Subscribe to our RSS Feed

မိတ္ထီလာ ဒုက္ခသည်များအား ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေးစခန်းများ၌ ယာယီခိုလှုံ လျက်ရှိကြသော ဒုက္ခသည်များအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၁၃ ခုနှစ် မတ်လ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မိတ္ထီလာမြို့ ဆက်သွယ်ရေးဝန်ထမ်း ရိပ်သာဧည့်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ၀မ်းတွင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူ၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးချုပ် ဦးကျော်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိတ္ထီလာခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကယ်ဆယ်ရေးစခန်းများ၌ ယာယီခိုလှုံလျက်ရှိကြသော ဒုက္ခသည်များအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းပွဲတွင် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုဖြစ်ပွားသည့် ဖြစ်စဉ်မှာ မကောင်းသည့် ဖြစ်စဉ်ဖြစ်သည့်အတွက် အားလုံးစိတ်မချမ်းမြေ့ကြပါကြောင်း၊ ဖြစ်ပြီးခဲ့မှုများအတွက် ဒုက္ခရောက်ကြရသူအားလုံးအား အကူအညီပေးနိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စေတနာရှင်များမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ မလိုလားအပ်သော အကြမ်းဖက်များအတွက် ကာယကံရှင်များသာမက မိတ္ထီလာတစ်မြို့လုံး ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ မိတ္ထီလာတွင် အတူတကွနှစ်ရှည်လများ နေထိုင်ခဲ့ကြသူ မိတ္ထီလာသားများဖြစ်၍ စိတ်ဆိုးခြင်း၊ သံသယဖြစ်ခြင်းတို့အား ဖျောက်၍ ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ၀ိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားနိုင်ရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးအတွက်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပါတီဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က လက်ခံစဉ်
ထို့နောက်အလှူငွေနှင့် ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် စေတနာရှင် ပြည်သူများက တန်ဘိုးငွေကျပ် (၃၅၅) သိန်း တန်ဘိုးရှိ ဆန်အိတ် (၅၀၀) အိတ်၊ ကုလားပဲအိတ် (၂၀၀)၊ ဆီပိဿာ (၂၂၀) နှင့် မုန့်ကြွပ်အထုတ် (၂၀၀၀၀) ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက တန်ဘိုးငွေ (၄၉) သိန်းတန်ဘိုးရှိ ဆန်အိတ်(၃၀၀) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက်ဒါယိကာ၊ ဒါယိကာမများက လှူဒါန်းသည့် ငွေကျပ် (၁၁) သိန်းနှင့် ငွေကျပ်သိန်း (၅၀) တန်ဖိုးရှိ လက်ဖက်နှင့် ပဲခြမ်းအထုတ်များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ လည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ငွေကျပ် (၁၈) သိန်းတန်ဖိုးရှိ ပုဆိုးအထည် (၃၀၀)၊ အမျိုးသမီးဝတ်လုံချည် (၃၀၀)၊ စပို့ရှပ်အထည်(၃၀၀)နှင့်၊ သောက်ရေသန့် (၁၈၀၀) ဘူးတို့ကို စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်မှလည်းကောင်း ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က လက်ခံသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် စေတနာရှင်များက လှူဒါန်းသည့် ငွေကျပ် သိန်း (၃၀) ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ မိတ္ထီလာမြို့၌ တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက လက်ခံစဉ်

ဆက်လက်၍ မိတ္ထီလာမြို့၌တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့်စေတနာရှင်များက လှူဒါန်းသည့် ငွေကျပ် သိန်း(၃၀) ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပေးအပ်လှူဒါန်းရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက လက်ခံသည်။
စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်မှ အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းရာတွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က လက်ခံစဉ်
ယင်းနောက် တောင်သာမြို့နယ် သံဃနာယကအဖွဲ့၊ တောင်သာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သာမြို့နယ်မှ မြို့မိမြို့ဖများ၊ တောင်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက လှူဒါန်းသည့် ငွေကျပ် (၁၁) သိန်းနှင့် ငွေကျပ် (၄) သိန်းတန်ဖိုးရှိ ဆန်အိတ် (၆)အိတ် ၊ ထန်းလျက် (၅) သေတ္တာနှင့် ဆီပိဿာ (၂၀) ကိုတာဝန်ရှိသူများကပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေက လက်ခံသည်။
၎င်းနောက် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ယခုလိုလာရောက်လှူဒါန်းကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း လှူဒါန်းသောပစ္စည်းများအား သေချာစွာ စာရင်းဇယားနှင့် ထားရှိဖြန့်ဝေပေးပါကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

. www.MyanmarExpress.net
 

2 comments:

Sar du,Sar du,..............only two times!

မ နောက် နဲ့ ကွာ ။ င ရဲ ကြီး မယ် ။ဟီး ဟီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်