Subscribe to our RSS Feed

ရန်ကုန်သင်္ကြန်မဏ္ဍပ် ၃၀ ကျော်ဆောက်လုပ်ခွင့်ပြုမည်

From : .hot news
 

ယခုနှစ်သင်္ကြန်တွင်မဏ္ဍပ် များကို အာမခံစပေါ်ငွေများသတ် မှတ်ရာတွင် မဏ္ဍပ်အကြီးကျပ်သိန်း (၅၀) အလတ်နှင့် အသေးမဏ္ဍပ် များကို ကျပ်သိန်း (၃၀) ပေးသွင်း  ထားရမည်ဖြစ်ကြောင်း မဏ္ဍပ် ဆောက်လုပ်ခွင့်ပြုကော်မတီမှ သိရသည်။
မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုသော   နေရာများမှာ ကန်တော်ကြီး ပတ်လမ်းတွင် (၁၅) မှ ပြည်လမ်း  တွင် ၄ ခု၊ ကမ္ဘာအေးဘုရားလမ်း  တွင် ၉ ခုနှင့် သုဝဏ္ဏကွင်းအနီး တွင် တစ်ခု၊ ဆရာစံပန်းခြံရှေ့တွင်   တစ်ခု၊ ဘုရင့်နောင်လမ်းတွင် ၅ ခုနှင့် ကမ်းနားလမ်းတွင် ၂ ခု၊ စုစုပေါင်းမဏ္ဍပ် ၃၀ ကျော်ရှိကြောင်း သိရသည်။
ဒီနှစ်မှာကတော်တော်ဂရုစိုက်  ရမယ်။ ယာဉ်ကြောကြပ်တည်း တာတွေကလည်းဖြစ်နေတော့ မဏ္ဍပ်အနီးဝန်းကျင်မှာ သက်ဆိုင်  ရာတွေက ရှင်းလင်းဖို့လုံခြုံရေး တွေကလည်း တိုးမြှင့်ချထားဖို့ စီစဉ်ထားတယ်။ မဏ္ဍပ်ဆောက် လုပ်ခွင့်ပြုဆပ်ကော်မတီမှတာဝန် ရှိသူတစ်ဦးကပြောသည်။
သင်္ကြန်မဏ္ဍပ်အနီးတွင် ပတ်ဝန်းကျင်တွင် မူးယစ်ဆေးနှင့်  အရက်ဘီယာများရောင်းချခြင်းမရှိ စေရန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

... www.MyanmarExpress.net

1 comments:

Even getting semi-democracy,we yangonites cannot have full of joy in thingyan as authorities still squeeze street pandals licence!So yangon thingyan will b as dry n boring as cemetery!Can we need to obey the municipals authorities taking so much bribeswill? They will b in other countries during thingyan.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်