From : Planet Myanmar Network
စူပါမော်ဒယ်လ် အီဗာသည် ရိုင်ယန်နှင့် လမ်းခွဲဖြစ်ခဲ့ပြီဟု ဗုဒ္ဓဟူးနေ့တွင် သတင်းများ စတင်ပျံ့နှံ့လာသည်။
အီဗာမန်းဒက်စ်နှင့် ရိုင်ယန်ဂေါ်ဆလင်တို့ လမ်းခွဲရန် ဆုံးဖြတ်ခဲ့မှုတွင် အီဗာဘက်မှ ပျက်ကွက်မှုများက အဓိက ကျခဲ့ကြောင်း နီးစပ်သူများက သုံးသပ် ပြောဆိုခဲ့သည်။ စူပါမော်ဒယ်လ် အီဗာသည် ရိုင်ယန်နှင့် လမ်းခွဲဖြစ်ခဲ့ပြီဟု ဗုဒ္ဓဟူးနေ့တွင် သတင်းများ စတင်ပျံ့နှံ့လာသည်။ ၎င်းတို့နှစ်ဦးသည် ခရစ္စမတ် ကာလကတည်းက သီးခြားခွဲ၍ နေထိုင်နေကြောင်းလည်း သိရသည်။ အသက်(၃၉)နှစ်ရှိ အီဗာအနေဖြင့် ကျော်ကြားမှုကို ဦးစားပေးလွန်းပြီး ယင်းအခြေအနေကို အသက်(၃၃)နှစ်အရွယ် ရိုင်ယန်က လက်ခံပေးရန် ခက်ခဲလာကြောင်း နီးစပ်သူများက ဆိုသည်။
၎င်းတို့နှစ်ဦးသည် (၂)နှစ်မျှ အတူတွဲနေခဲ့ပြီးမှ ယင်းဆက်ဆံရေးကို အဆုံးသတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ "အရမ်းဆိုးရွားတဲ့ ပြဿနာမျိုးတော့ မတက်ခဲ့ပါဘူး။ စက်တင်ဘာလလောက်မှာ အကြိတ်အခဲတွေ စဖြစ်လာတယ်။ နောက်တော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ လမ်းခွဲဖို့ ရွေးချယ်ခဲ့ကြတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ကြားမှာ မတူညီမှုတွေ ရှိနေတာပဲ။ အီဗာက ဟောလီးဝုဒ်၊ ပါတီ၊ ပွဲလမ်းသဘင်တွေမှာပဲ အဓိက ပျော်မွေ့နေတယ်။ အိမ်ပြင်ထွက်နေရတာကိုပဲ ကြိုက်တယ်။ ရိုင်ယန်ကတော့ အိမ်မှာပဲ နေလေ့ရှိတယ်။ တကယ်တော့ ခုချိန်ဟာ လက်ထပ်ဖို့ စဉ်းစားသင့်ပြီဆိုတာ နှစ်ယောက်လုံးသိတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ ရွေးချယ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကိုတော့ ဘယ်သူမှ မသေချာကြဘူးလေ"ဟု ယင်းတို့၏ မိတ်ဆွေတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်အပေါ် နှစ်ဖက်စလုံးက နှုတ်ဆိတ်နေပြီး ရိုင်ယန်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကမူ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ယခင်ကတည်းက အင်တာဗျူး အစီအစဉ်များတွင် ရိုင်ယန်သည် မိသားစုဘဝ တစ်ခုကို ထူထောင်လိုကြောင်း ပြောဆိုဖူးပြီး အီဗာကမူ ကလေးမွေးချင်စိတ် မရှိဟု ဖွင့်ဟခဲ့ဖူးကြောင်းလည်း သိရှိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်