From :
.Planet Myanmar Network
တစ်ချိန်က ဆေးခြောက်သုံးစွဲဖူးကြောင်း ကိုယ်တိုင်ဝန်ခံခဲ့သည့် မိုင်လီက သူမသည် ဒီဇင်ဘာလ အစောပိုင်း ကတည်းက လုံးဝ ဆေးလိပ်မသောက်ဖြစ်တော့ဟု အတည်ပြုခဲ့
စီးကရက်သောက်သည့် အလေ့အထကို အပြီးတိုင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း မိုင်လီဆိုင်းရပ်စ်က ဂုဏ်ယူစွာဖြင့် ပြောကြားလိုက်သည်။ Wrecking Ballစတား အဆိုတော်က သူမအနေဖြင့် ဆေးလိပ်ဖြတ် လိုက်သည်မှာ လပိုင်းမျှ ရှိနေပြီဟု ဆိုသည်။ တစ်ချိန်က ဆေးခြောက်သုံးစွဲဖူးကြောင်း ကိုယ်တိုင်ဝန်ခံခဲ့ သည့် မိုင်လီက သူမသည် ဒီဇင်ဘာလ အစောပိုင်း ကတည်းက လုံးဝ ဆေးလိပ်မသောက်ဖြစ်တော့ဟု အတည်ပြုခဲ့သည်။ မိုင်လီက "(၂)လလုံးလုံး စီးကရက်လုံးဝ မသောက်ဘဲ နေခဲ့တယ်။ ကိုယ့်ဖာ သာ တော်တော်ဂုဏ်ယူနေမိတယ်"ဟု Twitterပေါ်တွင် ရေးသားခဲ့သည်။ ဖျော်ဖြေပွဲ အစီအစဉ် စင်မြင့်ပေါ်တွင် စီးကရက် ထုတ်သောက်သဖြင့် ဝေဖန်စရာများ ဖန်တီးခဲ့သည့် မိုင်လီအနေဖြင့် ယင်းအကျင့်ဆိုးကို စွန့်လွှတ်ရန် စိတ်ပြောင်းလာခြင်းလည်း ဖြစ်သည်။
သူမသည် မတ်လတွင် ထုတ်ဝေမည့် Wမဂ္ဂဇင်းအတွက် အင်တာဗျူး အစီအစဉ်၌ ရိုနန်ဖာရိုးအား သူမကိုယ်တိုင် ဆေးခြောက်သုံးဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။ "ကျွန်မက ဆေးခြောက်ကို ကြိုက်တယ်။ ကျွန်မအတွက်တော့ ဆေးခြောက်ဆိုတာ ရှင်သန်နေထိုင်မှုမှာ ပျော်စရာ ဖြစ်စေတဲ့ အရာတစ်ခုပဲ"ဟု မိုင်လီက ဆိုသည်။ ယခုသီတင်းပတ် အစောပိုင်းက မိုင်လီ၏ အခင်မင်ဆုံး သူငယ်ချင်း တစ်ဦးဖြစ်သော ဒမ်မီလိုဗာတိုကလည်း အနုပညာ လောကတွင် ကြယ်ပွင့်များ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင် ပြောဆိုခဲ့သေးကြောင်းလည်း သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်