ကိုယ်စားလှယ်အချို့က ဇန်န၀ါရီလ နောက်ဆုံးပတ်မှာ ဝေဖန်ခဲ့သည့် တပ်မတော်က လုပ်ဆောင်နေ သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေလုပ်ငန်းများမှ ပြင်ပသို့ရောင်းချခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရန် အထောက်အကူဖြစ်စေသည်ဟု ကာကွယ်ရေး ဒု-၀န်ကြီးက ဖေဖေါ်ဝါရီ ၅ ရက်က ပြည်ထောင်စုလွှတ် တော်တွင် ကာကွယ်ပြောဆိုလိုက်သည်။
တပ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှာ တပ်ရန်ပုံငွေရှာရန် မဟုတ်ဘဲ “ပိုလျှံသည်များရှိမှသာ ပြင်ပသို့ရောင်းချစေခြင်းအားဖြင့် ရောင်းလိုအားပိုမိုတိုး တက်လာစေပြီး ပြင်ပ၏ကုန်ဈေးနှုန်း တည်ငြိမ် စေရေးအတွက် အထောက်အကူ ပြုစေပါတယ်” ဟု ဒု-၀န်ကြီးဗိုလ်ချုပ်ကျော်ညွှန့်က ပြောသည်။
ဇန်န၀ါရီက အစိုးရ၏အမျိုးသားစီမံကိန်း ဥပဒေကြမ်းကိုဆွေးနွေးစဉ် လွှတ်တော်အမတ်အချို့က တပ်မ တော်၏စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအပေါ် ထောက်ပြအပြီး တစ်ပတ်ခန့်အကြာတွင် ဗိုလ်ချုပ် ကျော်ညွှန့်က ပြန်ရှင်းပြခြင်း ဖြစ်သည်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းကို ဆွေးနွေးစဉ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းက စိုက်ပျိုးရေးလုပ် ငန်းကို တပ်မတော်က ဆောင်ရွက်နေသည်မှာ နိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုဆုံးရှုံးသလို တပ်မတော်သား များအတွက်လည်း အကျိုးမရှိဟု ထောက်ပြထားသည်။ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေး ဘွဲ့ရရှိထားသူလည်းဖြစ်သူ ဦးစိန်ဝင်းက “စိုက်ပျိုးရေးလုပ်ငန်းကို တပ်မတော်ကပါဝင် ဆောင်ရွက်နေခြင်း ဟာ ကျွန်တော့်အမြင်တော့ သိပ်သဘောမကျပါဘူး။ စိုက်ပျိုးရေးကို တပ်မတော်က ပါဝင်ပတ်သက်နေ တာဟာ စစ်စွမ်းအားကိုဖြုန်းတီးရာ ရောက်ပါတယ်” ဟု ဝေဖန်ခဲ့သည်။
ယင်းအပြင် မြေပုံမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ် ဦးဖေသန်းကလည်း တပ်မတော်က စိုက်ပျိုးမွေး မြူရေးလုပ်ငန်းကို မည်သည့်အတွက်ကြောင့် ဆောင်ရွက်နေသလဲဟု မေးခွန်းထုတ်ခဲ့သည်။
“ရှေ့တန်းမှာ ပင်ပန်းဆင်းရဲခံပြီး အသက်ပေးတိုက်ကြရပြီး နောက်တန်းကို ခဏတဖြုတ် အနားယူပြန် တော့လည်း လေ့ကျင့်ရေးကတစ်ဖက်၊ လယ်ထွန်နွားကျောင်းပြီး ဒုက္ခရောက်ရရုံမက တပ်တွင်းစည်းလုံး ညီညွှတ်မှုကိုပါ ထိခိုက်စေပါတယ်” ဟု ဦးဖေသန်းက ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ဦးဖေသန်း၏ ဝေဖန်မှုအပေါ် ကာကွယ်ရေး ဒု-၀န်ကြီးက လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်လာသည့်အတွက် ရှေ့တန်းထွက်ရသည့်အချိန်ထက် အနားယူ သည့်တပ်များ ပိုများလာသည်ဟု တုံ့ပြန်လိုက်သည်။
စိုက်ပျိုးမွေးမြူရေးကို တပ်မတော်မှ ဆောင်ရွက်နေခြင်းမှာလည်း “စစ်သည်များ စားဝတ်နေရေးကိစ္စများ အတွက် သုံးစွဲနိုင်တဲ့အပြင် ပိုလျှံငွေကို တခြားလူမှုကိစ္စများကို အကျိုးရှိရှိသုံးစွဲနိုင်ကြောင်း တင်ပြအပ်ပါ တယ်” ဟု ကာကွယ်ရေးဒု-၀န်ကြီးက ပြန်ရှင်းပြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်