From :
..rfa
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာ မိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခလစာ မရတာကြောင့် အလုပ်က ထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်ဝါရီလ ကတည်းက အိမ်ရှင်တွေဆီကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး (၃၂) ဦး ရှိနေ ကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ (၆၄) ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေးသူ အရေ အတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။
မြန်မာအိမ်ဖော်အမျိုးသမီးတွေရဲ့ တစ်လလုပ်ခ လစာဟာ စင်္ကာပူ ဒေါ်လာ (၄၀၀ - ၄၂၀) အထိသာ ရကြပြီး အလုပ် ရှာဖွေပေးတဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့က စင်္ကာပူ ဒေါ်လာ (၃၂၀၀) ကနေ (၃၃၆၀) အထိ ရှိတာကြောင့် တစ်လ စင်္ကာပူ ဒေါ်လာ (၁၀-၂၀) လောက်သာရကြကြောင်း၊ တချို့ဆိုရင် (၈) လလောက်အထိ လစာမရဘဲ၊ အကြွေးအကျေ ဆပ်ပြီးမှသာ လစာရကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာအစိုးရက အမျိုးသမီးတွေ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်အဖြစ်လုပ်ကိုင်တာတွေ၊ ဖျော်ဖြေရေး လုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေကို တားမြစ်ထားပေမဲ့၊ စင်္ကာပူနိုင်ငံကို အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး များလာတယ်လို့ သိရပါတယ်။
အိမ်ဖော်အလုပ်ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာ အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်တဲ့ မြန်မာ အမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းလောက်သာ ရှိပေမဲ့၊ ဒီနှစ် ပထမလေးလ အတွင်း ၂၇,၀၀၀ နီးပါးအထိ ရှိနေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။
.. www.MyanmarExpress.net

7 comments:
မဖမ်းပဲပူပေါင်းလုပ်စားနေတာပြောင်ကြီးလည်းဘာမှမသိပါဘူးကွာ
Myanmar girls r servants at Singapore.?!Who has duty?Why the public so poor?!Arrest them.Send them to Bangladesh.
မြန်မာပြည်ကတော့သိက္ခာကျပြီးရင်းကျ ပဲ့ နောက်ဆုံးကျစရာမရှိရင်မြေကြီးထဲနှက်ဝင်တော့မယ်lလုပ်လိုက်ရင်အိမ်ဖေါ်lနိင်ငံ့ဂုဏ်ဆောင်မယ့်မိန်းမတွေ သူများနိင်ငံအထင်ကြီးတဲ့မိန်းမတွေဒီလိုပဲ့ဖြစ်မှာပဲ့lမြန်မာ ပြည်က အိမ်ဖေါ်များစုဝေးရာတိုင်းပြည်ကျနေတာပဲ့ ပွဲစားများလည်းကြည့်လုပ်ကြ ကိုယ်ငွေရဖို့ပဲ့ကြည့်မနေကြနဲ့ ။
စကာင်္ပူတရုတ်လည်း ညစ်ပတ်စုတ်ပဲ့တယ်နော်
စင်္ကာပူကပန်းသေးတွေကွ
ပန်း သေး အိမ် ဖော် လုပ် ခိုင်း တါ ထိုင်း နဲ့တ ရုတ် က ဖါ လုပ် ခိုင်း တါ နယ် စပ် မှာ ဗမာ မ တွေ ဖါ သယ် တွေ အ များ ကြီး
shame on u thein sein n all military junta
fucking burma is one of da poorest country in the world
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်