From : 7day
အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ေ ကြာင်း Google မှသတင်းထုတ်ပြန်လိုက်သည်။ ထို့ကြောင့် Googe စာမျက်နှာတွင် မြန်မာဘာသာကိုအသုံးပြုကာ ရှာဖွေမှုများပြုလုပ်လိုသူများအေ နဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ပိုင် Home Page တစ်ခုကို စတင်သုံးစွဲနိုင်ပြီဖြစ်သည်။
အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမှုများ
သည် ယင်းလုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မစ္စတာ အဲရစ်ရှမစ် ပြည်တွင်းသို့
လာရောက်ပြီးရက်သတ္တပတ်နှစ် ပတ်ကျော်အကြာတွင်ဖြစ်သည်။ နိုင်ငံအတွင်း
မြန်မာဘာသာစကား အသုံးပြုသူ သန်းလေးဆယ်ကျော်ရှိသော်လည်း အင်တာနက်အသုံးပြုသူ
တစ်သန်းမျှသာရှိသေးသည့် မြန်မာနိုင်ငံအတွက် ယခုကဲ့သို့ Google Search
ပေါ်တွင် ထောက်ပံ့မှုများပေး ခြင်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းသိရသည်။
အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင့် အင်တာ နက်စာမျက်နှာပေါ်တွင် အသုံးဝင်သည့်အချက်အလက်များရှာဖွေခြင်း၊ တကမ္ဘာလုံးအတိုင်းအတာသို့ ဝေမျှ ဖြန့် ဝေလိုသည့်အချက်အလက်များကို ဖန်တီးမှုပြုလုပ်နိုင်ခြင်းများကို ပြုလုပ်ရာတွင် အထောက်အပံ့ပေးနိုင်ရန်အ တွက်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားများဖြစ်သည့်
မွန်၊ က ရင်၊ ကယား၊ ပလောင်၊ ရှမ်းနှင့်  ပါဠိ ဘာသာ စကားများကိုပါ
ထောက်ပံ့ပေးထားကြောင်း သိရသည်။ ထို့အပြင် Google က ယူနီကုဒ်
ကီးဘုတ်မရှိသူများအနေဖြင့် virtual keyboard ကို အစားထိုးအသုံးပြုနိုင်ရန်
အတွက် search box တွင်ထည့်သွင်းပေးထားသည်။
ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm
ဟူသည့်မြန်မာဒိုမိန်းနှင့် ဝဘ်ဆိုက်ကို ပြီးခဲ့သည့်မတ်လ ၂၁ ရက် က စတင်အသုံးပြုနိုင်ရန်ဆောင်ရွက်ေ ပးခဲ့သည်။ ထို့အပြင် ၎င်းတို့၏ Google Play ဝန်ဆောင်မှုကိုလည်း ပြည် တွင်းတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။..
. www.MyanmarExpress.net
အပြည်ပြည်ဆိုင်ရာမှ သတ်မှတ်ပြဌာန်းထားသည့် ယူနီကုဒ်စံများနှင့် ကိုက်ညီသော Myanmar 3 Font (MM3) မြန်မာစာကို အသုံးပြုထားသည့် Google Home Page အသစ်တစ်ခုကို ယနေ့မှစတင်သုံးစွဲနိုင်ပြီဖြစ်ေ
အမေရိကန် ထိပ်တန်းကုမ္ပဏီဖြစ်သော Googe ကုမ္ပဏီ၏ ယခုကဲ့သို့ မြန်မာနိုင်ငံအပေါ်ဆောင်ရွက်ပေးမ
အထက်ပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံသားများနှင့် မြန်မာဘာသာပြောကြားသူများအနေဖြင
ယခုကဲ့သို့ Myanmar 3 Font ကိုအသုံးပြုပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Google Home Page ကို အသုံးပြုနိုင်သည့်အပြင် Google ကုမ္ပဏီက တခြားသော မြန်မာတိုင်းရင်းသားဘာသာစကားမျာ
ယခုကဲ့သို့ Google Home Page ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် အဆိုပါအမေရိကန် ကုမ္ပ ဏီ ကို ကူညီပေးခဲ့သည့် Asia Foundation, Digital Democracy, Information Matrix နှင့် အခြားသောကူညီ ပေးသူအချို့ကို ကျေးဇူးတင်ကြောင်းလည်း အထက်ပါကြေငြာချက်တွင် ဆက်လက်ဖော်ပြထားသည်။ Google အနေဖြင့် www.google.com.mm
. www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်