Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် မှ သမ္မတ လုပ်မည် ပြောသည့်နေ့ တွင် ရွှေတိဂုံစေတီပေါ် လင်းတ နားခဲ့

 ဒေါ်အောင်ဆန်းစုကြည် သမ္မတ လုပ်မည် ပြောသည့်နေ့ တွင် ရွှေတိဂုံစေတီပေါ် လင်းတ နားခဲ့ သည်။



ဒီဇင်ဘာ ၂၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီ ဒေသတွင် သမ္မတ လုပ်မည်ဟု ပြောဆိုပြီးနောက် ခဏအကြာ ရန်ကုန်မြို့ ရွှေတဂုံစေတီတော်မြတ်ကြီး၌ ညနေ ၄နာရီခွဲ အချိန်ခန့်တွင် လင်းတကြီးများ လာရောက်နားကာ နမိတ်ပြခဲ့ပါသည်။

ငှက် အကောင် ကြီး များကြောင့် " ဒေါင်း" ဟု လူအများက ထင်ခဲ့သော်လည်း အနီးကပ် ကြည့်သောအခါ "အဝေးမှ မြင်ရသော ဒေါင်း ဆိုသည်များမှာ လဒ အစစ်အမှန်များသာ" ဖြစ်နေကြောင့် သိခဲ့ကြရသည်။


အင်္ဂါထောင့်က ခေါင်းလောင်းတော်အထက်ဖောင်းရစ် နေရာနဲ့ တနင်္ဂနွေထောင့် ငှက်ပျောဖူးအောက်ကြာမှောက်ကြာလန်နားမှာ (၃)ကောင်စီပါ ။ ဘာကြောင့်ရောက်လာလဲမသိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် မှ သမ္မတလုပ်မည် ပြောပြီးချိန်နှင့် တိုက်ဆိုင်နေသဖြင့် လူအများက ထိတ်လန့်လျှက် ရှိကြသည်။
  


ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားတွင် အသက် ၄၀ ကျော်အထိ လင်ယောင်္ကျားနှင့် အတူနေထိုင်ကာ ၄၀ ကျော်မှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူ ဖြစ်သည့်အပြင် ဘာသာရေး အလွန်အားနည်းသူဖြစ်သည်။ ယခုအချိန် အသက် ၇၀ အရွယ် မြန်မာအဖွားအို အားလုံး ဘာသာရေးတွင် မွေ့လျှော် နေချိန်တွင် အသက် ၆၈ နှစ်အရွယ် ဒေါ်အော်ဆန်းစုကြည်မှာ သမ္မတလုပ်ဖို့ ကြွေးကြော်လျှက်ရှိသည်။


 www.MyanmarExpress.net
 

19 comments:

မြန်မာနိုင်ငံသားတွေတော့သေဖို့ ပြင်ဆင်သလိုပဲလဒဟာသေသူတွေကိုစားတယ် ဒါကြောင့်စုကြည်သာတက်ရင်သေပြီ

ကိုယ်ထင်ရင် ခုတင် ရွှေနန်းတဲ့ ဟားဟား လင်းတ ကိုလဲ ရွှေဥဒေါင်း
လို့ မှတ်လဲ ရပါတယ်ဗျ

ရွှေတိဂုံဘုရားနားနေတဲ့ ဠင်းတငှက်ဟာ ကောင်းတဲ့နတ်မိတ်ပဲ ဘာကြောင့်လဲဆိုတော့ ဒီငှက်ဟာ တိုင်းရင်းသားကိုယ်စားပြုတဲ့ငှက် ...တိုင်းရင်းသားတွေလဲ ဒီငှက်လိုပဲ အထင်အမြင်တွေသေးကြပြီ အနှင်းခံကြတာ ပြည်မက လူတွေထဲပဲ အထင်ကြီး ကောင်းတဲ့ရာထူးပေး မျက်နှာသာလုပ်နဲ့ ဒါဟာ ဒေါင်းကိုပုံဖော်တဲ့ ပြည်မ(ဗမာ) အခုဠင်းတငှက်က မြန်မာနိုင်ငံတော်ရဲ့ မြို့တော်က (ရန်ကုန်မြို့) ရွှေတိဂုံစေတီမြတ်တော်ကြီးမှာ နားရတယ်ဆိုတာ တိုင်းရင်းသားတွေရဲ့ မျော်လင့်ပြည့်တော့မယ်ဆိုတာကို ပုံဖော်ခြင်း ရောက်ရာကျနိုင်ကြောင်း ထင်မြင်ချက် တင်ပြချင်ပါသည်...အတွေးသမား...ဆလိုင်းထန်း

Aww....i think daw su stay alive longer u all MEG group may be heart attack and going to die...

