Subscribe to our RSS Feed

ထောက်ပံ့ကြေးဖြင့် သင်တန်းခြောက်ခု တက်ရောက်ခွင့်လျှောက်ထားနိုင်

From : ..Myit Makha Mediagroup on 20 Apr, 2013



လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်း သက်ကြီးသင်တန်းကျောင်းတွင် မသန်းစွမ်းသူများကို သင်တန်းဘာသာရပ် (၆)မျိုးဖွင့်လှစ်သင်ကြား   ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လာမယ့် မေလထဲမှာ စပြီး သင်တန်းပေးမှာပါ။ ကိုယ်အဂါင်္မသန်ပေမယ့် စွမ်းတဲ့သူတွေအတွက် သူတို့ ၀ါသနာပါတဲ့ပေါ်မူတည်ပြီးတော့ ပညာရပ်တွေကို ပို့ချပေးသွားမှာပါ ဟု သက်ကြီးသင်တန်း ကျောင်းမှ   ကျောင်းအုပ်ကြီး ဦးအေးကျော်က ပြောသည်။    
သင်တန်းများလျှောက်ထားသူများထဲမှ တက်ရောက်ခွင့်ရရှိသူများကို လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျတ်ဖြင့် လစဉ်ထောက်ပံ့ကြေး၊ နေထိုင်စရာ အဆောင်၊ စားစရိတ်များထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နယ်မှ သင်တန်း တက်ရောက်ရသူများကို ခရီးစရိတ် ပြန်လည်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းကို  ၂၀၁၃ ခုနှစ် မေလ (၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတက် ရောက်လိုသူများအနေဖြင့် မသန်စွမ်းသက်ကြီး သင်တန်းကျောင်း၊ အမှတ် (၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ (ဖုန်း- ၀၁-၉၆၆၁၇၁၂၊ ၀၉-၇၃၀၇၄၈၆၅၊ ၀၉-၄၉၃၀၆၄၀၇) သို့ ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 
သင်တန်းများမှာ စက်ချုပ်၊ ဓါတ်ပုံ၊ ပိုးဇာပုံနှိပ်၊ ကွန်ပျူတာ၊ အီလက်ထရွန်းနစ်၊ ဆံသ သင်တန်းတို့ ဖြစ်ပြီး အီလက်ထရွန်းနစ်သင်တန်းမှာ အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ကာ ကျန်သင်တန်းများမှာ (၃)လ ပြတ်သင်တန်းများဖြစ်ကြောင်း သိရှိရသည်။
သင်တန်းတက်ရောက်လိုသူများသည် အသက် (၁၈)မှ (၄၅)နှစ်အတွင်းရှိရမည်ဖြစ်ပြီး သင်တန်းများအလိုက် အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့် သက်မှတ်ထားကြောင်း သိရသည်။
စက်ချုပ်၊ ဓါတ်ပုံ၊ ပိုးဇာပုံနှိပ်သင်တန်းများအတွက် အခြေခံပညာ အလယ်တန်းအဆင့် ဖြစ်ရမည်ဟု သတ်မှတ် ထား၍ အီလက်ထရွန်းနစ်နှင့် ကွန်ပျူတာသင်တန်းအတွက် အခြေခံပညာအထက်တန်း အဆင့် ဖြစ်ရန် သတ်မှတ်ထားကြောင်း သိရသည်။
"အရင်ကလည်း သင်တန်းတွေပေးတာတက်ဖူးပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့အတွက် အများကြီး ကိုအထောက်အကူဖြစ်တယ်။ စိတ်လည်း စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ပညာအရည်အချင်းကန့်သတ်ထား တော့ နည်းနည်းတော့ အခက်တွေ့တယ်"ဟု မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်နေထိုင်သူ (မသန်စွမ်း)တစ်ဦးက ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ၁၉၅၄ ခုနှစ်ကတည်းက သင်တန်းများကို (၁)နှစ်လျှင် (၃)ကြိမ် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံတွင်း နေထိုင်သူ လူဦးရေများထဲမှ ကိုယ်အင်္ဂါမသန်စွမ်းသူ ဦးရေ (၉)သိန်း ၀န်းကျင်ရှိကြောင်း အဆိုပါဌာနက သိရှိရသည်။
.. www.MyanmarExpress.net

2 comments:

1-IT IS A GREAT NEWS FOR HANDICAPPED PERSONS.
2-THANK TO OUR NEW DEMOCRATIC GOVERNMENT AND ALL MINISTRIES SUPPORTING AND PARTICIPATING IN THIS PROJECT.
3-WE NEED MORE PROJECTS FOR OUR PEOPLE;FOR EXAMPLE TO PROMOTE AND PROTECT OUR WOMEN,INFANTS AND CHILDREN;TO SAVE OUR MYANMAR WOMEN INSIDE AND OUTSIDE THE COUNTRY AND THEY ARE STRUGGLING HARDSHIP LIFE AND NO PROTECTION;TO SAVE AND PROTECT OUR OLD AGED SENIOR CITIZENS;TO PROTECT OUR GIRLS AND WOMEN WORKING IN PRIVATE AND GOVERNMENT SECTORS AND IN THEIR DAILY LIFE BECAUSE LOT OF THESE GIRLS AND WOMEN ARE FACING BAD TREATMENTS AND
SEXUAL HARASSMENT,
SEXUAL HARASSMENT AT WORK,AT OFFICE,AT FACTORY ETC...
SEXUAL HARASSMENT IN EDUCATION,
SEXUAL HARASSMENT IN THE ARMED SERVICES
SEXUAL HARASSMENT IN RELIGIOUS/FAITHS/WORSHIP
SEXUAL HARASSMENT AND RACISM PREVENTION ETC...AND TAKE STRONG LEGAL ACTIONS IF ANY BODY COMMIT THE CRIME.
4-WE NEED TO EDUCATE OUR GIRLS AND WOMEN AND TO STOP ALL KIND OF HUMAN TRADES/HUMAN TRAFFICKING FOR SEX MARKETS AND SLAVE MARKETS.THIS PROBLEM EFFECTING NOT ONLY MYANMAR BUT ALSO ALL NATION ON EARTH.
5-WE NEED A VERY STRONG LAW TO TAKE ACTION AGAINST ALL TRAFFICKERS LIVING INSIDE OUR COUNTRY AND OUTSIDE OUR COUNTRY.
6-WE NEED SPECIAL TREATY/AGREEMENTS WITH NEIGHBORING COUNTRIES SO THAT WE CAN TAKE ACTIONS AND SAVE OUR GIRLS AND WOMEN.
7-PLEASE SAVE OUR PEOPLE AND THEY ALL NEED HELP FROM OUR GOVERNMENT AND OUR PEOPLE.
8-OUR GENERAL PUBLIC/CITIZENS SHOULD REPORT TO OUR GOVERNMENT AND AUTHORITY WITHOUT FAIL
SO THAT WE CAN STOP THE CRIME.


WITH MYITTA...

လူသာဓုနတ်သာဓုခေါ်ပါတယ်ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်