From :
..eleven

သရုပ်ဆောင် အဆိုတော် စိုးသူမှ သီဆိုဖျော်ဖြေစဉ်
သရုပ်ဆောင် အဆိုတော်စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို အခမဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ် ခြောက်သောင်းနီးပါးခန့် လာရောက်ကြည့်ရှုခဲ့သည်ဟု သိရှိရသည်။
အဆိုတော် စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စိုးသူ၏ ထင်ရှားခဲ့သည့် တေးသီချင်းများ သီဆိုမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး Plus Three တီးဝိုင်းနှင့် တွဲဖက်ကာ တေးသီချင်းများစွာကို သီဆိုဖျော်ဖြေပေးခဲ့သည်။ ဖျော်ဖြေမှုများကို အပိုင်းလိုက်ခွဲ၍ တင်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ခေတ္တနားချိန်များအတွင်း သရုပ်ဆောင် အကယ်ဒမီ နေအောင်နှင့် ခင်သန်းနုတို့က စိုးသူ၏ ငယ်ဘ၀ အမှတ်တရများနှင့် အနုပညာဘ၀ စတင်ခဲ့ပုံများကို ပြောပြပေးခဲ့သည်။
ထို့နောက် သရုပ်ဆောင်အဆိုတော် စိုးသူက dancer များနှင့် တွဲဖက်ကာ ထင်ရှားခဲ့သည့် တေးသီချင်းများစွာကို ပါဖောမန့်စ်များဖြင့် တင်ဆက်ခဲ့သည်။ ဆက်လက်၍ သရုပ်ဆောင် အဆိုတော်စိုးသူနှင့် ခေတ်ပြိုင် အနုပညာရှင်များ ဖြစ်ကြသည့် သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်ခင်ဦး စသူတို့ကလည်း စိုးသူနှင့်ပတ်သက်၍ အမှတ်တရ စကားများ ပြောကြားပေးခဲ့ပါသည်။

ပရိသတ်များကြားသို့ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသည့် စိုးသူကို တွေ့ရစဉ်
ထို့နောက် စိုးသူက ဆိုင်ကယ်စီး၍ ပရိသတ်များကြားသို့ ရောက်ရှိလာပြီးနောက် တေးသီချင်းများဖြင့် ထပ်မံသီဆို ဖျော်ဖြေပေးခဲ့သည်။ စိုးသူ ထွက်ရှိခဲ့သည့် တစ်ကိုယ်တော် တေးစီးရီးများမှ တေးသီချင်းများဖြင့်ရော၊ ရုပ်ရှင်တေးသီချင်းများဖြင့်ပါ သီဆိုဖျော်ဖြေပေးခဲ့ခြင်း ဖြစ်သည်။ တေးသီချင်းများ အားလုံးကို တစ်ကိုယ်တော်အဖြစ် သီဆိုဖျော်ဖြေပြခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော့် ပရိသတ်ကို ကျွန်တော် အားပါးတရ ဖျော်ဖြေချင်တာကြောင့် ဒီပွဲလေးကို ပြုလုပ်ဖြစ်တာပါ။ အခုလို ပရိသတ်တွေအများကြီးက လာအားပေးတဲ့အတွက်လည်း ကျွန်တော် ၀မ်းသာပါတယ်။ ကျွန်တော် သီချင်းတွေ အများကြီး ဆိုပြချင်ပါတယ်။ ဒီတစ်ပွဲတင် မဟုတ်ပါဘူး။ နောက်ပွဲတွေ ရှိခဲ့ရင်လည်း ကျွန်တော့်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်" ဟု သရုပ်ဆောင် အဆိုတော် စိုးသူက အမှတ်တရစကား ပြောကြားခဲ့ပါသည်။
စိုးသူ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲသို့ အနုပညာရှင် အများအပြားလည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ လာရောက်ကြည့်ရှု အားပေးခဲ့သူ တစ်ဦးဖြစ်သည့် သရုပ်ဆောင်အကယ်ဒမီ မို့မို့မြင့်အောင်က "မမို့တို့ သူငယ်ချင်းရဲ့ တစ်ကိုယ်တော်ပွဲလေး အခုလို အောင်မြင်တာကို ဂုဏ်ယူပါတယ်။ သူ့ပရိသတ်တွေနဲ့ သူ့ကြားမှာရှိတဲ့ အားပေးမှု ချစ်ခြင်းမေတ္တာကို တွေ့ရတာလည်း တကယ့်ကို ကြည်နူးစရာပါ။ နောက်ထပ်အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေလို့လည်း မမို့ဆုတောင်းပါတယ်" ဟု ပြောပြခဲ့ပါသည်။