မင်းလိုကောင်ကြောင့်မြန်မာပြည်မွဲနေတာ

Myanmar Express
From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် တို့အား အရေးယူပေးပါရန် ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ တောင်းဆို
(ပေးစာ - ၁၆၇)

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်

အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်

၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉-၂၀ ပတ်ဝန်းကျင်တွေ များပါတယ်။ တချို့ ၁၄-၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့လို ၂၆-၂၇ နှစ် အရွယ်ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြီး ပြန်တိုက်မယ် ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက် နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

စဉ်းစားကြည့်ပါ၊ တရားဥပဒေ စိုးမိုးမူ မရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာ အဖြစ် သူတို့မိသားစု နေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူဟု စွပ်စွဲ ခံရပြီး လူမျိုးစု အဖွဲ့အစည်းများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အကျည်းတန်ဆုံးနဲ့ ရင်နာစရာ အကောင်းဆုံးက "ကျောင်းသား" ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင် ဆိုသူအချို့က အုပ်စုဖွဲ့ပြီး ကျောင်းသားတွေကို ရန်သူ့လူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။

မိမိကိုယ်ကျိုးအတွက် တခုမှမပါဘဲ တိုင်းပြည်အတွက် ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသားလူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်စက်ခံပြီးမှ သတ်ဖြတ်ခံခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး၊ တစ်ပတ် မဟုတ်ဘူး၊ တစ်လ မဟုတ်ဘူး၊ လပေါင်းများစွာ ရက်ရက်စက်စက် ညှင်းဆဲပြီးမှ တရိစ္ဆန်တွေလို သတ်ခဲ့ကြတာပါ။

· မိုးသီးဇွန်က ကိုဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်) ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· နည်းပေါင်းစုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။

· ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိုင် တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများစွဲပြီး တကိုယ်လုံး နူခဲ့ရပါတယ်။

· ကိုဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည်တွေ ကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကို တောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။

· မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ပါတယ်။

ဌေးနိုင်ကို သိကြတဲ့ သူများအားလုံး ဌေးနိုင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ် ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာ ပါဝင်ခဲ့ကြသူတွေပါ။

· နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင် (ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှိုများ အဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။

· လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရဲလောက်အောင် ရုပ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်စက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။

· အများစုဟာ ခေါင်းဖြတ်သတ်ခြင်း ခံရပါတယ်။

· အသက် ၁၉ နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမ စပ်ရှက်ခိုင်းခြင်း၊

· မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင်ဖြင့် ထိုးမွှေကာ စစ်ဆေးခဲ့ပါသည်။

· ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက်ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊ လက်ကို ခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။

· ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှ ထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသားတစ်ယောက်အား သောက်ခိုင်းခြင်း။ တို့အပြင် အခြားနည်းလမ်းပေါင်းစုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်းဆဲနှိပ်စက်ခဲ့ပါတယ်။

မိဘအရွယ် ရောက်လာကြပြီ ဖြစ်တဲ့၊ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့တတွေ မိဘမေတ္တာ နှင့် သံယောဇဉ်ကို ပိုနားလည်လာကြပါပြီ။ ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတွေ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှား ရှိသေးတဲ့ မိဘတိုင်း သူတို့ရဲ့ သားသမီးတွေကို မျော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျော်ကြမှာပါ။

နိုင်အောင် နှင့် မိုးသီးဇွန် တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသားလေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေ နေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။ သူတို့လဲ အခြားမိသားစုတွေလို မျော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့ သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူး ဆိုတဲ့ အသိက သူတို့ကို ဘယ်လောက် ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။

အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေက ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက် ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ နှင့် ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမားများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

