Subscribe to our RSS Feed

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

From : ..voa

သမ္မတဦးသိန်းစိန်။

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်းအနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။ ပြည်ပက အထောက်အပံ့ချေးငွေတွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အားအဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန်ရဲ့ ရေဒီယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ပြောကြား သွားပါတယ်။ 


.. www.MyanmarExpress.net
 

5 comments:

သမ္မတ ကြီး ခင် ဗျား

ဥပ ဒေ စိုး မိုး ရေး က ပြည် သူ ကို ထိမ် လို့ ရ နိုင် တယ် ဥပ ဒေ ကိုင် ထား သူ ကို လည်း တ နည်း နည်း နဲ့ ခူပ် ကိုင် နိုင် မှ ညီမျှ တဲ့ တ ရား ဥ ပ ဒေ ရ နိုင် မှာ ဖြစ် ပါ တယ်

ပခုက္ကူ မှာ ဆေး ပြား ရောင်း တဲ့ လက် သေး လေး ဘဲ ဖမ်း တယ် သုးံ စွဲ သူ လူ ငယ် လေး တွေ ဘဲ ဖမ်း ပြိး ဆေး ပြား တွေ ထောင် ချီ အ ရောင်း အ ဝ ယ် လုပ် သူ ကြ တော့ မ ဖမ် ဘူး ဆို တော့ သ ဘာ ဝ ကျ ပါ သ လား ကျ နော် လို အ ရပ် သား တောင် ဆေး ပြား အ များ ကြိး ရောင်းသူ ကို အ များ ပြောနဲ့ အ ဖြစ် အ ပျက် နဲ့ သိ တယ် အာ ဏာ ပိုင် က မ ဖမ်း တာ က တော့ ရှင်း ရှင်း လေး ပါ ငွေ ယူ ထား လို့ ပေါ့ ပထမ တ ခါ ဆေး ပြား တွေ မိ လို့ ကွင်း ဆက် နဲ့ လိုက် တော့ လူ က ခဏ ရှောင် နေ တယ် ဒု တိ ယ အ မြန် လမ်း မှာ ကား က ဝါ ယာ ရှော့ ဖြစ် ပြိး မိး လောင် တာ မ နိုင် လို့ ထား ပြစ် ခဲ့ တာ သက် ဆိုင် ရာ က စစ် ဆေး ကြည့် တော့ တ ခါ ကြား တွေ က ဆေး ပြား တွေ တွေ့ တယ် အဲ ဒီ ကား က လဲ ပခုက္ကူ ဆေးပြား ရောင်း သူ ရဲ့ ကား ပါ ဘဲ အဲ ဒီ အ ချိန် လဲ ရှောင် တယ် ကို ရင် တောင် ဝတ် နေ သေး နောက် တော့ အေး ဆေး ပါ ဘဲ ပခုက္ကူ အဏာ ပိုင် တွေ ကို က သိ ရက် နဲ့ မ ဖမ်း တာ ဟာ ငွေ ယူ ထား လို့ ပေါ့ ဗျာ သူ တို့ ကို ထိ ခိုက် ပါ စေ လို့ ရေး တာ မ ဟုတ် ဘူး ဒီ တိုင်း ထား ရင် ပခုက္ကူ လူ ငယ် လေး တွေ ရေ စုံ မျော ကုန် မှာ စိုး လို့ လူ ငယ် လေး တွေ ရဲ့ မိ ဘ တွေ ကို ကိုယ် ချင်း စာ လို့ ရေး တာ ပါ သ မ္မ တ ကြီးခင် ဗျား အ ရေး ယူ ပေး ပါ ရန် တင် ပြ အပ် ပါ သည်

ပခုက္ကူ မြို့ တက္က သို လ် ဝန်း ကျင် ဆေးပြား စား သူ လူ ငယ် လေး များ ပေါ လှပါ သည် ပျက် စီး နေ ကြ ပါ သည် ၁၈ နှစ် တောင် မ ပြည့် ကြ ပါ လမ် ကြောင်း မှန် ရောက် အောင် လုပ် ပေး ကြ ပါ ဖမ် ပြိး တော့ မိ ဘ များ ထံ ငွေ တော့ မ ညစ် ကြ ပါ နဲ့ က လေး တွေ ကို ပြု ပြင် ပေး ကြ ပါ ရောင်းသူ နဲ့ အာ ဏာ ပိုင် အ ဖွဲ့ အ တူ တူ လုပ် စား နေ ကြ ပြိး ဆေး စွဲ နေ တဲ့ လူ ငယ် လေး ကို ဆုးံ မ ပါ ပညာ ဘဲ ပေး ပါ ဆေး သုးံ တယ် ဆို ပြိး ဖမ်း ပြိး ထောင် ချ လို့ က တော့ ဆေး ပြား ထောင် ချီ ရောင်း သူ နဲ့ အာ ဏာ ပိုင် တွေ လုပ် ထား တာ တွေ နာ မည် တွေ ဖေါ် ထုတ် ပြစ် မယ် နော် သ မ္မ တြီး ကူ ညီ ပါ ရန်

ကူညီပါရစေ တွေကလည်း ကူညီကြပါ

ဟိုဟိုဒီဒီကလည်း ကူညီကြပါနဲ့


Oh!authorities taking bribes n allowing drugs transmission must b prosecuted like in China.

ဟာဂျီထိပ်ပြောင်ကိုသွားမပြောနဲ့မရဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်