From :
..မြဝတီ
..
www.MyanmarExpress.net
ယနေ့နံနက် ၁ဝ နာရီတွင် ပြည်သူ့ လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း
ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ
ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံရာ ရှေးဦးစွာ ဧည့်သည်တော် သမ္မ တနှင့်
အဖွဲ့ဝင် များအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဧည့်ခန်းမဆောင် ဥပစာမှ စောင့်ကြို၍
ခင်မင် ရင်းနှီးစွာ နှုတ်ဆက်သည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာ- စင်ကာပူ
နှစ်နိုင်ငံ လွှတ်တော်နှင့် အစိုးရများ အကြား ချစ်ကြည် ရင်းနှီးမှု
တိုးမြှင့်ရေး၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး၊
နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုများ အောင်မြင်စွာ
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊
ဆင်းရဲမှု လျှော့ချရေး၊ တောင်သူ လယ်သမားများ၏ လူမှု စီးပွားဘဝ မြှင့်တင်ရေး
အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဘဏ္ဍာရေး
ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများနှင့်
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင် ရွက် ရေး၊ ပညာရေး၊
ကျန်းမာရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များအား
ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲ အပြီးတွင် ဧည့်သည်တော် စင်ကာပူ
သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ အမှတ်တရ
စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ
ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့်
ဦးမောင်မောင်သိမ်း၊ သူရဦးအောင်ကို၊ ဦးမောင်ဦး၊ ဦးလှမြင့်ဦးနှင့်
ဦးစိုးနိုင်၊ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဌေးအောင်၊ ကော်မတီ အတွင်းရေးမှူး ဦးဌေးဝင်းနှင့်
လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူ သမ္မတ
နိုင်ငံ သမ္မတ နှင့်အတူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး Mr. Khaw
Boon Wan ၊ ကုန်သွယ်ရေး နှင့်စက်မှု ဝန်ကြီး Mr. Teo Ser Luck ၊ စင်ကာပူ
သမ္မတ နိုင်ငံ လွှတ်တော်မှ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ
စင်ကာပူ သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chua Hian Kong Robertနှင့်
သံရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်