အဲဒီနေရာမှာ______________
ဒါတွေဟာ တောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊
ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နာမည်ကြီးတွေဘဲ၊ ဆင်သွားရင် လမ်းဖြစ်တယ်၊
မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊
နိုင်အောင်ဟာ ခင်ဥမ္မာ ယောင်္ကျား၊ ငါတို့ မကသ ကလူ၊
ငါတို့ကို အများကြီးထောက်ပံ့ ခဲ့တဲ့သူ၊ ____________
ဆိုတဲ့ အတွေးမျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ် ဆိုလျှင်
သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူများနှင့် သူတို့ရဲ့ မိသားစုများသာမက ခင်များတို့အားလုံးကို လူအခွင့်အရေး နှင့် တရားမျှတမူ တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူ အားလုံးနှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်မယ်။

တချိန်တည်းမှာ သမ္မတကြီး ဦးသိန်းစိန် နှင့် ဝန်ကြီး ဦးအောင်မင်း တို့အနေဖြင့်လည်း ခုလို အပြောင်းအလဲကာလမှာ အတိုက်အခံအုပ်စုများ အားလုံးနှင့် ညှိ့နှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုးပမ်းခြင်းများ အပေါ် အားလုံးက ထောက်ခံအားပေးကြတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင် တို့ကို အသိအမှတ်ပြု ဆက်ဆံမည် ဆိုလျှင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့၊ စေတနာထားခဲ့တဲ့ အမျိုးသားညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်ရုံသာမက ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကို စော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါလိမ့်မယ်။ သမ္မတကြီးတို့အနေဖြင့် မြန်မာသမိုင်းမှာ ဒီလို အရုပ်ဆိုး အကျည်းတန်လှတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ သတ်ဖြတ်မူကြီးမှာ ဘယ်လို ရပ်တည်ခဲ့တယ်၊ ဘယ်လို တာဝန်ယူ ဖြေရှင်းပေးခဲ့တယ်၊ ကျန်ရစ်သူမိသားစုတွေကို ဘယ်လိုနှစ်သိမ့်မူမျိုး ပေးနိုင်ခဲ့တယ် ဆိုတာ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပါ။ အဓိကကတော့ သမ္မတကြီးတို့အနေနဲ့ မိဘချင်း ကိုယ်ချင်းစာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ ကျောင်းသားအားလုံး နှင့်တကွ လူ့အခွင့်အရေး မြတ်နိုးသူ အားလုံးအနေဖြင့် ကျောင်းသား သတ်သမား မိုးသီးဇွန် နှင့် နိုင်အောင် နှစ်ယောက်စလုံးအား သူတို့ ကျုးလွန်ခဲ့သော လူမဆန်သည့် ရာဇဝတ်မူများအတွက် ပြန်လည်ပေးဆပ်ရမယ် ဆိုတာကို သူတို့ သဘောပေါက်ရန် ဝိုင်းဝန်း ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျနော်တို့အားလုံး ကိုယ်ချင်းစာ နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

From : ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသားများ

လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန် ဆိုတဲ့ သိုးရေခြုံထားသော ဝံပုလွေများ၊ ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို အသိအမှတ်ပြုပြီး မဆက်ဆံဘို့ တိုက်တွန်းချင်ပါတယ်။

နိုင်အောင် နှင့် မိုးသီးဇွန် ဟာ အဝေးကကြည့်လျှင် ဒေါင်းဟုထင်ရသော်လည်း ထဲထဲဝင်ဝင် လေ့လာကြည့်လျှင် ဠင်းတ ဖြစ်နေသည့် လူသတ်သမားများ ဖြစ်ပါတယ်။

