Subscribe to our RSS Feed

ကေအိုင်အေမှ လူအင်အားစုဆောင်းမှုများ ရှိနေသေး

From :myanma age



ပြီးခဲ့သည့်၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်း အချိန်ထိ ကေအိုင်အေမှ ဝိုင်းမော်မြို့ရှိ ရပ်ကွက်များ အတွင်း စုဆောင်ရေး ပုံစံဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်မှုများ ရှိသော်လည်း လက်ရှိအချိန်၌ ပြန်လည်အေးချမ်းစ ပြုလာကာ တောင်ခြေများရှိ အချို့ရွာများတွင်သာ ညအချိန်၌ ရံဖန်ရံခါ ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း ဝိုင်မော်မြို့ သာဂရ ကယ်ဆယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြီးခဲ့တဲ့ ၂၀၁၂ကုန်ပိုင်းနီးပါးအထိ ညဖက်ဆိုရင် ကေအိုင်အေက ရပ်ကွက်ကျေးရွာ အုပ်စုတွေကိုဝင်ပြီး လူငယ်တွေကို စုဆောင်ရေး အတွက်ဆိုပြီး လာလာခေါ်တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းကျတော့ ဝိုင်းမော်မြို့ပေါ်မှာ သိပ်မရှိတော့ပါဘူး။ တောင်ခြေတွေက ရွာတွေမှာပဲရှိတယ်။ ခုထက်ထိ အေးချမ်းတယ်လို့တော့ မပြောနိုင်သေးဘူးပေါ့” ဟု ယင်းကယ်ဆယ်ရေး စခန်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နှစ်များတွင် စုဆောင်းရေး ပုံစံမျိုးဖြင့် ဖမ်းဆီးခေါ်ဆောာင်မှုများ ရှိသည့်အတွက် ဝိုင်းမော်မြို့ပေါ်ရှိ ဒေသခံ လူငယ်များသည် ညပိုင်းအချိန်များတွင် သွားလာလှုပ်ရှားမှုများ သိပ်မရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း ညရှစ်နာရီကျော်ပါက လမ်းသွားလာမှုများ နည်းပါးကာ စိုးရိမ်မှုများရှိနေသေးကြောင်း သိရသည်။

 
www.MyanmarExpress.net
 

3 comments:

မ သာ ကောင် ပုံ ကြိး ဘဲ ပြ ပြ နေ ထိုး ချင် လာ ပြိ ဘိန်း ဘု ရင် ကောင် ပုံ ကြိး ပါ ဆေး ပြာ ထုတ် တဲ့ ကောင်ကြိး ပါ

မြန်မာ၇ာဇ၀င်မှာဘိန်းဘု၇င်ဆိုဒါနံမည်သာပျက်ဒါ။ပြီးတော့လည်းထောသွားပြီးဘု၇ားဒါယကာဖြစ်သွားေ၇ာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်