ဖျော်ဖြေပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် မေသန်းနုတို့ကလည်း သင်္ကြန်အမှတ်တရ ဖျော်ဖြေမှုဖြင့် အားဖြည့်တင်ဆက်ခဲ့ပါသည်။ ထို့နောက် စိုးသူ၏ အထင်ရှားဆုံး တေးသီချင်းများဖြစ်သော "ကြည်ဖြူပါ"၊ "သိပ်ချစ်တာ သူသိပါကွယ်"၊ "မင်းအကြောင်းသီချင်း" စသည့် တေးသီချင်းများကို စိုးသူက သီဆိုဖျော်ဖြေပေးခဲ့သည်။
စိုးသူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအား Forever Blossom မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး အခမဲ့ လက်မှတ်များဖြင့် ကြည့်ရှု အားပေးစေခဲ့ခြင်း ဖြစ်သည်။ လက်မှတ်များတွင် ထိုင်ခုံလက်မှတ်နှင့် မတ်တပ်ရပ် လက်မှတ်နှစ်မျိုး ခွဲခြားထားပြီး ပရိသတ်ခြောက်သောင်းနီးပါးခန့် ကြည့်ရှုအားပေးခဲ့သည်ဟု သိရှိရသည်။

ပရိသတ်များကြားမှ စိုးသူကို တွေ့ရစဉ်
သရုပ်ဆောင် အဆိုတော် အကယ်ဒမီစိုးသူသည် အနုပညာလုပ်ငန်းများအား ရပ်နားကာ အမေရိကန်နိုင်ငံ၌ အခြေချ နေထိုင်ခဲ့သည်မှာ ၁၁ နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီးနောက် မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးချိန်၌ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခဲ့ရာတွင် ပထမဆုံး ဖျော်ဖြေပွဲအဖြစ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အခမဲ့အနေဖြင့် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် အဆိုတော် စိုးသူသည် ဇာတ်ကားများကိုလည်း မကြာမီ လက်ခံရိုက်ကူးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။
.. www.MyanmarExpress.net

