From :
..သမ္မတရုံး
ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် စန်းယမြို့ရှိ MGM Grand Hotelသို့ မော်တော်ယာဥြ်ဖင့် ရောက်ရှိသည်။



နေပြည်တော် ဧပြီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
ဘိုအောမြို့တွင်ကျင်းပမည့် ဘိုအောဖိုရမ် အစည်းအဝေးသို့ တက်ရောက်ရန် အတွက်
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း
အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် မွန်းလွဲ(၁)နာရီ
မိနစ်(၂ဝ)တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန် ပြည်နယ် စန်းယမြို့သို့
ရောက်ရှိသည်။
နိုင်ငံတော်သမ္မတအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Le Yucheng ၊ ဟိုင်နန်ပြည်နယ်
ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Wang Lu ၊ မြန်မာနိုင်ငံ ဆိုင်ရာ
တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ယန်ဟိုလန်၊ အာရှဒေသဆိုင်ရာ တရုတ်နိုင်ငံ၏
အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ယင်ဖန်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံ
အမတ်ကြီး ဦးတင်ဦး၊ သံရုံးဝန်ထမ်းများနှင့် ဟိုင်နန်ပြည်နယ်အစိုးရ အဖွဲ့မှ
တာဝန်ရှိသူများက စန်းယမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
ကြိုဆိုနှုတ်ဆက်ကြသည်။
5 comments:
welcome to china
.
H9N7 တွေတော့ယူမလာနဲ့နော်
.
A1D5တွေပဲပါလာမှာပါ
A1D5တွေပဲပါလာမှာပါ
အဘကဒို့တွေအတွက်တရုတ်မှာပိုက်ဆံသွားချေးတာပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်