Subscribe to our RSS Feed

တရုတ်နိုင်ငံထုတ် City Bus အစီး(၅၀)ကို ယာဉ်လိုင်းအားဖြည့်ပြေးဆွဲမည်

From : ..hot news


yutong

တရုတ်နိုင်ငံ YUTONG  ကုမ္ပဏီထုတ် City bus အစီး  (၅၀)အား ရန်ကုန်နှင့်နေပြည်တော်  မြို့တွင်းတို့တွင် အားဖြည့်ပြေးဆွဲ   သွားမည်ဖြစ်ကြောင်းကို ဗန္ဓုလ   သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်(မြန်မာ့စီးပွားရေးဦးပိုင်)  မန်နေဂျင်း ဒါရိုက်တာဦးမျိုးမြင့် မှပြောသည်။

ကားအသစ်တွေဝင်တဲ့အထဲ  မှာ ရွှေမန်းသူအဝေးပြေးအတွက် ကို တရုတ်နိုင်ငံကထုတ်တဲ့ YUTONG Sihgtseeing bus အဆင့် မြင့်အဝေးပြေးကားအစီး(၂၀)ကို   မတ်လ(၁၄)ရက်မှာစပြီးဆွဲနေပြီ။  ရန်ကုန်-နေပြည်တော်အတွက်  (၁၀)စီး၊ နေပြည်တော်ဌာနအတွက်(၅)စီး၊နေပြည်တော်ကနေ နေပြည်  တော်-မော်လမြိုင်၊နေပြည်တော်- မကွေးနဲ့မန္တလေးဌာနကို(၅)စီး၊ မန္တလေးကနေ မန်္တလေး-မကွေး၊ မန္တလေး-နေပြည်တော်တို့ဆွဲတယ်။   အဓိကတော့ အဆင့်မြင့်ကားတွေ  ထပ်ဖြည့် နောက်လည်းဖြည့်သွား မှာပါ။ လက်ရှိလိုင်းပေါင်း(၁၅) လိုင်းကို ကားအစီးပေါင်း (၁၁၀)နဲ့   ပြေးဆွဲနေတယ်။ ရွှေမန်းသူ၊ရွှေ  မြိုင်သူ၊ ပုသိမ်သူ၊ရှမ်းမလေးဆို တဲ့ နာမည်တွေနဲ့ပါ ပါရမီအဓိပတိ   အတွက်ကို YUTONG ကုမ္ပဏီ   ကပဲအစီး(၅၀) City Bus  ကို ၂၂ ရက်က ရောက်တယ်။ အခုကား ၀င်းထဲရောက်နေပြီ။ ကညန ကနေ   နံပတ်တောင်းတာတို့၊အင်ဂျင် နံပါတ်စစ်မယ်၊အုံနာဘုတ်လုပ်  တာတွေကိုလုပ်ပြီး သင်္ကြန်မတိုင်ခင်   ဒါမှမဟုတ် သင်္ကြန်အပြီးလောက်   မြို့ထဲလိုင်းဖြည့်မယ်။ ပါရမီ၊အဓိ  ပတိမြို့ထဲကို (၃၅)စီး၊နေပြည်တော် တော်ဝင်ကို(၁၅)စီးဖြည့်မယ်။ ပါရမီအနေနဲ့အရင်ကမြို့တွင်း အစီး(၄၇၀)ကို ယခုအခါမှာ (၅၀၅)စီးဖြစ်ပြီး နေပြည်တော် တော်ဝင်မှာ အရင်ကအစီး(၁၄၂)   ကို ယခုအခါမှာ(၁၅၇)စီးဖြစ်ပါ တယ်။ အခုကားတွေက ၉။ဃ တွေ       အထိရောက်နေပါပြီ””ဟု မန်နေ ဂျင်းဒါရိုက်တာဦးမျိုးမြင့်မှပြော သည်။


.. www.MyanmarExpress.net
 

4 comments:

ဂျပန်ကားတွေ ဒီလောက်ပေါများနေတာ
တရုတ်ကို အားပေးတုန်းလား ပံ့ငွေ
ဘယ်လောက်ရလို့လဲ

ဒူးမလွတ် ဖင်တစ်ခြမ်းတင် ရန်ကုန်အထူးယာဉ်

Poor passenger,they will get terrible cancer from China cars.Low quality n not used cars in China!

ဗမာ ပထွေး တရုတ်
ဟားဟား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်