From :
..dvb
..
www.MyanmarExpress.net
နိုင်ငံခြားသတင်းဌာနတွေဖြစ်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေ သတင်းဌာန ၂ ခုကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့် သတင်းယူခွင့်ပြုလိုက်ပါတယ်။
သက်ဆိုင်ရာ
ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ပဲ ခွင့်ပြုလိုက်တာလို့ သတင်းနဲ့
စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောပါတယ်။
“ဟုတ်တယ်ဗျ။
ဒီမှာအခြေပြုပေါ့။ ဒီမှာရုံးခွဲ၊ ရုံးခန်းလေးတွေရှိမယ်။ ရိုက်တာပါ
စိစစ်ပြီးပေးပါတယ်။ သူတို့ဘက်က ပျက်ကွက်တာပါ။ ကျနော်တို့ပေးတော့မယ်၊
သူတို့ဘက်က လာပြီး လိုအပ်တဲ့ အချက်အလက်တွေတင်ပါဆိုတော့ မတင်နိုင်ဘူး။
ကျနော့်ဆီ ၃ ခုပဲ လျှောက်တာပါ။ ၃ ခုပေးလိုက်တယ်။ ရိုက်တာက
သူ့တို့အားနည်းချက်ကြောင့် အချိန်မီတင်ဆိုတဲ့အခါ သူတို့မတင်နိုင်ဘူး။
ကျန်တဲ့ အေပီနဲ့ အန်အိပ်ခ်ျကေပဲ ဒီနေ့ပဲ လက်မှတ်ထိုးပေးလိုက်တယ်။”
ဒါဟာ အစိုးရသစ်လက်ထက်
နိုင်ငံခြားသတင်းဌာန ၂ ခုကို ပထမဆုံးအကြိမ် ရန်ကုန်အခြေပြု
သတင်းရုံးခန်းဖွင့် ခွင့်ပြုတာဖြစ်တယ်။ မကြာခင်မှာလဲ ကျိုဒိုသတင်းဌာနကို
ခွင့်ပြုပေးဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန် အေပီသတင်းဌာနက
ဒေါ်အေးအေးဝင်းကတော့ မြန်မာပြည်မှာ အခုလို ဗျုရိုရုံးခန်းဖွင့်ပြီး
သတင်းယူခွင့်မပြုတာ ကြာပြီမို့ ထူးခြားသလို ဖြစ်နေတာလို့ ပြောပါတယ်။
“မြန်မာပြည်မှာ
နိုင်ငံခြားသတင်းဌာန ရုံးခွဲဖွင့်ခွင့်မပေးတာ နှစ်ပေါင်းတော်တော်ကြာပြီလေ။
အခု ဖွင့်ပြီးလုပ်ခွင့်ပြုတယ်ဆိုတော့ နိုင်ငံခြားသတင်းထောက်တွေလာရင်
သူတို့အနေနဲ့ ၁ နှစ်လောက် သူတို့ ထုတ်ပေးနိုင်သွားပြီ။ ဥပမာ သတင်းထောက်ရဲ့
မိသားစု ၁ နှစ် လာနေမယ်ဆိုလည်း ဗီဇာလျှောက်ရင် အဆင်ပြေသွားတာပေါ့။ ”
“နောက် အလုပ်လုပ်တာ
ဒီလူတွေကပဲ ဒီသတင်းတွေလုပ်နေတာပဲ။ ဒါပေမယ့် မြန်မာပြည်မှာ
အခြေစိုက်ပြီးလုပ်နိုင်တဲ့အခါကျတော့ လူတွေအလုပ်တာဝန်
နည်းနည်းခွဲပြီးလုပ်နိုင်တော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တာပေါ့။ အခု
ဒါပထမဆုံးခွင့်ပြုလိုက်တာ အေပီနဲ့ အန်အိတ်ခ်ျကေဆိုတော့ တခါမှပေးမဖွင့်ခဲ့ဘဲ
အခုမှ ပေးဖွင့်တာ ထူးခြားတာပေါ့။”
အရင်စစ်အစိုးရလက်ထက်မှာ
တရုတ်သတင်းဌာန ၂ ခုဖြစ်တဲ့ ဆင်ဟွာနဲ့ ကူမင်းဒေးလီး သတင်းဌာနတွေကိုပဲ
ဗျုရိုရုံးခန်း ဖွင့်ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။
အခုရန်ကုန်မှာ
ရုံးခန်းဖွင့် အခြေပြုခွင့်ရလိုက်တဲ့ အေပီသတင်းဌာနဟာ သက်တမ်းရင့် အမေရိကန်
သတင်းဌာန တခု ဖြစ်ပြီး အန်အိပ်ခ်ျကေသတင်းဌာနကတော့ ဂျပန်က နာမည်ကြီး
သတင်းဌာန တခု ဖြစ်ပါတယ်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်