From :
..မြဝတီ
.. www.MyanmarExpress.net
ကလော ဧပြီ ၂ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော
မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက CDMA 800-MHz မိုဘိုင်းလ်
ဖုန်းများအား ဝယ်ယူခွင့် ရရှိရေး ကလောမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး
ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။
အဆိုပါ CDMA 800-MHz
မိုဘိုင်းလ်ဖုန်းအား ဧပြီ ၂ဝရက် နှင့်၂၁ ရက်တွင် လျှောက်လွှာ၊ မှတ်ပုံတင်
မိတ္တူ၊ အိမ်ထောင်စု စာရင်းတို့ဖြင့် လျှောက်ထားနိုင်ပြီး ဧပြီ ၂၂ ရက်တွင်
လျှောက်လွှာ အရေအတွက်ပေါ် မူတည် ၍ မဲနှိုက် ပေးမည်ဖြစ်သည်။
ကလောမြို့နယ် အတွင်း CDMA 800-MHz
မိုဘိုင်းလ်ဖုန်း ၄၂ဝဝ လုံး ရောင်းချပေးမည် ဖြစ်၍ မဲပေါက်သော ပြည်သူ ၄၂ဝဝ
ဦးအား ဧပြီ ၂၄ ရက် တွင် စတင် ရောင်းချ ပေးသွားမည် ဖြစ်၍ CDMA 800-MHz
မိုဘိုင်းလ် ဖုန်းများအား တောင်ကြီး၊ ကလော၊ ဗထူး၊ ခိုလမ်၊ အောင်ပန်း၊
ဆီဆိုင်၊ ဟိုပုံး၊ မိုင်းပန်၊ လင်းခေး မြို့များတွင် မဲစနစ်ဖြင့် ရောင်းချ
ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
.. www.MyanmarExpress.net
2 comments:
ကလောသားတွေစတိုင်ထုတ်ပြီပေါ့။
ကလောအလွန်တဘူတာမယ် Hand phone လေးနဲ့ကွယ်။မိုက်တယ်ဗျာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်