(မြန်မာ့သင်္ကတ တန်ခိုးအကြီးဆုံး ရွှေတိဂုံစေတီပေါ်မှာ လာနားသွားတဲ့ ငှက်ကြီးတွေကိုအဝေးကကြည့်ပြီး ဒေါင်းလို့ထင်နေရာက ကင်မရာများဖြင့်အနီးကပ် ဆွဲယူကြည့်ရှုမိမှ ဠင်းတများ ဖြစ်နေသဖြင့် ပြည်သူအများစိတ်ပျက်သွားကြရသည့်အဖြစ်အပျက်မှာ ဠင်းတများသည် ဒေါင်းယောင်ဆောင်ပြီး မြန်မာ့အထွတ်အမြတ်နေရာကိုတက်လာသည့် နိမိတ်ကိုပြခြင်းဖြစ်ပေသည်။ လူသတ်သမား နိုင်အောင် နှင့် လူသတ်သမား မိုးသီးဇွန်လို မြန်မာ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာသည့် ဒေါင်းယောင်ဆောင်ထားသော ဠင်းတများကို သတိထားပြီးရှောင်ရှားကြရန် နိမိတ်ကိုပြခြင်းလည်းဖြစ်ပေသည်။)

ဘာပဲပြောပြော မတင့်တယ်ဘူးလေ.. လဒ နားတယ်ဆိုတော့
..................... နိုင်ငံတော်ကြီး ဘာတွေထက်ဖြစ်အုံးမလဲ မသိတော့ဘူး
လဒ တော့ နားနေပီး ....
မစိုးရိမ်ကြပါနဲ့ .. ဘုန်းတန်ခိုးမ၇ှိတဲ့ သူဟာ ဘယ်တော့မှ့ နိုင်ငံကို အုပ်ချုပ်လို့ မရဘူးး
အကြောင်းအမျိုးကြောင့် ဖြစ်လာခဲ့ရင်လဲ သူ့ စရိတ်နဲ့ သူ သွားမယ်.. မကြာပါဘူး.... ဘယ်သူ တတ်တတ် ထမင်းစားဖို့ နဲ့ အိုစာ မင်းစာ အတွက် အလုပ်က လုပ်၇မှာ.. ဒေါ်စုလို ဘာမှ့ မလုပ်ရပဲ နိုင်ငံတကာက ပေးစာ ကမ်းစာ ထိုင်စားနေ၇၇င်တော့ တမျိုးပေါ့ ဗျာ...

ဟုတ်ပါ့ နိုင်ငံတကာ ပေးစာ ကမ်းစာ ဘယ်ကမလဲ
သူ့ အဖေကို ဘမ်းပြပီး သမိုင်း၇ုပ်၇ှင်၇ိုက်မယ်ဆိုပီး ရထားတဲ့ အလှူငွေ သိန်းထောင်ကျော်လဲ (ခုဆို ဇာဂနာ ထွန်းအိဒြာဗိုနဲ့ ဒေါ်စု ) သူတို့တွေ ခွဲဝေယူလို့ ကုန်ပီးလေ....
ကြည့်ပါလား ဒေါ်စု လုပ်သမျှ ပြောသမျှ ဘာများ အကောင်အထည် ပေါ်ဖူးလို့လဲ.. နောက်ဆုံးပေးဆပ်လိုက်၇တာက ပြည်သူတွေ၇ဲံ ပိုက်ဆံတွေပဲလေ.
သြော...ပြည်သူတွေလဲ ဒေါ်စု ချီးမှ့ မွှေးတယ် ထင်နေကြတယ်.....ဟဟဟားးးး

ဒေါ်စု ခင်ဗျားဗျာ ကိုယ့်အဆင့်ကိုယ်သိစမ်းပါ။ ဘယ်နှယ့် အနူလက်နဲ့ရွှေခွက်ကနိုက်ချင်သေးတယ်။ သမ္မတ လုပ်ရအောင် ခင်ဗျားအရည်အချင်း ဘယ်လောက်ရှိလို့လဲ။ ဘာမှလဲဖြစ်မြောက်အောင်မလုပ်နိုင် သူများလုပ်တာကိုလည်းအကောင်းမမြင်နဲ့ ကောက်ရိုးပုံစောင့်တဲ့ခွေးမကြီး။ဥပဓိရုပ်ကလည်း ငါးစိမ်းသည်ရုပ်နဲ့ သမ္မတ ဖြစ်ချင်သေးတယ်။ အေးအေးဆေးဆေးနေစမ်းပါဗျာ။ခင်ဗျားမပါလေနိုင်ငံကတိုးတက်လေပဲ။

