From :
..popular
ပြည်ပနိုင်ငံများသို့ မြန်မာ့ ရက်ကန်းထည်နှင့် သဘာဝ ဆိုးဆေးဈေးကွက် ထိုးဖောက်နိုင်ရန် ပြပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါ ရက်ကန်း လုပ်ငန်းကို လုပ်ကိုင်မည့် မဖြူအိသိမ်းက ပြောသည်။
မြန်မာ့ရက်ကန်းနှင့် သဘာဝ ဆိုးဆေးကို ချင်းမိုင်၊ တိုကျိုနှင့် နယူးယောက် မြို့များသို့ စတင် ထိုး ဖောက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
ပြည်တွင်း၌ ဧပြီလ ၇ ရက်နေ့ တွင် ရက်ကန်းနှင့် သဘာဝဆိုး ဆေး ပြပွဲဦးဆုံး ပြုလုပ်မည်ဖြစ်ပြီး ၄င်းပြပွဲ ပြီးဆုံးသည့် နောက်ပိုင်းမှ စတင်၍ ပြည်ပနိုင်ငံ များ၌ ပြုလုပ် သွားမည်ဟု မဖြူအိသိမ်း က ဆက် ပြောသည်။
”ဒီနှစ် အတွင်းမှာ အားလုံး မလုပ်ဖြစ်ရင်လည်း တစ်နှစ် တစ်ပွဲ ပုံစံမျိုးလုပ်ဖြစ်မှာပါ”ဟု ၄င်းက ဆို သည်။
ပြည်တွင်းပြပွဲ၌မူ အမရပူရ ကျောင်းသား ရက်ကန်းကျောင်းနှင့် တောင်ကြီး ရက်ကန်း အထက်တန်း ကျောင်းများမှ ပူးပေါင်း ပါဝင်ထားပြီး နောက်ပိုင်းတွင် ရက်ကန်း ရက်လုပ် မှု သင်ကြားလိုသည့် အမျိုးသမီး များအတွက် သင်တန်းများ ပို့ချပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။
၎င်း ရက်ကန်းထည် များအား ပြပွဲများ၌ သာမက ပြည်တွင်း အတွက်မူ ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့အပြင် အွန်လိုင်းမှ တစ်ဆင့် ရောင်းချမှု များလည်း ပြုလုပ်ပေး သွားမည်ဖြစ် သည်။
သုတလင်း
.. www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်