Subscribe to our RSS Feed

မြန်မာတပ်မတော်သား ၁၃ ဦး ပစ်သတ်ခံရ၊ ၂ ဦး ပျောက်ဆုံး

From : ..dvb


ထိုင်းနိုင်ငံ ကရာဘူရီခရိုင် ရနောင်းမြို့ တဖက်ကမ်း မြန်မာဘက်ခြမ်း ကော့သောင်းပိုင်နက်မှာ ကင်းလှည့်နေတဲ့ မြန်မာစစ်တပ်ကို အမည်မသိလက်နက်ကိုင်တပ်က ပစ်ခတ်လို့ မြန်မာစစ်သား ၁၃ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ထိုင်းလုံခြုံရေးသတင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်၊

အဲဒီဖြစ်တဲ့နေရာဟာ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ရနောင်း တဖက်ကမ်း ကော့သောင်းမြို့အပိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းကို မြန်မာ့တပ်မတော်က သူ့ကို ၅ ရက်နေ့မှာ ပြောကြောင်း အမှတ် ၂၅ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ညွှန်ကြားရေးမှူး ကရိန်ကရိုင်ဆီယတ်က ပြောဆိုချက်ကို ထိုင်းထုတ် မန်နေဂျာအွန်လိုင်းက ရေးပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ မနှစ်တုန်းက တရားမ၀င် ၀င်ရောက်နေထိုင်တဲ့ ထိုင်းလူမျိုး ၉၂ ဦးကို မြန်မာဘက်က ဖမ်းဆီးခဲ့တဲ့ တနင်္သာရီပိုင်နက်နေရာဖြစ်ပြီး တိုက်ခိုက်သူတွေ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

မြန်မာ့တပ်မတော်ဘက်ကလည်း ဒီနယ်မြေကို ကွင်းဆင်းစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။

တိုက်ခိုက်သူတွေ နယ်စပ်ဖြတ်ကျော် ထွက်မပြေးနိုင်အောင် တားဆီးပေးဖို့ မြန်မာဘက်က ထိုင်းစစ်တပ်ကို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာ (Prayuth Chan-ocha)က နယ်စပ်တကြောကို အနီးကပ်စောင့်ကြည့်ဖို့ လက်အောက်ခံတပ်တွေကို ညွှန်ကြားထားတယ်လို့ သတင်းက ဆိုပါတယ်။ 

.. www.MyanmarExpress.net
 

12 comments:

May be terrorist Rohingya Kalar.
Must find and clear from Myanmar.
Army ! R u ready?

Yakhing apl terrorists liveing in thailand side?

This is Thai's Army responsibility.

ထိုင်းနဲ့မြန်မာလက်တွဲပြီး ဒီမိစ္ဆာတွေကိုအပြတ်ရှင်းရမယ်

We totally against those murders terrorists. Salute our hero soldiers who sacrificed their lives for mother country.

စစ်သားသေတာဆိုတော့ ၀မ်းသာဆရာကြီးဗျာ ၁၃ယောက်နည်းတောပေါ့များများသေရမှာ

ကိုယ်ချင်းမစာတတ်ကောင်အမြန်သေပါစေ

စစ်သားသေတာနည်းသေးတယ်ဆိုတဲ့ကောင် အဲဒီစစ်သားတွေက မင်းအမေ မင်းညီမ မင်းအစ်မတွေ ကို အတွဲလိုက် မုဒိန်းကျင့်သွားတာလို့ စိတ်နာနေတာလား ငါလိုးမသား မင်းအဖေငါကစစ်သားတော့မဟုတ်ဖူးကွ မဟုတ်တာမခံချင်လို့ ကြားကမနေနိုင်လို့ဝင်ဆဲလိုက်ရတာ

သာဓု သာဓု သာဓု

ငအ တွေ င တုးံ နွေ ကြား လိုက် မှ ဖြစ့် တို့ စစ် သား ဘဲ သေရ တာ နဲ့ အ သတ် ခံ ရ တာ နဲ့ ကြာ တယ် ကွာ ဘယ် နယ် စပ် ဘဲ ဖြစ် ဖြစ် မဲ မဲ မြင် ပစ် သတ် ပစ် ကွာ ဒါ ဘဲ

If they didn't die,they would kill public.

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။“နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်