ရွှေတိဂုံလို အထွတ်အမြတ် နေရာမှာမှ လဒ လာနားတာကို အယူသည်းပြီး ကြည့်ရင်တော့ မကောင်းဘူး လို့ဘဲ ပြောရမှာပေါ့ ။ တည်မိတဲ့ ဘုရား လဒ ပဲ နားနား ဆိုတဲ့ စကားပုံအတိုင်း ဆိုရင်တော့ ဖြစ်တတ်တဲ့သဘောလို့ ဆိုနိုင်ကောင်းမယ် ။ ၃၁ ဘုံသား စာရင်းဝင် လဒ လည်း ဘုရားဖူးချင်တဲ့ သူတော်ကောင်းစိတ် ဖြစ်ကောင်းဖြစ်လာနိုင်တာပဲ ။

လဒ ထက် မိုက်တဲ့ မိုးသီးဇွန်နဲ့ နိုင်အောင်လို ဇာတ်တူသားစားပြီး ကျောင်းသားအချင်းချင်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ABSDF ဆိုတဲ့အဖွဲ့ကကောင်မျိုးတွေတောင် သူကောင်းပြုခံနေရတဲ့ ခေတ်ကြီး မဟုတ်လား ။

အုပ်စုဖွဲ့ပြီး ဝိုင်းအော်နိုင်ရင် အနိုင်ရတဲ့ခေတ် ဖြစ်နေတော့ ဒီလိုခေတ်မှာ လူဆိုး လူမိုက်တွေ မကောင်းစားရင် ဘယ်သူ ကောင်းစားမလဲ ။

အကျိုးအကြောင်း မဆင်ခြင်ပဲ ကိုယ်ထင်ရာကို ပြည်သူ့ဆန္ဒ ဆိုပြီး ထထ လုပ်တတ်တဲ့ သူတွေကလည်း လွှတ်တော်ထဲကနေ စွတ်အော်တာတွေ ရှိနေသေးတယ် ။ နိုင်ငံရေးခေတ် နဲ့ နိုင်ငံရေးသမားအမည်ခံ အချောင်သမားတွေ ဘာလဲ ဘယ်လဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်လိုက်ကြပါဦး ။ မကောင်းမှု ဆိုတာ မကောင်းကျိုးမပေးသေးသရွေ့ ကောင်းမှု လို့ လူမိုက်တွေ ထင်တတ်တာမျိုးပဲ ။

ထမိန်နားခို ထမိန်ခြုံချင်တဲ့ နောက်လိုက်ကောင်တွေ နဲ့ ကြီးမိုက်ကြီး တစ်သိုက်လည်း လဒတွေ မဖြစ်ခင် ထမိန်အောက်က ရုန်းထွက်နိုင်အောင် လုပ်ထား ။

အနောက်တိုင်း ပဉ္စလက်ဆရာတွေရဲ့ လျပ်တစ်ပြက် ပြကွက်တွေကြားမှာ လူ ဖြစ်လိုက် လဒ ဖြစ်လိုက်နဲ့ အသုံးတော်ခံရမယ့် ခင်ဗျားကြီးတို့တစ်တွေအတွက်တော့ သနားတယ် ။

ဒေါ်စုက ပါတီခေါင်းဆောင်လောက်ပဲတန်ပါတယ် နိုင်ငံ့ခေါင်းဆောင်နေရာနဲ့မတန်ပါဘူး ဒါနိမိတ်ပါ ပေါ့ပေါ့တွက်လို့မရပါဘူး မြန်မာ့သမိုင်းမှာလဲ ထင်ရှားတဲ့နမူနာသာဓကတွေများပါတယ် ရွှေတိဂုံမှာပြတဲ့နိမိတ်ပါ ဒိပြင်မြို့တွေမဖြစ်ဘူး ရန်ကုန်ကသတိပိုထားရမယ် မယုံတဲ့သူနေလေ မြန်မာ့သမိုင်းထဲကဘုရင်မ ရှင်စောပု(မွန်)တောင် ဓမစေတီမင်းနောက်နေခဲ့ရတယ် ခုကသိပ်ထင်ရှားလို့သတိပေးတာ ဒါပါပဲ။(ဆြာကျော်)

