Subscribe to our RSS Feed

ကချင်ပြည်နယ်၊ ဒေါ်ဖုန်းယန်မြို့နယ်ခွဲ ဝိုင်မော်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား

From : ..မြဝတီ


၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ၁၆း၀၀ နာရီ အချိန်တွင် ကချင်းပြည်နယ်၊ ဒေါ်ဖုန်းယန် မြို့နယ်ခွဲ ဝိုင်းမော်ကျေးရွာရှိ ဦးထွန်းလင်း၏ နေအိမ်တွင် ဓါတ်ဆီရောင်းရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ပါသည်။
မီးလောင်ရာ နေအိမ်သို့ တပ်မ (၉၉)နှင့် နေမြေခံ တပ်ရင်းတို့ ကားနှစ်စီးဖြင့် သွားရောက် မီးငြိမ်းသတ်ရာ ၁၇း၃၀ နာရီ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ပါသည်။
အဆိုပါ မီးလောင်ကျွမ်းရာတွင် နေအိမ် (၂)လုံး၊ ကုန်စုံဆိုင် (၁)ဆိုင်၊ စပါးကျီ (၂)လုံး၊ ဆိုင်ကယ် (၂)စီး မီးလောင် ပျက်စီးခဲ့ပါသည်။
ထိုသို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အတွက် မိသားစု နှစ်စု လူဦးရေ (၁၁)ဦး မီးဘေး ဒုက္ခသည် အဖြစ် ရောက်ရှိ ခဲ့ကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။



.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်