From :
..the voice
မြန်မာသီချင်းခွေ ခိုးကူးဖြန့်ချိသူများကို ခွေတစ်ခွေအတွက် အနည်းဆုံးဒဏ်ငွေ ဆယ်သိန်း တရားမကြောင်းအရ တရားစွဲဆိုကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး မူပိုင်ခွင့်ချိုး ဖောက်မှုကာကွယ်ရေး ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌဦးမျိုးဆွေက The Voice သို့ ပြောကြားသည်။
"ဆယ်သိန်းဆိုတာက အနည်းဆုံးပေါ့။ ပမာဏကြီးကြီးမားမား လုပ်တဲ့သူတွေ ကိုတော့ သိန်းထောင်ချီပြီး နစ်နာကြေး တောင်းဖို့ရှိပါတယ်။ မန္တလေးနဲ့ တာမွေမှာ မိထားတဲ့ အမှုကြီးနှစ်ခုကို အခုတရားမ ကြောင်းအရ နစ်နာကြေး အကြီးအကျယ်တောင်းဖို့ လုပ်နေပါပြီ" ဟု ၄င်းက ဆက်လက်ပြော ဆိုသည်။
ခိုးကူးဖြန့်ချိသူများကို ယခင်ကဗီဒီယို အက်ဥပဒေအရ ဒဏ်ငွေအနည်းငယ်သာ တပ်သည့်အတွက် ၄င်းတို့အနေနှင့် ဒဏ်ငွေဆောင်ပြီး ဆက်လက်လုပ်ကိုင်ကြ ကြောင်း၊ ယခုအခါ တရားမကြောင်းအရ တရားစွဲဆိုခွင့် ရလာသည့်အတွက် အနုပညာ ရှင်များ၏ နစ်နာမှုပမာဏ အလိုက် နစ်နာကြေး တောင်းဆိုသွားမည် ဖြစ်ကြောင်း ဦးမျိုးဆွေ ကဆိုသည်။
"တစ်နေ့က ဖြူဖြူနှင့် ကြယ်ပွင့်လေးများ ခွေရယ်၊ အိန်ဂျယ်တွေ စောင့်ရှောက်တဲ့ အချစ်ရယ်ကို လက်မှတ်ထိုးပွဲလုပ်တော့ လူတွေရာနဲ့ချီပြီး အုံကြည့်နေပေမယ့် တကယ်ခွေဝယ်တဲ့ သူက ၁၀၀ လောက်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေသန်း ခြောက်ဆယ်မှာ ဂီတကိုချစ်တဲ့သူ တစ်သန်း လောက်တော့ ပါမှာပါ။ ဒါပေမဲ့ ဖြူဖြူရဲ့ မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ် အခွေတောင် ရောင်းအားက တစ်သောင်း မပြည့်သေးပါဘူး" ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံး အတွင်းရေးမှူး တေးသံရှင် ဖြူဖြူကျော်သိန်းက အနုပညာရှင်များ ရင်ဆိုင်နေရသော ခိုးကူးခွေအခြေအနေကို ပြောကြားသည်။
"ကျွန်တော်ကတော့ အနုပညာရှင် လေးတွေကို မေးကြည့်ချင်တယ်။ သူတို့ရော နိုင်ငံတကာ ရုပ်ရှင်တွေကို မူရင်းခွေ ကြည့်တာလား။ ကိုယ်ပိုင်ဖန်တီးမှု စစ်စစ်တွေ လုပ်တာလား။ သူတို့သုံးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကရော လိုင်စင်ဗားရှင်းတွေလား လို့ပေါ့။ ခိုးကူးခွေဝယ်သူတွေရဲ့ ဝင်ငွေ အခြေအနေရယ်၊ သူတို့ကိုယ်တိုင် မူရင်းခွေ ဝယ်ချင်တဲ့ စိတ်မျိုးရယ် အဲဒါမျိုးကိုလည်း ထည့်တွက်ဖို့ လိုတယ်" ဟု အပတ်စဉ်ထုတ် ဂျာနယ်များတွင် သတင်းဆောင်းပါးများ ရေးလေ့ရှိသူ တစ်ဦးက မေးခွန်းထုတ်သည်။
.. www.MyanmarExpress.net

13 comments:
ခွေး အသမဲမ ဖြူဖြူကျော်သိန်း ဥက္ကဌ ဖြစ်မှ တော့ ဂီတအစည်းအရုံး ဆိုတာ ဖာအစည်းအရုံး အဆင့် ပဲ
ကိုယ်တိုင် က သူခိုးအကြီးစားတွေ ဖြစ်နေပြီး သူခိုးကလူပြန်ဟစ် နေတဲ့ ခွေး တွေ ။
ကိုယ်ပိုင် ဖန်တီးမှုလုပ်နိုင် တဲ့ အချန်ကျမှ ဒီစကားမျိုး ပြောကြ ။
ပရိသတ်ကို အပြစ်လာ မတင် နဲ့
မင်းတို့အဆင့်က ကူးခွေကို ၅၀၀ ပေးပြီး ဝယ်ကြည့်ဖို့တောင်
မတန်ဘူး
မူရင်းခွေလည်းဒါပဲခိုးကူးခွေဝယ်လည်းဒါပဲ ။
jason mraz, mltr တို့ လာတုန်းက ဒီမြန်မာနိုင်ငံက အဆိုတော်တွေကို သူတို့ သီချင်းတွေခိုးဆိုတာသိလို့ တရားစွဲရင်ကော ဘယ်ပုဒ်မနဲ့ဖြေရှင်းမလည်း...တော်တော်ရွံဖို့ကောင်းတာပဲ..
နိုင် ငံ ခြား သံစဉ် ခိုး ကူး တာ ကော ဘယ် လောက် သတ် မှတ် ပါ သ လဲ
thief catch thieves.
လီးဂီတ
ခိုးကူး
Shut up Animal,don't be so rude.I have read your comments and can conclude that you are homeless,jobless and shameless.

ခိုးကူမှာကြောက်ရင် ခိုးကူးလို့ မရတဲ့ နည်းနဲ့ ထုတ်ပါ့လား။ ခိုးကူးလို့ မရအောင် မလုပ်တတ်ဘူးလား။ အဲ့ဒါ ပညာ တကယ်မတတ်လို့။ ပြီးတော့ စောက်ကျင့်ကလည်း အမြတ်ကြီးစားချင်တယ်။ ခိုးကူးမှာကြောက်ရင် ခိုးကူးခွေထက် ဈေးပိုလျော့ရောင်းပေါ့။ ခင်ဗျားတို့ရဲ့ အဆင့်နိမ့်တဲ့ ရုပ်သံတွေက ခိုးကူးဈေးနဲ့ပဲ တန်တာ။ ခိုးကူးခွေထက် ဈေးကြီးရင် ခင်ဗျားတို့ရဲ့ ရုပ်သံတွေကို ဝယ်မကြည့်ဘူး။ ကို့မာနနဲ့ ကိုယ်ပဲ။
သူခိုးကြီးကသူခိုးလေးဆီက မိုက်ကြေးခွဲသလိုပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်