ကျနော်ကလောကီပညာတွေလေ့လာသလိုတရားလဲလိုက်စားအားထုတ်ပါတယ်ခုဟာက
သတိပေးတာပါ၊ဒီအဖြစ်မှာ-
(က) ဒီနေရာ၊ဒီအချိန်၊ဒီငှက်နားတာမြို့တော်အတွက်၊နိုင်ငံအတွက်လုံးဝနိမိတ်ဆိုးပါ၊
ပေါ့ပေါ့ဆဆနေရင်ကောင်းကောင်းခံရလိမ့်မယ်၊သေချာကာကွယ်ရပါမယ်
(ခ) ရန်ကုန်အတွက်အဓိကပါ၊ခုမြို့တော်နေပြည်တော်၊မန်းတလေးတို့နဲ့တခြား
မြို့တွေမှာမဖြစ်တာအကြောင်းရှိပါတယ်(ပြီးတော့ဒါကအစပါ)
(ဂ) အပေါ်ကဒေါ်စုဘုရားစိန်ဖူးတော်ကိုင်တာမျိုးမလုပ်ရပါမိန်းမဟာရိုးရိုးဖူးရမယ်၊
ဘာဖြစ်ဖြစ်မလုပ်ရပါအင်္ဂလန်ဘုရင်မတောင်ဒီလိုလုပ်လို့မရပါဘူး
(ဃ) ခုဖြစ်နေတာတွေကြည့်ပါတကယ်ကောင်းသူတွေမသိမသာဘေးရောက်လာပြီ၊
အရှိန်ကောင်းလာပြီ၊ကောသလအိပ်မက်(၁၆)ချက်သတိနဲ့ပညာရှိတွေမကူရင်
(၂၀၁၅)မှာပြည်ပျက်ကိန်းစမယ်
(င) ဝေလေလေတွေအရမ်းများလာတာ၊မသိတဲ့သူတွေအပေါ်သိပ်တက်ပြီးပုံမှန်
မဟုတ်တဲ့အောင်မြင်မှုတွေရလာတာပညာရှိတွေသိတယ်၊ဒါဆုတ်ကပ်
(ကလိယုဂ်)မှာဖြစ်လေ့ရှိတာတွေပဲ
(စ) သံဃာတွေထဲမှာလဲတကယ့်သာသနာ့အတွင်းအင်အားအစစ်တွေလုံးဝလျော့ကျ
လာတာ၊လောကီရေးတွေမှာလူတွေလိုဝင်လုပ်တာတွေကလဲမြန်မာပြည်က
သာသနာ့လမ်းကြောင်းသိုက်ကြီးပြောင်းဖို့အစပါနောက်ကွယ်မှာမာရ်နတ်
ပါလာတာမြင်တဲ့သူတွေရှိတယ်ရှေ့မှာလူသာမန်တွေကိုလောဘ၊ဒေါသ၊မောဟ
တွေသိပ်ပွားလာစေပြီးဖုံးထားတယ်ကောင်းကောင်းသတိထားပါ
(ဆ) မတရားမှုဆိုတာသိပ်ကျယ်ပြန့်ပြီးမာရ်နတ်ရဲ့အင်ပါယာဟာသိပ်ကျယ်ဝန်းတယ်
လူတွေက၀ါးလုံးထဲလသာနေတယ်၊လက်ရှိမြန်မာသမတကဘုရားတရားသိပ်မြဲလို့
ဒီလောက်ခံနေတာ၊နို့မို့ဆိုသူလဲသွားလောက်ပြီဒေါ်စုတက်လာတာကလဲပုံမှန်
မဟုတ်ဘူး၊သေချာလေ့လာရင်အမှန်ကိုမြင်ရမယ်
(ဇ) အများစုက၀ါဒဖြန့်တဲ့မှိုင်းမိမှန်းမသိမိနေပြီးမျက်ကန်းယုံကြည်မှုမျိုးတွေသိပ်တက်
လာတယ်(လူတစ်ယောက်အပေါ်မှာ)၊မြတ်စွာဘုရားရှင်တောင်ရတနာသုံးပါးရဲ့
အပေါ်ဆန်းစစ်ပြီးမှ၊ကိုယ်တိုင်သိမှယုံစေတဲ့တရားစစ်(အနှစ်)လုံးဝပျောက်သွားပြီ
(ဈ) မိစာဒိဌိအယူဝါဒသမားတွေနဲ့တကယ်နင်လားငါလားတည်ရမည့်အချိန်မှာသမတ
ကပဲသမာဒိဌိတွေဘက်ကပြတ်ပြတ်သားသားစရပ်ပြီးမကြာခင်ဘုန်းကြီးတွေပါတဲ့
အရေးတွေ(လယ်တီဆရာတော်ကြီးနေရာမှာရွေးဖြစ်တာသာမန်မထင်နဲ့)ဖြစ်တာ
ကိုသေချာတွေးမိရဲ့လား၊တကယ့်အကြောင်းကလူတွေနားမလည်အောင်နက်တယ်
ဒါတွေအားလုံးကသိသာ၊မြင်သာတာတွေရွေးပြောပြတာဖြစ်တယ်အားလုံးကောင်းမွန်ပြီးသာသနာတော်မြတ်ကြီးဆက်ထွန်းကားဖို့ကိုရည်ရွယ်ပြီးပြောတာပဲ၊စေတနာမမြင်ရင်
တော့ကျန်စစ်သားမင်းပြောခဲ့သလိုရန်သူ့လက်တွင်းဝယ်ခွေးသေ၊၀က်သေသေရစ်ကြ
ရတော့မယ်မြန်မာတွေကြပ်ကြပ်သတိထားပေရော့၊မြန်မာ့အရေးဟာသာသနာ့အရေးနဲ့ဆက်နေလို့ဝင်ပြောရတာဖြစ်ပါတယ်၊လူတွေရဲ့နိုင်ငံရေးဆိုတာကျုပ်စိတ်မ၀င်စားဘူးဆိုတာအထူးပြောဖို့မလိုပါ၊မြတ်စွားဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သာသနာတော်မြတ်ကြီး
အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲပါစေသတည်း(ဆြာစံ)

