From :
.https://www.facebook.com/myanmarpeoplepower/posts/263000870534018
မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးအတွက် ဟောပြောပွဲအား ဖေဖော်ဝါရီလ ၂ ရက်နေ့က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ လူဦးရေ သုံးထောင်ခန့် တက်ရောက်ခဲ့ကာ ဟောပြောပွဲ မစတင်မီ ဆန့်ကျင်စာရွက်များ ဖြန့်ဝေခဲ့ကြောင်း၊ ဟောပြောပွဲကျင်းပနေစဉ် နှောက်ယှက်မှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်ကြုံတွေ့သူများထံမှ သိရသည်။
အဆိုပါပွဲ မကျင်းပမီ ပါတီဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိသော NLD ပါတီဝင် အချို့က ဗိုလ်စိန်မှန်ကွင်းပတ်လည်တွင် ပုဒ်မ ၅၉(စ) မပြင်သူ ဒို့ရန်သူ ဟု ရေးသားထားသော စာရွက်များကို ကွင်းပြင်လမ်းမပေါ်တွင် လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အလားတူ ဗဟန်းမြို့နယ် NLD ပါတီဝင်အချို့က အားကစားဝတ်စုံများဖြင့် ဘောလုံးအပေးအယူ ကစားသည့် ပုံစံမျိုး ပြုလုပ်ရန် ကြိုတင်စီစဉ်ထားသည့်အတိုင်း ကစားခဲ့ပြီး OIC ၏ ထောက်ပံ့ကူညီမှုဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ခရိုနီတစ်ဦးပိုင် မြန်မာမီဒီယာဂရုဖ်မှ ထုတ်ဝေသော မြန်မာပို့စ်ဂျာနယ်တွင် အကွက်ကျကျ ဖော်ပြခဲ့ကြောင်း သိရှိရသည်။ မြန်မာပို့စ်ဂျာနယ်သည် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကို အစဉ်တစိုက် တောင်းဆိုရေးသားခဲ့သော ဂျာနယ် ဖြစ်သည်သာမက ပိုင်ရှင် ဖြစ်သူမှာ OIC ကိုယ်စားလှယ်အဖွဲ့များ ရောက်ရှိခဲ့စဉ်က တိတ်တဆိတ်တွေ့ဆုံဆွေးနွေးခဲ့သူတစ်ဦင်္း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် NLD ပါတီဝင်များသည် ဗိုလ်စိန်မှန်ကွင်းပတ်လည်ရှိ ဆိုင်ကလေးများတွင် ဖြန့်ခွဲနေရာယူကာ ဟောပြောပွဲတက်ရောက်လာကြသူများကို လှောင်ပြောင်ခဲ့ကြကြောင်း၊ လူထုဟောပြောပွဲတက်ရောက်သူ ပြည်သူများ ၄င်းတို့အနီးမှ ဖြတ်သွားလျှင် သုံးထောင်စားတွေ လာပြီ ဟု ကျယ်လောင်စွာ အော်ဟစ်လှောင်ပြောင်ခဲ့ကြကြောင်း သိရှိရသည်။
ဓမ္မစက္က ဦးမောင်မောင် ဟောပြောနေချိန်တွင်လည်း သာဓုပါ ကပ္ပိယကြီး ငပေါကြီး ဆင်းပါတော့ ဟု သံသေး သံကြောင်များဖြင့် အော်ဟစ်နှောက်ယှက်ခဲ့ကြသလို ၅၉ (စ) ကိုထောက်ခံပါတယ် ဟု သံပြိုင်အော်ချိန်တွင် NLD ပါတီဝင်များက
"ထောက်ခံတဲ့သူတွေ စောက်ရူး၊ ထောက်ခံတဲ့သူတွေ စောက်ရူး" ဟူ၍