15 comments:
Mar Mar Aye is much better than Soe Thu.Why meg wants to compare?
ဒေါ်မာမာအေးနှင့် စိုးသူတို့၏ ဖျော်ဖြေပွဲ ရည်ရွယ်ချက်ခြင်းက မတူဘူးလေ။ ဒေါ်မာမာအေးက ပြည်သူတွေကို ချစ်လို့လာတာပြောပြီး ဆင်းရဲပါတယ်ဆိုတဲ့ ပြည်သူတွေဆီက ငွေကို ရသလောက် မ ထုတ်သွားတာလေ။ မြန်မာပြည် သိန်းတန်ရဲ့ အကွက်လိုက်နင်းလိုက်တာပေါ့။ ဟိုမှာက ဒီမှာလို အလုပ်မလွယ်ဘူး။ အယုံ မလွယ်တော့ ငွေရှာရတာခက်တယ်။ စိုးသူကျတော Free show ဆိုတော့ ဒီကငွေတွေ ပါမသွားဘူး။ ပြည်သူတွေဆီက ငွေတွေ လိမ်စားတာ လိမ်ယူတာ မဟုတ်ပဲ ပြည်သူတွေ ပျော်စေဘို့ ဖြေဖျော်တာဆိုတော့ ရည်ရွယ်ချက်ခြင်း မတူတော့ ပရိသတ်ကွာတာပေါ့။ ဒါကြောင့် တိုင်းတပါးရောက် အနုပညာရှင်တွေ မြန်မာနိုင်ငံကိုပြန်လာရင် စရိတ်လည်းကျေ၊ အလုပ်လည်းဖြစ် ၊ မလုပ်ပဲ ဆင်းရဲတဲ့ တို့ ပြည်သူတွေဆီက တို့ နိုင်ငံက ငွေတွေ မ မထုတ်သွားပါနဲ့လို့ ပြောပါရစေ။
မာမာအေး , မြန်မာပြည်သိန်းတန် ,မွန်းအောင်,ဂ ရေ ဟမ်.
သူတို့ဟာ ပြည်ပ မှာ သွားကျွန်ခံ လီးစုပ် နေကြပြီးတော့
မြန်မာပြည်ကို ချစ်တယယ် လွမ်းတယ်ပြောပြီး ပြန်လာတဲ့ အချိန် ရ သ လောက် လုပ်စားကြတဲ့ လူတွေပါ။
ကိုစိုးသူ လို ရိုးသားဖြူစင် တဲ့သူနဲ့ မနှိုင်းပါနဲ့
မာမာအေး , မွန်းအောင် တို့လို လူမျိုးတွေဟာ
ပညာ အရည်အချင်း အဆင့်အတန်း ဘာတခုမှ မရှိပဲ ဒုက္ခသည် အမည်ခံပြီး ပြည်ပမှာ တောင်းစားပြီး လီးစုပ် နေတဲ့သူတွေပါ ။ ကိုစိုးသူက တော့ ကိုယ်ပိုင် ပညာနဲ့ အဆင့်အတန်းရှိရှိ နေတဲ့သူပါ
မာမာအေး , မွန်းအောင် တို့လို အောက်တန်းစားတွေနဲ့
စိုးသူ နဲ့ မနှိုင်းပါနဲ့...
Stupid,,Mar Mar Aye is much better than Soe Thu ? huh !! Why she didn't make free show for her audiences? You are totally stupid.
မာမာအေးက စိုးသူထက် ကောင်းတယ်လို့ ပြောတဲ့
တိရစ္ဆာန် ရေ. မာမာအေးဆိုတာ ပြည်ပမှာ ဒုက္ခသည်အမည်ခံလုပ်စားပြီး မြန်မာပြည်ပြန်လာတဲ့အချိန် မှာတောင် ကိုယ့်ပြည်သူတွေဆီက ငွေကို ချူယူသွားတဲ့
အဖွားကြီး. စိုးသူက ပြည်ပမှာ ဂုဏ်သိက္ခာရှိရှိ ဆရာဝန် လုပ်တဲ့သူ။ ကိုယ့်ပရိသတ်ကို စေတနာနဲ့ အခမဲ့ ဖျော်ဖြေ ပေးတဲ့သူ။ နှိုင်းဖို့ တောင် မတန်ဘူး ခွေးရေ မှတ်ထား
မင်းလေသံအဆင့်အတန်းကိုကြည့်တာနဲ့ ဒီမိုသူတောင်းစား
လေးမှန်း သိပါတယ်ကွာဟ။ မင်းတို့ ဒီမိုသူတောင်းစား
အချင်းချင်းတော့ အားပေးရမှာ ပေါ့ ။ နားလည်ပါတယ်
သိပ် မ ဟောင် ပါနဲ့ ဟားဟားး
မာမာအေး မွန်းအောင် တို့ဆိုတာ ဒုက္ခသည်ဆိုပြီး ပြည်ပမှာ ဖင် ခံ လီးစုပ်ပြီး တောင်းစား နေကြတာ မြန်မာတပြည်လုံး သိတယ် ။ မင်းက မသိဘူးဆိုတော့
မင်းလဲ ပြည်ပက ဒုက္ခသည်သူတောင်းစားလေး ပေါ့
All myanmar people love Soe Thu.
Mar Mar Aye is useless.
အဲဒီလို မိုက်မိုက် ရိုင်းရိုင်း မ ပြောကြပါနဲ့။
Kids from meg,u all seem to b away from art music.U dare to compare Classic singer n soe thu who sang only copy songs!Do u know do,rae, me..... .?Shameless n gossiping like women!Can u ask everyone related to music!?Yangon Aung was once Daw Mar Mar Aye's student.
ယဉ် ယဉ် ကျေး ကျေး ပြော လဲ စကား တစ် ခွန်း ပါ ။
လွတ် လပ် စွာ ဝေ ဖန် ပါ။ လွတ် လပ် စွာ ဆဲ ဆို တာ မျိုး
မ ဖြစ် ပါ စေ နဲ့ ။ ရန် မ ဖြစ် ကြ ပါ နဲ့ ။
မြန်မာနိုင်ငံကအဆိုတော်တွေအားလုံးဘယ်သူမှစောက်သုံးမကျပါဘူးကွာ
ဗမာ တွေ သိပ် အောက် တန်း ကျ သ ကိုး။အလကား ရ ချီး တောင် စား မယ့် ဟာ မျိုး။ အ လ ကား ရ အ ကုန် ကောင်း။မင်း တို့ ရော ဘာ တွေ အ လ ကား ပေး ဖူး လဲ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်