From :
..eleven

ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းသည် မြန်မာနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ဧပြီ ၁ ရက်က နေပြည်တော်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
စင်ကာပူ နိုင်ငံတွင် မြန်မာလူမျိုး သိန်း နှင့်ချီ ရှိသော်လည်း စင်္ကာပူ သမ္မတ မြန်မာခရီးစဉ်တွင် မြန်မာမီဒီယာများကို အရေးတယူ ဖိတ်ကြားခဲ့ခြင်း လုံးဝ မရှိ ခဲ့ သဖြင့် မီဒီယာများ ဒေါသထွက်လျှက် ရှိကြောင်း သိရသည်။
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဧပြီ ၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် စင်ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် နည်းပညာသင်တန်းကျောင်း ဖွင့်လှစ်ရေး၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများ၊ စင်ကာပူလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံရေး၊ ပညာရေး၊ အိုးအိမ်ဆောက်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံမှုသို့ ပုဂ္ဂလိက သတင်းမီဒီယာများ တက်ရောက် သတင်းရယူနိုင်ခြင်း မရှိခဲ့ကြောင်းနှင့် အစိုးရ သတင်းမီဒီယာများသာ တက်ရောက် သတင်းရယူခဲ့ကြောင်း သိရသည်။
.. www.MyanmarExpress.net

4 comments:
အဆင့်မှမရှိတာ ဘယ်ဖိတ်မှာလည်း နည်းတောင်နည်းသေးတယ်။
Yes,correct they are making story so not invited .
ကိုယ့်နေရာ ကိုယ်သိကြစမ်းပါ။
မီဒီယာများအားလုံးမဟုတ်ပါဘူး..တစ်ပူးကြီးဘဲဒေါသထွက်တာနေမှာပါ။ အေးလေ..ဖိတ်လည်း ..ပြန်ရေးရင်..မကောင်းတာတွေချည်းဆိုတော့လည်း.. ကိုယ့်ကိုကောင်းကျိုးမပေးမဲ့..လူမိုက်တွေကို...သူသူကိုယ်ကိုယ်... ဘယ်ဖိတ်ချင်တော့မလည်း..နော့.....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်