From :
..MWD
အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ပစိဖိတ်ဒေသနှင့် ဂူအမ် ကျွန်းများတွင် ပိုမိုအစွမ်းထက်သော ပဲ့ထိန်းဒုံးစနစ် တပ်ဆင် မည့် အမေရိကန် အစိုးရ၏ အစီအစဉ် များအား တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ် နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ရန် နောက် ဆုံး ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား တပ်မတော် က ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံသည် ၎င်း၏စွမ်းအားမြင့် ပဲ့ထိန်းဒုံးစနစ်အား လာမည့်သီတင်းပတ်တွင် ဂူအမ် ကျွန်း၌ ဖြန့်ကြက်ချထားသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်း နိုင်ငံအပေါ် ပစ်ခတ် လာသည့် မည်သည့်ဒုံးကျည်မျိုးကို မဆိုတန်ပြန် ပစ်ခတ်ဖျက်ဆီးနိုင်စွမ်းရှိသော ဒုံးကျည် တပ်ဆင် ထားသည့် ဖျက်သင်္ဘော နှစ်စင်းအား အမေရိကန် အစိုးရကပစိဖိတ် ဒေသတွင် ဖြန့်ကြက် ချထား ပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်များအား အသုံးပြုခဲ့သည့်အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အခြေအနေများသည် ပိုမိုတင်းမာလျက်ရှိကြောင်းသိရသည်။ အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သည် ၎င်းတို့၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော နှစ်နိုင်ငံပူးပေါင်း စစ်ရေး လေ့ကျင့်မှုအား မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သား ၁ဝဝဝဝ နှင့် အမေရိကန် စစ်သား ၃ဝဝဝ တို့ ပါဝင် ခဲ့ကြသည်။
မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံ၏ အဓိကနယ်မြေ ဖြစ်သည့် ဟာဝိုင်ယီနှင့် ဂူအမ် အပါအဝင် အာရှ- ပစိဖိတ် ဒေသရှိ စစ် အခြေစိုက် စခန်းများနှင့် တောင်ကိုရီးယား နိုင်ငံရှိ စစ် အခြေစိုက် စခန်းများအား တိုက်ခိုက်ရန်အတွက် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ပြီးခဲ့သော သီတင်းပတ် က ကြေညာခဲ့သည်။
ထို ကြေညာချက်သည် မြောက်ကိုရီးယား၏ လက်ဦးမှုရယူ၍တိုက်ခိုက်မှုအား တုံ့ပြန်သွားရန် အတွက် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က စစ်ရေးဆိုင်ရာသဘောတူညီမှုတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ် သည်။
www.MyanmarExpress.net

9 comments:
တစောက်ကန်းမြောက်ကိုရီးယားနဲ့အီရန်လုပ်တာနဲ့ကမ္ဘာပျက်တော့မှာပါပဲ
Our teachers from North Korea r very brave.Bravo.Die at once.Rest in peace.Go to hell.Be raped by US.Kim's wife is so sexy.Let Fuck her together.Putin from Russia likes her pussy.
နဂါးမှန်းသိအောင်တစ်ခါတစ်လေလုပ်ပြရာတဲ
မြန်မြန်စစ်ဖြစ်ပါတော့ 
စစ်ဖြစ်ရင် လူတွေဒုက္ခရောက် ကြမယ် နောက်ပြန်သွား ချင်တဲ့သူ ဘေး တိုက်သွားချင်တဲ့သူတွေ ပျော်ကြမယ်
အများသူငါ ကပ်ဘေးသင့်ကြမယ်
မြောက်ကိုရီးယား နဂါးမဟုတ် တုပ်ကောင်သာ ဖြစ်
ပြည်ပအားကိုးပုဆိန်ရိုး တရုတ်အားကိုး မအေလိုး
အရေးရှိလါရင် တရုတ် ရုရှား အားမကိုး နဲ့
စစ် ဆို တာ ကောင်း တဲ့ အ ရာ မ ဟုတ် ဘူး နော် ။
သူတို့စစ်ဖြစ်တာအကြောင်းမဟုတ်ဘူး ဂျီဟို လေးတော့သနားပါတယ်။
ပျက် သွား အေး တာ ဘဲ ဘယ် သူ မှ လူ ကောင်း မ ရှိ ဘူး အ တ္တ သ မား ချည်း ဘဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်