Subscribe to our RSS Feed

ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ပြန်လည်တွေ့ရှိ

From : ..eleven

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။
ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။
ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။
မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။
သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။
ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

.. www.MyanmarExpress.net
 

16 comments:

ဘာပဲဖြစ်ဖြစ် မသေမပျောက်ပြန်တွေ့တော့ကောင်းတာပေါ့
ဒီသတင်းကကောအတည်လားဗျာ

မင်းတို့ပြောတော့ တခြားသူလက်ချက်လိုလို ထိုငိးလက်ချက်လိုလို ၇မ်းသမ်းစွပ်စွဲနေတာ ရှက်တတ်၇င် ၇ှက်ဖို့ကောင်းတယ်။

၉၆၉ ဗုဒ္ဓအစွန်ရောက်နဲ့ရခိုင်တွေဖွတဲ့သတင်းပါ။

သမိုင်းကိုမမေ့နဲ့ O-7 ကုန်းကိုဘယ်သူတောင်းစားလာတိုက်တာလဲ

ရှက်စရာကြီး အခုတမျိုး တော်ကြာတမျိုး

သမိုင်း ဆိုပါလား အယုဒယ တော့ အမေ့လောက်ဖူးနော်

အပေါ်ကကောင် မင်းအမေက
ယိုးဒယားနဲ့ ကုလားကို ဖင်ခံ
မွေးလာတာလား

အယုဒ္ဓယအကြောင်း ပြောချင်ရင် သမိုင်းကိုအရင်လေ့လာလိုက်ပါ။
အရမ်းမပြောပါနှင့်။

ဟိဟိ ဒါမျိုးတွေက ခုထိရှိတုန်း

သမိုင်းကို အရသာခံမနေနဲ့။ အခုချိန်မှာ ထိုင်းကို နိုင်အောင်တိုက်ဖို့
တပ်မတော်မှာ အင်အားမရှိဘူးဆိုတာမှတ်ထား။

မင်းကို ဘယ်သူပြောလဲ

Right .You must understand that our military is strong enough to defend any thread caused by Thailand.I think you still need to learn.

မင်းတို့ စစ်မှုထမ်းရင်တော့ ထိုင်းကို တိုက်ဖို့ အင်အား တိုးတာပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်