From :
..သမ္မတရုံး
..
www.MyanmarExpress.net



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟိုင်နန်ကျွန်း ဘိုအောင်းမြို့၌
ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်း ဆွေးနွေးပွဲ
တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ နံနက် (၉) နာရီ
(၁၅) မိနစ်တွင် နေပြည်တော်မှ ဘိုအောင်းမြို့သို့ အပြည်ပြည်ဆိုင်ရာ
မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ချစ်ကြည်ရေး
ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာ
စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊
လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ
Mr. Lu Zhi နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင်
ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊
ဦးသန်းဋ္ဌေး၊ ဒေါက်တာကံဇော်နှင့် ဒေါက်တာမြင့်အောင်၊ ဒုတိယဝန်ကြီး
ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။
5 comments:
ခေါင်စဉ်မှားနေပါတယ်။ ရှက်စရာဖြစ်ကုန်တော့မှာဘဲ။
တနှစ်တခါနှစ်တိုင်းတရုတ်ပြည်သွားတာကြည့်ရင်တော့
လက်ရှိဗမာပြည်အစိုးရအတွက်တရုတ်ဟာအရေးပါတယ်ဆိုတယ်လို့
သုံးသပ်မိပါတယ်
.
H9N7 တွေတော့ယူမလာနဲ့နော်
.
A1D5တွေပဲပါလာမှာပါ
ဒါပေါ့ကွာဖောက်သည်ကြီးပဲသယံဇာတအရင်းအမြစ်တွေကိုသူခိုးဈေးနဲ့ဝယ်နေတာလေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်