Subscribe to our RSS Feed

တရုတ်သံအမတ်၏ မြန်မာ့သင်္ကြန်ဆုတောင်း ပထမဆုံးထုတ်လွှင့်

From : ..the voice

မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲ တော်တွင် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ပျော်ရွှင်အောင်မြင်ပါစေ ဆိုသော တရုတ်သံအမတ် မစ္စတာယန်ဟို့လန်၏ ပြောကြားချက်ကို နိုင်ငံတကာဆိုင်ရာ တရုတ်အသံလွှင့်ဌာန(China Radio International)က ပထမဆုံး ထုတ်လွှင့် လိုက်သည်။

ယခင်အစိုးရလက်ထက်က ထုတ်လွှင့်ဖူးခြင်း မရှိသော ယင်းအသံလွှင့်ချက်မှာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော မြန်မာနိုင်ငံ အရပ်သားအစိုးရ သက်တမ်း ၂နှစ်တာကာလအတွင်း ပထမဆုံး အသံထုတ်လွှင့်ချက် ဖြစ်သည်။

အစိုးရသက်တမ်း ၂ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် မူဝါဒကြောင့် တိုးတက်မှုများ မြင်တွေ့ရသည်ကို ဝမ်းမြောက်ပါကြောင်း မစ္စတာယန်ဟို့လန်က ထည့်သွင်းပြော ကြားသည်။
"မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိပါတယ်" ဟု ၄င်းကဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတသစ် ရှီကျင့်ဖျင်သည် ပြည်သူလူထု၏ အတွေး အမြင်တို့ကို အလေးထားသဖြင့် တရုတ် ဆန့်ကျင်ရေး အယူအဆများ တွေ့မြင်လာရသည့် မြန်မာနိုင်ငံနှင့် ယခင်အစိုးရချင်း ဆက်ဆံရေးမှ လူထုဆက်ဆံရေးသို့ ပြောင်းလဲ လိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

"တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားပါမယ်"ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တရုတ်နိုင်ငံအပေါ် ထားသည့် မြန်မာအစိုးရ၏ သဘောထားကို ထုတ်ပြန် ပြောကြားသည်။

မြန်မာနိုင်ငံရေးပါတီများမှ တစ်ဆင့် လူထုချင်း ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဆောင် လိုသည့် တရုတ်ကွန်မြူနစ်ပါတီ က မြန်မာနိုင်ငံရေးပါတီ ငါးခုကို တရုတ်နိုင်ငံ သို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ဒီမိုကရေစီအင်အားစု ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

တရုတ်နိုင်ငံ၏ တိုးတက်လာသော စက်မှုစီးပွားရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကို အခြားနိုင်ငံများမှ တင်သွင်းရန်နှင့် တရုတ်ကုန်ပစ္စည်းများကို အခြား နိုင်ငံများသို့ တင်ပို့ရန် အဓိက ပင်လယ် ထွက်ပေါက်ဖြစ်သော ပစိဖိတ်သမုဒ္ဒရာကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပါက တရုတ် စီးပွားရေး ရပ်တန့်သည် အထိ ဖြစ်သွားနိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် အခြားသော နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ် နိုင်ရေးမှာ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ထွက်ပေါက်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံ ဆောင်းပါးများ အထူးပြုရေးသားသော စာရေးဆရာ ကျော်ဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော ဟောပြောပွဲတွင် သုံးသပ်ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ ကလည်း မြန်မာနိုင်ငံ၏ အာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် မိတ်ဖက်ပါတီအဖြစ် ဖွဲ့စည်းထားသည့် အပြင် မြန်မာနိုင်ငံအရေး ကိစ္စများကို ဦးစား ပေးဆောင်ရွက်မည့် အာရှဒေသဆိုင်ရာ အထူးသံအမတ်တစ်ဦးကို မတ်လ ၁၁ ရက် နေ့က ခန့်အပ်ထားသည်။


.. www.MyanmarExpress.net
 

8 comments:

Oh!respectable diplomat from China,get out at once!U Chinese suck our blood only thinking your own profits.If Daw Su were president,u will also wash heespeciallyr htami.

Welcome China. Su kyi, NLD, 88 and Kalar go back to Bangla. Fuck u all

ဂုဏ်ယူ ၀မ်းမြောက်၇ပါကြောင်းးး

.

Welcome China.
We don't want Kalar.
Su Kyi is Kalar's wife.

We don't want China n Chinese who r always so wicked n cunning than Bingarli.They had no pity on us while we were under army based government.

ခွေးတရုတ်ကများအသံကောင်းလာဟစ်နေသေးတယ်မြန်မာပြည်ကိုဂုတ်သွေးလာစုပ်နေတဲ့ကောင်တွေ
မင်းတို့ကြောင့်မြန်မာပြည်မှာစိတ်ဝမ်းကွဲကုန်ကြပြီဒုက္ခရောက်တဲ့သူဘဝပျက်တဲ့သူဒုက္ခိတဖြစ်သွားတဲ့သံဃာတွေပဉ္စနန္ဒိယကံထိုက်ပြီးငရဲကျတော့မယ်အစိုးရနဲ့ရဲဝန်ထမ်းတွေအများကြီးမြန်မာပြည်မှာတောင်တွေလည်းပျောက်မြစ်တွေလည်းခမ်းသဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းပြီးဂေဟစံနစ်ပျက်၍မကြာခင်သဘာဝဘေးအန္တရာယ်တွေကျရောက်တော့မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်