Subscribe to our RSS Feed

ပဋိပက္ခကြောင့် ရပ်ထားသည့် မိတ္ထီလာ သိပ္ပံနှင့်နည်းပညာ စာမေးပွဲများ မေလ ၆ ရက်တွင် ပြန်စစ်မည်

From : popular

ပဋိပက္ခကြောင့် ရပ်နားထားသည့် မိတ္ထီလာမြို့မှ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် စာမေးပွဲများကို မေလ ၆ ရက်တွင် ပြန်လည်စစ်ဆေးမည်ဟု သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာနမှ သိရသည်။

”ပထမနှစ်ဝက် စာမေးပွဲရဲ့ ပထမ ဘာသာကို ဖြေဆိုခဲ့ပြီးဖြစ်ပေမယ့် အဲ့ဒီ ဖြေပြီးတဲ့ စာမေးပွဲကို ကျွန်တော်တို့ မယူတော့ဘူး။ ကျောင်းသားတွေ နစ်နာ မှာစိုးလို့ပါ”ဟု အဆိုပါ ဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးက ပြောသည်။ မိတ္ထီတာအ ခြေစိုက် လေကြောင်းနှင့်အာကာသ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် နည်းပညာ သင်တန်းကျောင်းများအား စာမေးပွဲများ စစ်ဆေးသွားနိုင်ရန် မေ ၂ ရက်တွင် ဖွင့်လှစ်မည်ဟု လည်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ မိတ္ထီလာတွင် သိပ္ပံနှင့်နည်းပညာ ကျောင်း သား၊ ကျောင်းသူ ၃၉ဝဝ နီးပါး ရှိနေရာ ထိုကျောင်းသား၊ ကျောင်းသူ များ အားလုံး အကျုံးဝင်မည်ဟု ရုံးအဖွဲ့ မှူးထံမှ သိရသည်။ပညာရေးဝန်ကြီးဌာန လက်အောက် ရှိ မိတ္ထီလာတက္က သိုလ်နှင့် မိတ္ထီလာစီး ပွားရေးတက္ကသိုလ်မှာမူ ဇွန်ပထမ ပတ်တွင် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ရပ်နားလိုက်ရသော စာမေးပွဲများကို ဇွန်လနောက် ဆုံးပတ်ထဲတွင်သာ စစ် ဆေးမည်ဟုအဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်) ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်းထံမှ သိရသည်။”ကျွန်တော်တို့က ပုံမှန်ဆိုဇွန်လထဲ မှာပဲ ဖွင့်တော့ အဲဒီအချိန်မှာပဲ တစ်ခါ တည်း ဖွင့်လိုက်တာပါ။ နောက်ပြီး ဖြေ လက်စ စာမေးပွဲမှာက ဘွဲ့ကြို နှစ်ဘာ သာပဲ ကျန်တော့ ကျန်ခဲ့တဲ့ ဒီ နှစ်ဘာ သာကိုပဲ စစ်ဆေးမယ်။ ကျန်တဲ့ အတန်း တွေကအားလုံးပြီးသွားတော့ အောင် စာရင်းတောင် ထုတ်တော့မယ်”ဟု ဒေါက်တာသိန်းဝင်းက ပြောသည်။ ဝိဇ္ဇာ၊ သိပ္ပံနှင့် စီးပွားရေး တက္က သိုလ်တို့မှ ကျောင်းသား၊ ကျောင်းသူ ၄ဝဝဝ ခန့်မှာ ကျန်ရှိခဲ့ သည့် နှစ်ဘာသာ ကို ဖြေဆိုကြရမည်ဖြစ်သည်။ မိတ္ထီလာ အခြေခံ ပညာကျောင်း များ၌လည်း စကောလားရှစ် စာမေးပွဲ များကို ဇွန်လထဲတွင်ပင် စစ်ဆေးမည် ဟု လည်း ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူထံမှ သိရသည်။
 
 .. www.MyanmarExpress.net
 
4 comments:

1-NICE TO READ THE ABOVE ARTICLE.
2-THANK TO ALL GOVERNMENT OFFICIALS MAINTAINING FOR PEACE,LAW AND ORDER SO THAT STUDENTS CAN CONTINUE THEIR EDUCATION.
3-WE BELIEVE MINISTRY OF EDUCATION,ALL UNIVERSITIES AND SCHOOLS ARE TRYING TO IMPROVE OUR EDUCATION SYSTEM ABREAST WITH INTERNATIONAL STANDARD.
4-PLEASE UPGRADE OUR EDUCATION SYSTEM AS NECESSARY.
5-WE HAVE A REASONABLE GOOD EDUCATION SYSTEM BUT WE ALL KNEW TOTALLY MESS UP AND DOWN GRADED TO LOWEST LEVEL.WE ALL KNEW WHY?BUT NO COMMENT.
6-WE ALL SUFFERED IN OUR EDUCATION.
7-WE ALL KNOW AND THANK TO OUR PRESIDENT U THEIN SEIN,OUR NEW DEMOCRATIC GOVERNMENT,LUTTAWS,JUDICIAL AFFAIRS AND ALL ARMED FORCES WORKING VERY HARD FOR OUR COUNTRY AND OUR PEOPLE.

WITH MYITTA...

ပြေး၇လွှား၇ဒါနဲ့ စာတွေေ၇ာခေါင်းထဲ၇ှိသေး၇ဲ့လား အမောင်ကျောင်းသားတို့။

မူစ လင် ရှိ တဲ့ နိုင် ငံ တိုင်း ၊ မီးတောင် ပေါက် ကွဲ သ လို ပဲ၊ မငြိမ်း ချမ်း ဘူး၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်