ကျယ်လောင်စွာ ၀င်အော်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောကြသူများအနက် "နိုင်ငံခြားသား တိုင်းတစ်ပါးသားနဲ့ ဆွေမျိုးတော်ရင် ဒါလေးတော့ ပြဌာန်းလိုက်ပါ ဆိုရင် ကျွန်တော်တို့ နိုင်ငံ ကုန်ပြီ" ဟု ဦးနေမျိုးဝေက ထည့်သွင်းပြောကြားခဲ့ပြီး ဒေါ်ခင်ဝိုင်းကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း (၂)ဦးထဲက ရွေးရမည် ဆိုလျှင် သမ္မတအဖြစ် ဦးရွှေမန်းကိုသာ တင်မြှောက်မည် ဖြစ်ကြောင့် ပေါ်ပေါ်ထင်ထင် ထည့်သွင်း ဟောပြောသွားခဲ့ကြောင်း သိရသည်။
NLD ပါတီဝင်များ၏ နှောက်ယှက်မှုများနှင့်ပတ်သက်၍ မြန်မာအမျိုးသား ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက "ဒီပွဲမှာ ဒီလို အောက်တန်းကျတဲ့ လုပ်ရပ်ကို လုပ်တာ လူထုပါတီကြီး တဲ့လား၊ ဒီလို အောက်တန်းစားလုပ်ရပ်ကို လုပ်တာ ဒီမိုကရေစီ ပါတီကြီး တဲ့လား၊ ဒါမျိုး လုပ်တာ အရှက် ရှိတဲ့ ပါတီကြီး တဲ့လား၊ ဒါပေမယ့် တစ်ခု မှတ်ထားလိုက်ပါ....ဒီလုပ်ရပ်ဟာ ဘယ်သူ့ကိုမှ ခြေမထိုး၊ ဘယ်သူ့ကိုမှ တိုက်ခိုက်မှု မလုပ်တဲ့..မြန်မာအမျိုးသားရေးဝါဒီ လူငယ်တွေကို စိန်ခေါ်လိုက်တာ ပါပဲ။ ဖေဖော်ဝါရီ ၂ ရက်နေ့ ပွဲက ဘယ်နိုင်ငံရေးသမား ဘယ်ပါတီကမှ မြှောက်ပင့်ပေးတာ မဟုတ်ဘူး။ လူမှုကွန်ရက်စာမျက်နှာမှာ ရင်းနှီးကြတဲ့ လူငယ်လေးတွေ တစ်ယောက်နဲ့တစ်ယောက် မြင်တောင် မမြင်ဘူးကြတဲ့ စိတ်တူကိုယ်တူတွေ စုပေါင်းပြီး လုပ်တဲ့ ပွဲပါ။ ဒီတစ်ပွဲတည်းနဲ့ ပွဲမပြီးပါဘူး။ တစ်နိုင်ငံလုံးမှာ ဒီလို ပွဲတွေ ဆက်ပြီး လုပ်ကြဦးမှာပါ။ ဒီလူငယ်ထု၊ အမျိုးသားရေးတက်သစ်စတွေကို စိန်ခေါ်လိုက်တဲ့ အောက်တန်းကျတဲ့ NLD တူသော အကျိုး ပေးပါလိမ့်မယ်။ NLD ပါတီ အောက်တန်းကျသလို ကျွန်တော်တို့ အောက်တန်းမကျဘူး။ ဘာဖြစ်လို့လဲ သိလား။ ကျွန်တော်တို့က အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်ကို သိပ်အလေး ထားတာ။ ထိခိုက်စေမယ့် ပြဿနာတွေ မဖြစ်အောင် ကျွန်တော်တို့ လူငယ်တွေ ထိန်းနိုင်ခဲ့တယ်။ အဆင့်အတန်းဆိုတာ ဘယ်လိုမျိုးလဲ ပြခဲ့ကြတယ်" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ယင်းလူထုဟောပြောပွဲသို့ တက်ရောက်ခဲ့သော သံဃာတော်တစ်ဦးကလည်း "NLD ပါတီကတော့ တစ်ကယ့်ကို စိတ်ပျက်စရာ လုပ်ရပ်ကို လုပ်သွားတာ လို့ပဲ ဦးဇင်းတို့ မြင်မိပါတယ်။ တကယ်တော့ NLD ပါတီဟာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေကို ရန်စ စိန်ခေါ်လိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်။ ပြောရရင်တော့ တော်တော်လေးကို ရွံဖို့ ကောင်းတဲ့ လုပ်ရပ်ပါ။ ဒါတွေက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမိန့် နဲ့ လုပ်တာလား၊ သူတို့ဘာသာသူတို့ လုပ်တာလား အတိအကျ မသိပေမယ့် NLD ပါတီဝင်တွေဆိုတာ ဒီရပ်ကွက်ထဲက လူတွေ သိကြပါတယ်။ မပြင်တဲ့သူ ဒို့ရန်သူ ဆိုတာကရော ဘာသဘောလဲ စဉ်းစားစရာ ရှိတယ်။ ဦးဇင်းတို့ မန္တလေးသံဃာ့ညီလာခံမှာ ဒီအချက်ကို ထည့်သွင်းထားခဲ့တာ ရှိတယ်။ ဦးဇင်းတို့ကိုပါ ရန်သူအဖြစ် သတ်မှတ်လိုက်တာ ဆိုရင်တော့ အတော်လေးကို အန္တရာယ်များတဲ့ လုပ်ရပ် လို့ပဲ ပြောချင်တယ်" ဟု မိန့်ကြားခဲ့သည်။
NLD ပါတီသည် ဗိုလ်စိန်မှန်ကွင်းတွင်း ကျင်းပမည့် လူထုဟောပြောပွဲကို နှောက်ယှက်ရန် ဗဟို ပြန်ကြာရေးအဖွဲ့ဝင် ဦးထင်လင်ဦး ဦးစီး၍ ကြိုတင်စီစဉ်ခဲ့ခြင်း ဖြစ်ပြီး သတင်းမီဒီယာများ၏ ထုတ်ဖော်ရေးသားမှုများကြောင့် ဦးထင်လင်းဦးကို ဤပွဲအား ရှောင်ခိုင်းထားပြီး နယ်ခံပါတီဝင်များကို အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ၅၉(စ)ထောက်ခံသူများ၏ ဟော်ပြောပွဲကို နှောက်ယှက်ရန် NLD ပါတီမှ ဥပဒေအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုနီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်တို့ ပါဝင်သည့် ဦးစီးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ကာ ဆောင်ရွက်ခဲ့ဖွယ်ရာ ရှိသည် ဟု ခန့်မှန်းလျက် ရှိကြောင်း သိရှိရသည်။

6 comments:
Please be patient! NLD is showing its real image of their dirty behavior to nation. Let them go to hell!
စောက် ရှက်မရှိ.. ဘူး မင်း တို့ ပြော တဲ့ ခရို နီ နဲ့ ပေါင်း ပီး ကပ် ဖား ရပ်ဖား လုပ် ပြီး ချမ်း သာ နေ တဲ့ သူ တွေ ရိုက်သက် လို့ မ ကုန် ဘူး အဲ့ လို ပဲ. အမေ ဆု လုပ် ပေး မှာ ပါ အ မေ ဆု ရှိ တယ် နဲ့ အား ကိုး မျှော် လင် ပီ ဘား မှ ဖြစ် မလာ ပဲ..ငတ် ပျက် သေ တာတွေ များ.ရည် လို့ တောင် မလောက် ဘူး
ခိုင် င်္လု တာလည်းတစ်ချက်မှ
မပါဘူး
NLD is worst than dog.
NLD is worst than shit.
ဦးစီးအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်ပင်ကာ ဆောင်ရွက်ခဲ့ဖွယ်ရာ ရှိသည် ဟု ခန့်မှန်းလျက် ရှိကြောင်း တဲ့
တော်တော် တိတိကျကျ ရေးထားတာပဲ ၊ ဖာသတင်းဋ္ဌာန မှန်း သိသာပါတယ်။ NLD ပါတီဝင်ယောင်ဆောင်ပြီး မင်းတို့ ဖာသတင်းတပ်ဖွဲ့တွေ လိုက်ဖွနေတာပဲ ဖြစ်နိုင်ကြောင်း
အဆင့်မရှိတဲံ NLD ဒါတောင် တိုင်းပြည်တတ်အုပ်ချင်သေး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်