Subscribe to our RSS Feed

စင်္ကာပူက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြီ

From : ..mizzima



မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကို အားပေးရန် စင်္ကာပူက ရန်ကုန် ပြည်ပစင်တာ( Yangon Oversea Centre) တခုက ဖွင့်လှစ်မည် ဖြစ်သည်။

ဧပြီလ ၄ရက်နေ့က စင်္ကာပူနှင့် မြန်မာတို့ သဘောတူညီချက် သုံးခုဖြင့် နားလည်မှု စာချွန်လွှာ(MOU) နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့သည့် စင်္ကာပူ မြန်မာ စီးပွားရေးဖိုရမ်တွင် ယင်းကြေညာချက်ကို  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နားလည်မှု စာချွန်လွှာနှင့် သဘောတူညီမှုများကို ဆက်သွယ်ရေး နှင့် ဟိုတယ်လုပ်ငန်းများ အပါအ၀င် လုပ်ငန်းနယ်ပယ် အမျိုးမျိုးမှ စင်္ကာပူ ကုမ္ပဏီများနှင့် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယင်းအခမ်းအနားတွင် International Enterprise (I E) ၏ စင်္ကာပူ စီအီးအို  Teo Eng Cheongက “ မြန်မာနိုင်ငံမှာ ရှိနေတဲ့ စင်္ကာပူ ကုမ္ပဏီ အတော်များများက အတိုင်းအတာ တခုရှိတဲ့ လုပ်ငန်းကဏ္ဍတွေ အနှံ့မှာ ဒီကနေ့ အခွင့်အရေးတွေ မြင်တွေ့နေရပါပြီ ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက “မှန်ကန်တဲ့ ထိုးထွင်း သိမြင်မှု၊ အဆက်အသွယ်တွေနဲ့ လက်တွေ့ လုပ်ကိုင် တည်ရှိခြင်းအားဖြင့် ဒီပါဝင်ပတ်သက်မှုက အဓိက လုပ်ငန်းကဏ္ဍတွေမှာ ခိုင်မာတဲ့ စီမံကိန်းတွေအဖြစ် ပြောင်းလဲ သွားပါ လိမ့်မယ် ” ဟုဆက်လက် ပြောခဲ့သည်။

ကုမ္ပဏီများ လက်တွဲ လုပ်ဆောင်နိုင်ရန် လည်း အားပေးမည့် အပြင် တန်ဖိုးရှိသော ဖြေရှင်းနည်း အဆင့်ဆင့် အပြည့်
အစုံကိုလည်း ဖြည့်ဆည်းပေးမည် ဟု မစ္စတာTeo Eng Cheong က ပြောသည်။

ပြိုင်ဆိုင်မှု မြင့်မားနေသော မြန်မာနိုင်ငံ ဈေးကွက်တွင် အရေးပါသော အသာစီးရရှိမှုကို ၎င်းတို့အား မိမိတို့ ပေးအပ်မည် ဟုလည်း သူကပြောသည်။

စင်္ကာပူ တယ်လီကွန်မြူနီကေးရှင်း လီမိတက် (STL) သည် Sing Tel ၏ ဂြိုလ်တုဖုန်းများ ဖြန့်ချီရန်နှင့် မြန်မာနိုင်ငံတွင် ဂြိုလ်တုသုံး အသံလွှင့်လုပ်ငန်း ၀န်ဆောင်မှု လုပ်ငန်းတို့ လုပ်ကိုင်ရန် Straits Trading နှင့် သဘောတူ လက်မှတ်
 ရေးထိုးခဲ့သည်။

AmaraHospitalityCapital ကုမ္ပဏီက ရန်ကုန်မြို့တွင် ဟိုတယ်တစ်ခု တည်ဆောက်မည် ဖြစ်ပြီး ကော်ဖီဆိုင် လုပ်ငန်းများ လုပ်ကိုင်သည့်Ya Kun ကလည်း လာမည့် ၂နှစ်အတွင်း မြန်မာနိုင်ငံအနှံ့တွင် အပန်းဖြေနေရာ ၁၀ခု ဖွင့်လှစ်မည်ဟု သိရသည်။

၁၉၉၄ခုနှစ် မှစ၍မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလုံး မီးချောင်းများ ရောင်းချခဲ့သော Krislite  Pte Ltd ကုမ္ပဏီ ကလည်း ၂၀၁၄ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အတွက် လျှပ်စစ်မီး ပစ္စည်းများ တင်သွင်း ရောင်းချမည် ဖြစ် သည်။ 


.. www.MyanmarExpress.net
 

4 comments:

Photo is meaningless!MEG must use her staffs girls'pussies. Or Tay Za's exwives' photos.

next time, admin will use your wife and daughter's photo. In that photo , your wife and daughter give blowjob to MEG admin and Pyay Ti Oo

Were u fucked by Russians,Pyay Ti Oops n admin?Good!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်