ဒေါ်စု ဒေါ်စု တယ်တတ်နိုင်ပါ့လား အနားကလူတွေနဲ့တင်အားမရလို့ ခုတော့ သမတကြီးကို တက်လုပ်တော့မယ်ဆိုပါလား ဘုရား ဘုရား

အပေါ်ကလောကီပညာရှင်များ သတိပေးမှုကိုပေါ့ပေါ့ဆဆ မနေကြပါနဲ့ ဒေါ်စုကြည်မင်းဖြစ်ရင် တိုင်းပြည်ပျက်မယ့်နိမိတ်တွေပေါ်လာတာ သိပ်ထင်ရှားပါတယ် ၀ိုင်းတားကြပါ ဗိုလ်ချုပ်တို့ခေတ်ကနိုင်ငံရေးသမားတော့လေးစားပါတယ် ခုကအချင်းချင်းပြန်ချပြီး စစ်တပ်ကနောင်အရေးကြိုတွေး ပြင်ဆင်စရာတွေပြင်ဆင်ပြီးမှ သူ့ဘာသာဆင်းသွားတာကိုထိုးကွင်းထနေကြတာ အတော်ဆိုးလွန်းတယ် သွေးကိုမရှိဘူး

သိတာတစ်ခုရှိပါတယ် သီလ သမာဓိ မှာဒေါ်စုသည် ဦးသိန်းစိန်ကိုမည်သို့မျှ မယှဉ်နိုင်ပါ။

အေး အားလုံးက စိတ်ကျေနပ်ကြတယ် မဟုတ်လား သူတစ်ပါးအကြောင်း ပြောတဲ့အချိန်ကျတော့ ပြုံးပြုံးနဲ့ ကိုယ့်ဖက်ကျလာပြန်တော့ ဘယ်လိုနေကြလဲ ကောင်းကောင်း သတိထားကြပါ...ဟာ..ဟာ... လောက မောဟ ...တွေကို မေတ္တာနဲ့ တုံ့ပြန်ရာလိုကြောင်း ...ဆလိုင်း..ထန်း

ဘယ် သူဘယ်ေ လာက်ပြောင်း ကိုယ့်ထမင်းကိုယ် စားရတာ။ ဘယ်သူမှထမင်း မကျွေးဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်