်သက်မဟုတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ အခြေခိုင်ဖို့အတွက် လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ၊ ဒီိမိုကရေစီအလေ့အကျင့်တွေကို စတင်တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ နှုန်းစံတွေဖြစ်တဲ့ ညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးရင့်ကျက်မှု စတာတွေကို ပြုစုပျိုးထောင် နေတာဖြစ်ပါတယ်။ ဒီမိုကရေစီက ပေးအပ်ထားတဲ့ တစ်ဦးတစ်ယောက်ချင်း စီရဲ့ လွတ်လပ်မှုကို ကျင့်သုံးတဲ့နေရာမှာ တခြားသူ တစ်ယောက်ရဲ့အခွင့်အရေးကို မထိပါး မိစေဖို့၊ အနှောက်အယှက်မပြုမိစေဖို့အတွက်လည်း မိမိတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

အတိတ်က စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေဟာ ဒီအချိန်မှာတော့ လက်တွေ့ကျကျ အကောင်အထည်ဖော်လို့ရနေပါပြီ။ အရာအားလုံး ဖြစ်နိုင်တယ် ဆိုတဲ့ အချိန်တွေကို ရောက်ရှိနေတဲ့အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်တွေမှာ ဖြစ်နိုင်ခြေအားလုံးကို အနာဂတ်အတွက် အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ အဖြစ် ပြောင်းလဲနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။

မိမိတို့မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းတဲ့၊ နိုင်ငံရေးရင့်ကျက်မှုရှိတဲ့၊ အပြန်အလှန် လေးစားတတ်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ခေတ်မီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရောက်ရှိအောင် ကျွန်တော်တို့ အားလုံးစုပေါင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိတာကိုလည်း မိမိအနေနဲ့ သဘောပေါက်ထားတဲ့နည်းတူ ပြုပြင်ပြောင်းလဲမှုတွေကို စေတနာမှန်ကန်စွာ၊ စိတ်အားထက်သန်စွာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ အားပေးကူညီမယ့် မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အများကြီးရှိတဲ့အတွက်လည်း များစွာ အားတက်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခရီးရှည်ကြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရှိနေပေးဖို့လည်း မျှော်လင့်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။

.. www.MyanmarExpress.net
 

6 comments:

အဲဒါမှ ထိုက်ထိုက်တန်တန်၇တဲ့ ဆုကွ။မှတ်ထားကြ။

မှန်တာပေါ့

ဦးသိန်းစိန်ရတဲ့ဆုကတန်ပါတယ် ဘယ်လိုဆုဘဲဖြစ်ဖြစ်ပါ
သူ့အရည်အချင်းအစစ်နဲ့၇တော့တန်ဖိုး၇ှိစွာဂုဏ်ယူပါတယ်
သမ္မတကြီး..တခြားသောနိုဗယ်ဆု(လိမ်လည်ဆု)ရထားသော
ပုဂ္ဂိုလ်တွေကတော့မနာလိုလောက်ဘူး. ဘာလို့လဲဆိုတော့သူ့တုန်းက
ရတဲ့ဆုကမသမာမှုတွေပါတယ်လို့ကြားသိရပါကြောင်း. နောက်တခုက
ပြည်ပကဒီမိုခွေးရူးတွေကလဲနည်းမျိုးစုံနဲ့အသနားခံပြီးဒီဆုရဖို့တော်၂
ကြိုးပမ်းကျရကြောင်း သတင်းတွေထွက်လာပါပြီ. သူ့နောက်လိုက်များ
ကလည်းအမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားများဖြစ်ပြီး
မပီသသောခေါ့င်းဆောင်နှင့်တွဲဖက်ပြီးဆက်လက်လိမ်လည်မှုတွေ
ဖော်ဆောင်မယ်. ကုလားတွေစီကလိမ်စားမယ် နိုင်ငံတကာမှာလဲ
မျောက်ပြဆန်တောင်းစားပြီး ရေပေါ်ဆီနိုင်ငံရေးများလုပ်ဆောင်ပြီး
လိမ်လည်မှုတွေနဲ့အတူ ဆုရရှိသော သမ္မတကြီးအားနည်းမျိုးစုံ
နဲ့ဆက်လက်အပုတ်ချသွားမည်ဟု ဒီမိုခွေးရူးများထံမှသတင်းရ၇ှိပါသည်

သမ္မတကြီးကျန်းမာပါစေခင်ဗျာ

ဘကြီးမှတ်မိသေးတယ်ကွာ။ပုသိမ်အ-ထ-က(၁) အ၇င်တုံ့းကဟိုက်စကူးကျောင်းပေါ့။ဘတ်စကက်ဘောကွင်းမှာသမတကြီးကျောင်းသားဘ၀ကကစားခဲ့တာ။သိပ်ကြိုးစား၇ိုးသားတဲ့သူပေါ့။

သမ္မတကြီးရဲ့ မိန့်ခွန်းမှာ သူ့ကြောင့်ရတာ မဟုတ်ပါ ပြည်သူများပါဝင်လို့ ရတာ
ပါတဲ့ ဘယ်လောက်ကောင်းတဲ့ အသုံးနှုန်းလေးလဲ သူများကိုဘယ်တော့မှ
မပုတ်ခတ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်