From :
..သမ္မတရုံး




နေပြည်တော် ဧပြီ ၂၅
..
www.MyanmarExpress.net




နေပြည်တော် ဧပြီ ၂၅
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌
ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့
တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အဖွဲ့ဝင်များ
လိုက်ပါလျက် ဧပြီ (၂၅) ရက် ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် အင်ပါယာ
ဟိုတယ်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ပြီး ဘန်ဒါဆရီဘီဂါဝန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
ဘန်ဒါဆရီဘီဂါဝန်မြို့မှ ဒေသစံတော်ချိန် ညနေ (၃) နာရီတွင် အပြည်ပြည်ဆိုင်ရာ
မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ
ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ
အဆင့်မြင့် အရာရှိကြီးများ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ
သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် သံရုံးမှ ဝန်ထမ်းများနှင့်
မိသားစုဝင်များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဘန်ဒါဆရီဘီဂါဝန်မြို့မှ ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့အား
ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးကျော်ဆန်း၊
ဦးမြတ်ဟိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဦးဝင်းရှိန်၊ တိုင်းမှူး
ဗိုလ်ချုပ် မောင်မောင်အေးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌
ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကံဇော်၊
ဒုတိယဝန်ကြီး ဦးဇင်ယော်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ ဒေါ်စန္ဒာခင်နှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်