Subscribe to our RSS Feed

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ

From : ..eleven

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကြေညာချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပိုမိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုးရှိသည့် အဆင့်အမြင့်ဆုံး နျူကလီးယား တိုက်ခိုက်မှုများဖြင့် ဖယ်ရှားသွားမည်ဟု ပါရှိသည်။
မြောက်ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏ အညှာမဲ့ စစ်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးစစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် နောက်ဆုံး အတည်ပြုချက် ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက်ကွဲမှုကြီး ဖြစ်ပွားမည့် အချိန်သို့ အလျင်အမြန် ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသည် ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသတင်းများကို ကိုးကားလျက် တောင်ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကိုရီးယားသည် တာလက်ပစ် Musudan ဒုံးကျည်ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေးသို့ ရောက်နိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များအတွက် သိသာထင်ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည်ရှိနေကြောင်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား စစ်တပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် တပ်များကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင်အားကို B2 လျှို့ဝှက်ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေယာဉ်များဖြင့် အားဖြည့်ထားပြီး ဂူအမ်သို့လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ထားကြောင်း သိရသည်။
မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက်ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှာ တိုက်ခိုက်ခံရနိုင်ဖွယ် ရှိနေသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည်များ ဖွံ့ဖြိုးလာနိုင်ရန် နှစ်အတန်ကြာ လိုသေးကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတာဝေးပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရာ နေရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ်သမားများကို ကေဆောင်မှနေ၍ အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက်ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။

.. www.MyanmarExpress.net
 

7 comments:

မြောက်ကိုးရီးယား ။ တရုတ် ။ရုရှား တို့ ပေါင်းပြီး
အမေရိကန်တွေကိုဆော်ချကွာ။

ဒီကောင်တွေကအရှေ့အာရှကဂျပန် ။ တောင်ကိုရီးယား။
ထိုင်ဝမ်။ ဖိလစ်ပိုင် ။ထိုင်း တွေအထိနယ်ချဲ့ပြီး ။ အာရှတိုက်ကိုခြိမ်းခြောက်နေတာကြာပြီ

အာရှကနိုင်ငံတွေပေါင်းပြီးနှင်ထုတ်လိုက်ကြတာကောင်းတယ်
.

ကင်မ်ဂျုံအွန်း ရေ ကျုပ်တို့ ပြည်က အမေစု ဂျပန်ရောက်မှ
ဒုံးကျည်နဲ့ ဂျပန်ကိုပစ်ပါကွာ

ဒါမှအမေစုလည်း ဗမာပြည်ကိုပြန်မလာနိုင်တော့ဘူး
သူမရှိမှ တို့ ဗမာပြည်ကြီး တရားဥပဒေစိုးမိုးပြီး။
အေးချမ်းသာယာမှာ
.

တယုတ်ကြီး စောက်ကျင့်က ပြလာချေပြီ
မြန်မာတိုင်း၇င်းသားအပေါင်း သတိပြုဖွယ်

No missile interceptor can defend the nuclear war heads missiles. Let say first nuke explode in the sky. That explosion would block most of the signal. Magnetic wave might destroy interceptor launch system. Therefore, series of nukes will become closer and closer and eventually hit the targets.

Skilful students from Russia.Go to North Korea n bring Kim's wife back for Phoe La Pyae.

တရတ်ကသွေးပျက်နေပြီ သူ့တိုက်မှာကြောက်လို့ အမေစုနဲဘာဆိုင်လို့ လဲတရုတ်မကြောက် ပါနဲ့အမေစုက ဘာမှမလုပ်ပါဘူး မင်းတို့လူလယ်မလုပ်ရတော့ အမေစုအပုတ်ချတယ် အောက်တန်းကျလိုက်တာ ဘာလို့လဲနော်

တရုတ်ကဘယ်တုန်းကဖင်ကျဲရဲလို့လဲ မြန်မာတောင် တရုတ်ကစစ်ရှုံးခဲ့တယ် အမေရိကန်ဆိုရင်တော့ပိုသေလို့ ကောင်းတာပေါ့ လေတိုက်တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်