From : Planet Myanmar Network
NSA သည် ဘရာဇီးလ် သမ္မတ ဒယ်လ်မာရူးဆက်ဖ်၏ ဖုန်းခေါ်ဆိုမှုများကို ထိုးဖောက် ထောက်လှမ်းခဲ့ကြောင်း စွပ်စွဲမှုများအတွက် နာမည်ပျက်နေသည်။အမေရိကန်က ဘရာဇီးလ် အစိုးရအပေါ် သူလျှိုပြု ထောက်လှမ်းခဲ့ကြောင်း စွပ်စွဲချက်များအပေါ် ခိုင်ခိုင်မာမာ ဖြေရှင်းနိုင်ခြင်း မရှိသေးဟု ဘရာဇီးလ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။ ဝန်ကြီး လူးဝစ်ဇ် အယ်လ်ဘာတို ဖီဂွယ်ရီဒိုက ကြာသပတေးနေ့တွင် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ အကြံပေးဖြစ်သူ ဆူဆန်ရိုက်စ်နှင့် တွေ့ဆုံခဲ့သည်။ NSAသည် ဘရာဇီးလ် သမ္မတ ဒယ်လ်မာရူးဆက်ဖ်၏ ဖုန်းခေါ်ဆိုမှုများကို ထိုးဖောက် ထောက်လှမ်းခဲ့ကြောင်း စွပ်စွဲမှုများအတွက် နာမည်ပျက်နေသည်။ ဝန်ကြီးက ရိုက်စ်နှင့် တွေ့ဆုံဖြစ်ခဲ့သည့်တိုင် ပြီးခဲ့သည့်နှစ်က ပေါ်ပေါက်ခဲ့သည့် NSA သူလျှိုမှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တိကျသည့် ဖြေရှင်းချက် မရရှိခဲ့ဟု ပြောဆိုသွားသည်။
"အငြင်းပွားနေရဆဲဆိုတဲ့ အခြေအနေ တစ်ခုမှာတော့ အပြန်အလှန် ဆက်ဆံရေးကို တိုးတက် ဖြစ်ထွန်းလာစေဖို့ အကြောင်းမရှိဘူး"ဟု ဖီဂွယ်ရီဒိုက ဆိုသည်။ NSA၏ သူလျှိုမှု စွဲချက်နှင့် ပတ်သက်၍ တိကျသော ဖြေရှင်းချက် ရမရ သတင်းထောက်များက မေးမြန်းချိန်တွင် ဝန်ကြီးက "ခုထိ ဘာမှ တိတိကျကျ အဖြေထွက်မလာသေးဘူး"ဟု ဖြေကြားသွားသည်။ NSAအနေဖြင့် ဘရာဇီးလ် အပါအဝင် အမေရိကန်၏ မဟာမိတ် နိုင်ငံများမှ ခေါင်းဆောင်ပိုင်းများကို စည်းမစောင့်ဘဲ ထောက်လှမ်းခဲ့ကြောင်း သတင်းသည် တစ်ကမ္ဘာလုံး၏ အမြင်တွင် သိက္ခာကျစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်လာခဲ့သည်။

1 comments:
ရေး ခွငှ့် ပြု ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်