Subscribe to our RSS Feed

တန်ဖိုးနည်းဖုန်းချထားပေးမှုအခက်ခဲမရှိသေး ၊ တန်ဖိုးနည်းဖုန်း တစ်အိမ်ထောင်လျင် တစ်လုံးသာချပေးရန်ညွန်ကြား

From : .popular

ယနေ့နံနက်ပိုင်းမှ စတင်ရောင်းချပေးသော တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် SIM ကတ် ဖုန်းများကို ရပ်ကွက်
အုပ်ချုပ်ရေးမှုး ရုံးများမှ တဆင့် ချထားပေးရာတွင် လတ်တလော၌ အခက်အခဲနှင့် တိုင်ကြားမှုများ မရှိ
သေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ် အုပ်ချုပ်ရေးမှုး ရုံးအချို့မှ စုံစမ်းသိရှိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊မြောက်ဒဂုံ၊ဒေါပုံ၊
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် လှိုင်မြို့နယ် ရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်
ဖြေကြားခဲ့ခြင်းဖြစ်သည်။TTL




ယနေ့နံနက်ပိုင်း မှ စ၍ ပြည်သူ့ထံသို့ချထားရောင်းချပေးနေသော တန်ဖိုးနည်း ၁၅၀၀ ကျပ်တန်
ဆင်းကတ်များကို (အိမ်ထောင်စု တစ်စု)တစ်အိမ်ထောင်လျင် တစ်လုံးသာ လတ်တလောရောင်းချ ပေးသွားရန် ယနေ့ညနေပိုင်းတွင် ညွန်ကြားလိုက်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
နောက်ဆက်တွဲ ညွန်ကြားမှု အရ ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံး အဖွဲ့တို့မှ ဆင်းကတ်လာရောက်လျောက်ထားသူများကို ယခင် က လက်ကိုင်ဖုန်းပိုင်ဆိုင်မှု ရှိ မရှိ ထည့်သွင်းစစ်ဆေးမေးမြန်းကာ ခွဲတမ်းချ မဲစနစ်ဖြင့် ပြုလုပ်ပေးသွားရမည် ဖြစ်ကြောင်းသိရသည်။
 


.. www.MyanmarExpress.net
 

4 comments:

တစ်အိမ်ထောင်တစ်လုံးလားတစ်ယောက်တစ်လုံးလား တစ်အိမ်ထောင်တစ်လုံးဆိုရင်တော့ စမ်းချောင်းမြောက်ပိုင်း ထ ၃ကျောင်းမှာမိသားစုသုံးယောက်စလုံးလက်ကိုင်ဖုံးရှိရဲ့သားနဲ့သုံးယောက်စလုံးဖုံးပေါက်တယ် သူတို့ဟာသူဌေးတွေလည်းဖြစ်တယ်လို့ပြောနေကြတယ် တကယ်ဖုံးကိုင်ချင်တဲ့အခြေခံလူတန်းစားတွေအတွက်နစ်နာပါတယ်။ဖုံးခွဲတမ်းက ၉၇လုံးပဲရှိတာ သူတို့က၃လုံးတောင်ပေါက်တာဆိုတော့နည်းနည်းတော့လွန်တယ် ပြီးတော့လက်ကိုင်ဖုံးကိုယ်စီနဲ့နောက်ပြီးတစ်မိသားစုထဲ။ MEရေ။


***FOR OUR COUNTRY AND FOR OUR PEOPLE***

1-OUR PHONE SERVICE IS POOR.
2-INTERNET SERVICE IS ALSO POOR.
3-ALL THE TELECOM SERVICES SHOULD OPERATE LIKE IN BUSINESS MANNAR.
4-THE BUSINESS DEALING SHOULD BE SIMPLE AND STRAIGHT FORWARD.
5-PROVIDE THE SERVICES IF THE PUBLIC LIKE TO USE IT;AND INCREASE THE REVENUE.
6-CAN NOT UNDERSTAND WHY RESTRICTIONS AFTER RESTRICTIONS AND TAKING LONG TIME TO REACH OUR GOAL.
7-LIKE TO SEE OUR COUNTRY PROGRESS AND DEVELOPMENT WELL AHEAD OF OTHER COUNTRIES.
8-WE HAVE TO WORK HARD TO MOVE VERY FAST FORWARD AND UPWARD AND MAKE OUR COUNTRY IS THE BEST IN THE WORLD.

WITH MYITTA...


မ၇သေးသောသူများကိုဦးစားပေးပါ။ဖုန်း၇ှိပြီးသားကောင်တွေ၇ပ်ကွက်၇ုံးမှာယောင်ပေပေသွားလုပ်မမနေနဲ့။

အေးဟ ငါတို့နားမှာ ဖုံးကိုင်ထားတဲ့ငနဲကသူဖုံးပေါက်တဲ့အကြောင်းသူ့သူငယ်ချင်းကိုလှမ်းဖုံးဆက်ပြီးပြောနေတာတွေ့တယ် ။ ဖုံးမရှိတဲ့အိမ်ထောင်စုတွေကိုဦးစားပေးသင့်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်