Sunday, April 07, 2013
ME
From :
..planet
အာရှတိုက် အရှေ့ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံသည် စစ်ပွဲအတွက်
ကြိမ်းမောင်းမှုများ ပြုလုပ်နေစဉ်တွင် Anonymous Hackerအဖွဲ့က ၎င်းတို့၏
Accountများကို ထိန်းချုပ် သိမ်းယူသွားခြင်း ဖြစ်သည်။
မြောက်ကိုရီးယား အစိုးရ၏ Twitterနှင့်
Flickrရှိ ဝါဒဖြန့် account များကို Hackerများက ထိန်းချုပ် ရယူသွားကြောင်း
သိရှိရသည်။ အာရှတိုက် အရှေ့ပိုင်းရှိ အထီးကျန် ကွန်မြူနစ် နိုင်ငံသည်
စစ်ပွဲအတွက် ကြိမ်းမောင်းမှုများ ပြုလုပ်နေစဉ်တွင် Anonymous Hackerအဖွဲ့က
၎င်းတို့၏ Accountများကို ထိန်းချုပ် သိမ်းယူသွားခြင်း ဖြစ်သည်။ ထို့အပြင်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ မျက်နှာတွင် ဝက်နှာခေါင်းနှင့်
နားရွက်များ တပ်ထားသည့် ရွှတ်နောက်နောက် ကာတွန်းပုံကို တင်ထားကာ
ဆုငွေထုတ်ထားသည့် ရာဇဝတ်ကောင် ပုံစံမျိုး လှောင်ပြောင်ဖော်ပြထားသည်။

(Flickr တွင် တင်ထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လှောင်ပြောင်သရော်ထားသည့်ပုံ)
ယင်းပုံနှင့်အတူ "ကမ္ဘာ့ငြိမ်းချမ်းရေးကို ICBM တိုက်ချင်းပစ်
ဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်နေသူ၊ ကိုယ့်နိုင်ငံက
ပြည်သူတွေ ငတ်သေနေချိန်မှာ ပိုက်ဆံဖြုန်းတီးနေသူ"ဟူသော စာသားကိုပါ
ရေးထိုးထားသည်ကို တွေ့ရသည်။ အခြားပို့စ် တစ်ခုတွင်မူ "ကျုပ်တို့ဟာ
Anonymousပဲ"ဟုလည်း မည်သူ့လက်ချက် ဖြစ်သည်ကို အသိပေးထားကြောင်း သတင်းများက
ဆိုသည်။
မြောက်ကိုရီးယား၏ ဝါဒဖြန့် Uriminzokkri အမည်ရှိ Twitter Accountတွင်
Followerပေါင်း (၁၃၀၀၀)ကျော် ရှိနေသည်။ လတ်တလောတွင် အမေရိကန်၊
တောင်ကိုရီးယား နိုင်ငံများနှင့် မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေး တင်းမာ
ဆိုးရွားလာချိန်တွင် ယခု Hacker ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ၎င်း၏ Social Media Accountများကို အသုံးပြုကာ
ဝါဒဖြန့်ခြင်း၊ အမေရိကန်ကို ခြိမ်းခြောက် ကြိမ်းဝါးခြင်းများ မကြာခဏ
ပြုလုပ်လေ့ရှိသည်။
..
www.MyanmarExpress.net
1 comments:
North Korea will disappear on world map now.We must save Kim's wife.She has a good pussy n great cock.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်