Subscribe to our RSS Feed

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ

From : .https://www.facebook.com/photo.php?fbid=654665107908981&set=a.620422957999863.1073741934.438995926142568&type=1&theater
 

၁။ မည်သူမဆို နိုင်ငံတော်၏ လုံခြုံရေးကို ဖြစ်စေ ၊
နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ နစ်နာရန် အလို့ ဌာ -

(ကက) ပိတ်ပင်ထားသောနေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း ၊
ဖြတ်ကျော်လျှင်သော် လည်းကောင်း ၊
ထိုအရပ် အနီးအနားတွင် ရှိနေလျှင်သော် လည်းကောင်း ၊
ထိုအရပ်ကို ၀င်ရောက်လျှင်သော် လည်းကောင်း ။


(ခခ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
ရုပ်ပုံ ၊ နယ်ပုံ ၊ မှတ်စု တစ်ခုခုကို ပြုလျှင်သော် လည်းကောင်း ။

(ဂဂ) ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ ၊သွယ်ဝိုက်၍ ဖြစ်စေ ၊
အသုံးကျစေလိုသည့် ၊အသုံးကျစေမည့် ၊ အသုံးကျစေရန် ကြံရွယ်၍ ၊
လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကားကို ဖြစ်စေ ၊
စကားဝှက်ကို ဖြစ်စေ ၊ရုပ်ပုံ ၊ နယ်ပုံ ရေးသားချက် ၊ 
မှတ်စု ၊ အခြားစာတမ်း အမှတ်အသား သတင်းတစ်ခုခုကို ဖြစ်စေ 
ရယူလျှင်သော် လည်းကောင်း ၊ စုဆောင်းလျှင်သော် လည်းကောင်း ၊
ပုံနှိပ် ထုတ်ဝေလျှင်သော် လည်းကောင်း ၊ 
အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော် လည်းကောင်း ၊

ထိုသူအား ထောင် ၃ နှစ်အထိ ချမှတ်နိုင်သည် ။

ထို့ ပြင် ခုခံတိုက်ခိုက်ရန် ပြုလုပ်ထားသော လက်နက်တိုက် ၊ 
(ကြည်း)(ရေ)(လေ) တပ်တစ်ခုခုကို ထားရာဒေသ ၊
၎င်း တပ်တစ်ခုခု၏ တပ်နယ် တစ်ခုခု ၊
မိုင်း၊ မိုင်းများပြုလုပ်ရာဒေသ ၊ စက်ရုံ ၊ သင်္ဘောကျင်း ၊ 
စစ်စခန်းသင်္ဘော ၊ လေယာဉ်ပျံတစ်စီးစီး နှင့် စပ်လျဉ်း ၍
ထိုပြစ်မှုကို ကျူးလွန်လျှင်သော် လည်းကောင်း ၊

(ကြည်း)(ရေ)(လေ) တပ် ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍
အခြားနည်းဖြင့် ကျူးလွန်လျှင်သော် လည်းကောင်း ၊

လျှို့ ဝှက်သော အမှုထမ်းသုံး ၊ အရာထမ်းသုံး စကား တစ်ခုခုနှင့် စပ်လျဉ်း ၍
ကျူးလွန်လျှင်သော် လည်းကောင်း ၊

ထိုသူအား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည် ။

( နိုင်ငံတော် ၏ လျှို့ ဝှက်ချက် နှင့် 
အစိုးရ အဖွဲ့ ဝင်များ ၏ လျှို့ ဝှက်ချက် ...
မကွဲပြားသေးသော မီဒီယာ သမား များသို့  ရည်ညွှန်းပါသည် ) 

ကိုရဲမိုး 

2 comments:

အဲ ဒီ သ တ င်း စာ ကို အေ ရး ယူ သင့် တ ယ် ။

Media are idiots. They do not comprehend what official secret is all about and why the act is so essential. They also do not the importance of the clause 59(Sa) of the Constitution.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်